Saturday, January 8, 2011

မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး မဖြစ်မနေ စစ်မှုထမ်းကြရတော့မည်

မြန်မာနိုင်ငံသား အားလုံး အတွက် စစ်မှုမထမ်း မနေရ ဥပဒေ မူကြမ်းတစ်ရပ်ကို ရေးဆွဲလိုက်ပြီ ဖြစ်ကြောင်း ဂျပန်နိုင်ငံ NHK သတင်းဌာနက ကြေညာလိုက်သည်။

ညှပ်ဖိနပ်ကို မိမိပိုက်ဆံဖြင့် ၀ယ်စီးရသော မြန်မာစစ်သားတစ်ဦး
(ထမင်းငတ်ပြီး အရိုးပေါ် အရေတင်နေသဖြင့် အင်္ကျီဘောင်းဘီများ ပွနေသည်)

အဆိုပါ ဥပဒေတွင် မြန်မာနိုင်ငံသား အသက် ၁၈ နှစ် နှင့် ၄၅ နှင့် ကြားရှိ အမျိုးသားများအားလုံး နှင့် အသက် ၁၈ နှစ် နှင့် ၃၅ နှစ်ကြားရှိ အမျိုးသမီးများ အားလုံး တစ်သက်တာ စစ်မှုထမ်းကြရမည်ဟု ဖော်ပြပါရှိပြီး လိင်စိတ်သဘာဝ ပြောင်းလဲသူများအတွက် ဖော်ပြထားခြင်း မရှိပေ။
စစ်မှုထမ်းသူများ အားလုံး မိမိ ထမင်းကို မိမိတို့ ရှာဖွေ စားသောက်ကြရမည် ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

ထို့ပြင် ဥပဒေအရ အသစ် စစ်မှုထမ်းသူ အားလုံးသည် ရိုးရိုးစစ်သည် ရာထူးကိုသာ ရရှိကြမည်ဖြစ်ပြီး၊ အမျိုးသား စစ်သားသစ် များသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား တိုက်ခိုက်သည့် အခါ အသေခံ တိုက်ပွဲဝင်သူများအဖြစ် ရှေ့ဆုံးမှ ချီတက်ရခြင်း၊ တိုက်ပွဲ မရှိသည့် အချိန်များ၌ ဗိုလ်ချုပ်၊ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ် စသူတို့၏ သွားလာရေး စီးစရာ သတ္တ၀ါ အဖြစ် ကုန်းပိုးပေးရသည့် အလုပ်ကို ထမ်းဆောင်ရခြင်း၊ အဆိုပါ ပုဂ္ဂိုလ်များ၏ ဖိနပ်ကို တိုက်ပေးရခြင်း၊ အမျိုးသမီး စစ်သည်သစ်များသည် ဗိုလ်ချုပ်ကတော်၊ ဗိုလ်မှူးကတော်၊ ဗိုလ်ကြီးကတော်၊ ဗိုလ်ကတော် စသူတို့၏ အတွင်းခံဘောင်းဘီများကို လျှော်ပေးရခြင်း စသည့် တာဝန်များကို တစ်သက်တာ ထမ်းဆောင်ရမည်ဟု ဥပဒေ တွင် ဖော်ပြထားသည်။

အကယ်၍ စစ်မှုထမ်းခြင်း မပြုပဲ ရှောင်တိမ်းပါက ထောင်ဒဏ် တစ်သက် တစ်ကျွန်း ကျခံကြရမည် ဖြစ်ကြောင်းကိုလည်း ဥပဒေတွင် ပြဌာန်းထားသည်။

အဆိုပါ စစ်မှု မထမ်းမနေရ ဥပဒေကို မကြာမီ ကျင်းပတော့မည့် လွှတ်တော်တွင် အတည်ပြု ပြဌာန်းသွားမည် ဖြစ်ကြောင်း NHK သတင်းဌာနမှ ၂၀၁၁ ခု၊ ဇန်န၀ါရီလ ၇ ရက်၊ ဂျပန်စံတော်ချိန် ည ၇ နာရီ ၂၈ မိနစ် ၀၀ စက္ကန့် အချိန်တွင် တင်ပြသွားခဲ့သည်။


