Wednesday, January 19, 2011

သက်မွန်မြင့် မှော်ဆေးသောက်သဖြင့် နာရီ၊ လက်စွပ်တို့ ရရှိ

-မှော်အတတ်ပညာဖြင့် ဖော်စပ်ထားသည့် ဆေးလုံးကို သောက်သဖြင့် မင်းသမီး သက်မွန်မြင့် လက်ဝတ်လက်စားများ ရရှိသွားပုံကို ယနေ့ ဇန်န၀ါရီ ၁၉ ရက်နေ့ ထုတ် မြန်မာပို့ စ် ဂျာနယ်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ဆေးမသောက်မီပုံ နှင့် ဆေးသောက်ပြီးပုံကို ယှဉ်တွဲ ပြထားရာ နာရီ၊ လက်စွပ်တို့ ရရှိသဖြင့် ပြုံးပျော်နေသော သက်မွန်မြင့်ကို ချစ်စဖွယ် မြင်ကြရလေသည်။

စိတ်ဖိစီးနေချိန် နံနက်ခင်းတွင် ထိုဆေးသောက်လိုက်သဖြင့် “ပျော်ရွှင်ခြင်းတို့ ပြည့်ဝသည့် နေ့ ရက်” ဖြစ်ပေါ်လာသည်ဟု မင်းသမီး၏ ပြောကြားချက်ကိုလည်း ဂျာနယ်တွင် တွေ့ရသည်။ 


(Myanmar Post)

မှော်ဆရာတို့ အထူး ဖော်စပ်ထားသော ထိုဆေး၏ တန်ဘိုးကို မသိရသေးပေ။ 

(ဇာနည်ဝင်း ပေးပို့ သည်)

4 comments:

  1. ဟင်း---တကယ်မှတ်လို့ ဖတ်နေတာ
    ဟီးဟီး--

    ReplyDelete
  2. ဒီ ဆိုက်ကို နေ့စဉ် အားပေးပါတယ်
    နေ့တိုင် အသစ်တင် ပေးပါ

    ReplyDelete
  3. ဟားဟား
    ဟုတ်ပါတယ်ဗျာ
    ဆံပင်ညပ်တဲ့ ကလစ်တွေတောင် ရလိုက်သေးတယ်
    ဒီဆေး ၀ယ်သော က်သင့်တယ်

    ReplyDelete
  4. မြင်လဲ မြင်တတ်ပါပေ့ဗျာ... အားပေးနေပါတယ်

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။