Thursday, January 13, 2011

မိခင်ဗိုက်ထဲက ကလေး ရေကူးနိုင်ပြီဟုဆို

လွတ်လပ်ရေးနေ့  ရေကူးပြိုင်ပွဲတခုတွင် အမရပူရမြို့ မှ ကိုယ်ဝန်ဆောင် မိခင် တဦး ဗိုလ်စွဲသွားခြင်းမှာ ဗိုက်ထဲမှ ကလေးဖြစ်သူ၏ အကူအညီ သေချာပေါက် ပါဝင်သည်ဟု ဥရောပ အခြေစိုက် မြန်မာ့အရေး လေ့လာသူများက တထစ်ချ ယုံကြည်နေကြသည်။

(7Day News)

အသက် ၂၃ နှစ်အရွယ် ထိုအမျိုးသမီး၏ ကိုယ်ဝန်မှာ ၆ လခန့်  ရှိပြီဖြစ်ကြောင်း၊ ပြိုင်ဘက် အမျိုးသမီး ၉ ဦးကို အံ့မခန်း ကျော်ဖြတ်ပြီး အနိုင်ရသွားခြင်း ဖြစ်ကြောင်း ယနေ့ ထုတ် 7DAY ဂျာနယ်တွင် ဖော်ပြချက်များကို ဖတ်ရှုပြီး ယင်းသို့  ယုံကြည်နေကြခြင်း ဖြစ်သည်။

ထိုယုံကြည်ချက်တို့ ကို အများသိရှိနိုင်ရန် စုဆောင်း ဖော်ပြလိုက်သည်။

ဖင်လန်နိုင်ငံ အခြေစိုက် မြန်မာ့အရေးလေ့လာသူတဦး -
“ကိုယ်ဝန် ၆ လ ဆိုတာ နည်းတဲ့ ဗိုက်ကြီး မဟုတ်ဘူးဗျ။ ပြီးတော့ ဒီကိုယ်ဝန်က တတိယမြောက် ကိုယ်ဝန် တဲ့။ ဘယ်လောက် ကြီးမလဲ ခန့် မှန်း နိုင်ပါတယ်။ ဒီလို မပေါ့မပါး ဖြစ်နေတဲ့ အခင်းအကျင်းမှာ ဗိုက်ထဲက ဒီကလေး သူ့ အမေကို ကူညီပြီး ကူးပေးလို့  နိုင်တာပဲ ဖြစ်ရမယ်လို့  ကျနော်တော့ သုံးသပ်မိတယ်”

ပိုလန်နိုင်ငံ အခြေစိုက် မြန်မာ့အရေးလေ့လာသူတဦး -
“ဖင်လန်ကဆရာ ပြောသွားတာတွေဟာ အမှန်ပါပဲခင်ဗျ။ သူပြောတာတွေဟာ ဖြစ်နိုင်တာထက်ကို အများကြီး ပိုပါတယ်၊ ဟုတ်လား၊ ကလေးတွေဟာ မိခင်ဗိုက်ထဲမှာ အငြိမ်နေကြတယ် မထင်နဲ့ နော်၊ ဟုတ်လား၊ အဲဒီလို မနေတော့ တခါတလေ ဟုတ်လား၊ မိခင်တွေက ဟုတ်လား၊ ဗိုက်တို့  ဘာတို့ ပေါ့ နာတာပြုတာ ဟုတ်လား အဲဒါတွေ ဖြစ်တတ်တယ်ခင်ဗျ။ ပြောရမယ် ဆိုရင် ကလေးအကူအညီနဲ့  နိုင်သွားတယ်။ ဒါပါပဲ”

စွပ်စက်လန် ခေါ် ဆွစ်ဇာလန် အခြေစိုက် မြန်မာ့အရေးလေ့လာသူတဦး -
“ဒါကတော့ ရှင်းပါတယ်။ မိခင်ကလည်း ကူးတယ်။ ကလေးကလည်း ကူးတယ်။ ၂ယောက်ပေါင်း ကူးတော့ မြန်မြန် ရောက်တာပေါ့။ ဒီလို မမှန်မကန်တဲ့ နည်းနဲ့  အနိုင်ရအောင် လုပ်ခဲ့တာကို စုံစမ်းရေးကော်မရှင် ဖွဲ့ ပြီး စစ်ဆေးရမှာပါ။ ဒီလို ခြေလှမ်းတွေ ခုချိန်ထိ အစမပြုသေးတာဟာ မဟာ့မဟာ အားနည်းချက်ကြီးပဲ။ မိခင်တယောက်ထဲတင်မကဘူး၊ နောက် ၄ လ ကလေးမွေးလာတဲ့ အချိန်မှာ ဒီကလေးကိုလည်း မေးမြန်းရမှာ ဖြစ်ပါတယ်။ ကလေးကတော့ ကလေး ဆိုတဲ့အတိုင်း မှန်တာ ပြောမှာပဲဗျ။ လိမ်မှာ မဟုတ်ဘူး။ ဒါကြောင့် မေးဖို့  လိုအပ်ပါတယ်”

အဂ်လန်နိုင်ငံရောက် မြန်မာ့အရေး လေ့လာသူတဦး
 “ဒီဖြစ်ရပ် တခုလုံးကို ခြုံကြည့်မယ် ဆိုရင် မြန်မာတွေ အားကစားစိတ်ဓာတ် မရှိတာကို ပြတာလို့  ကျနော် ပထမဆုံး ပြောချင်ပါတယ်။ ဒုတိယအနေနဲ့  ပြောချင်တာကတော့ ကျနော်တို့ နိုင်ငံ မတိုးတက်ဘူး ဆိုတာလဲ ဒီလို စိတ်ဓာတ်တွေကြောင့် ဆိုတာပါပဲ။ နောက်တခါ ပြိုင်ပွဲလုပ်ဖြစ်ရင် ကိုယ်ဝန်ဆောင်မိခင် မပါရဘူး ဆိုပြီး စည်းကမ်းချက် ထုတ်သင့်ပါတယ်။ သူ့ တယောက်ကြောင့် ကျန်တဲ့ အမျိုးသမီး ၉ ဦး နစ်နာသွားတာ ဘယ်လောက် ၀မ်းနည်းဖို့  ကောင်းသလဲ။ ဒါဟာ အားလုံးအတွက် သင်ခန်းစာကြီးပေါ့ဗျာ”

(ဇာနည်ဝင်း ပေးပို့ သည်)

4 comments:

  1. U should not make joke of those so called experts on Burma. Their opinions are highly regarded on international media such as Irrawaddy, BBC Burmese, RFA Burmese, VOA, DVB even though they may not know much about anything.
    If you wanna meet those experts, just go to any western European countries where they are working as researchers or experts on Government funded NGOs.

    ReplyDelete
  2. ဟိုက်---ရှာလဘတ်ရေ
    ကောင်းလိုက်တာ---

    ReplyDelete
  3. စိတ်ညစ်ဖို့ 

    ReplyDelete
  4. Ha ha ha ha!
    Ha ha ha ha!
    Wah ha ha ha ha!

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။