NHK သတင်းတွင် ဖတ်ရှုရန်

10 comments:

  1. တစ်သက်တာမဟုတ်ဘူးထင်တယ်နော်။သုံးနှစ်ပါ။သတင်းကအရမ်းရုတ်တရက်ဆန်ရတဲ့အထဲ အကုန်လန့်ဖြန့်ကုန်မှာစိုးလို့ပါ။

    ReplyDelete
  2. ပေါသွပ်January 9, 2011 at 12:24 PM

    ဒုက္ခ.. ဟာသ ကိုမခံစားတတ်တဲ့ ဒီလိုလူတွေတကယ်ရှိနေပါလား.

    ReplyDelete
  3. ဟားဟားဟားဟား....မြန်မာတွေမှာအသားလွတ်ရမ်းကြောက်နေတဲ့သူတွေတကယ်ရှိတာ ...အပေါ်က Anonymous comment ကပြနေပါတယ်....

    ReplyDelete
  4. အဲ... အိုးမဲသုတ်ပြီးခွပ်ခိုင်းဖို့ ကြံစည်နေပြီထင်တယ်...

    ReplyDelete
  5. we all can go in and screw the army from the inside !
    imagine 5000 citizens(as soliders) officially holding guns and starting a riot!
    it's too good to be true ! xD
    i'll be the gunsmith xD

    ReplyDelete
  6. သတင်းကို သတင်းလိုပဲရေးစေချင်တယ်။ရှူးသလိုလို ကြောင်သလိုလိုနဲ့ပေါက်တတ်ကရ အဆင့်တန်းမရှိရေးတာတွေ ရပ်သင့်တယ်။

    မူရင်း Resource အတိုင်းပဲရေးပါ။
    Myanmar's military government will introduce a draft for men and women aged 18 and older.

    NHK has obtained official documents issued by Myanmar's military government. The documents show that legislation for mandatory military service was enacted on December 17th.

    Men aged between 18 and 45, and women aged between 18 and 35 will be drafted into the army for two to three years.

    The government requires all people of eligible age, except the physically challenged, to register with local authorities.

    Those who fail to register or try to evade the draft face imprisonment of up to five years.

    Following last November's general election, the country's first in 20 years, a new parliament is expected to convene as early as the end of January, and establish, in appearance, a civil government.

    Analysts say the move indicates the military government's effort to maintain its influence by familiarizing people with the military.

    The last-minute decision to introduce the draft system before the new government's inauguration is likely to stir protests from the public.

    Fri, 07 Jan 2011 19:28:00 +0900(JST)
    (JST: UTC+9hrs.)


    http://www.nhk.or.jp/daily/english/07_27.html

    ReplyDelete
  7. ရေးရေး
    အချင်းချင်းပစ်ကြစို့ ;D

    ReplyDelete
  8. ကျော်စွာJanuary 10, 2011 at 1:02 AM

    ဘာလဲ သေနတ်မကိုင်ခိုင်းပဲ ဝါးရင်းတုတ်ပဲ ပေးကိုင်မယ်ထင်တယ် ဟီဟီ

    ReplyDelete
  9. ဒီဆိုက်ဟာ သတင်းဆိုက်မဟုတ်ကြောင်း အသိပေးလိုပါတယ်ဗျာ။ :P
    အတ်ဒမင်တို့၊ သတင်းဆိုက် အဖြစ်မပြောင်းပြစ်လိုက်ကြပါနဲ့နော်။

    ReplyDelete
  10. (စစ်မှုမထမ်းမနေရ)
    "ပွဲစား"တစ်ဖွဲ့ထပ်တိုးလာမယ်ထင်တယ်။ စဉ်းစားကြည့်...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။