Tuesday, January 4, 2011

၆၃ နှစ်မြောက်လွတ်လပ်ရေးနေ့(၂၀၁၁ ဇန်န၀ါရီ ၄ ရက်)

(လွတ်လပ်ရေးနေ့ အထူးအစီအစဉ်)



 ပထမဆုံး မြန်မာ့ လွတ်လပ်ရေးနေ့ အခမ်းအနား ရုပ်ရှင်မှတ်တမ်း (Source: ယူကျု)



ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်သော်ငြားလည်း .... ဖာသည်တိုင်းပြည် ဖြစ်နေမှာပဲ
(အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၊ ၁၃-၇-၁၉၄၇)



ပြည်ထောင်စု သမတ မြန်မာ နိုင်ငံတော်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု မြန်မာ နိုင်ငံတော်၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် .. စသည်ဖြင့် အမည်အမျိုးမျိုး ပြောင်းလဲ ခေါ်တွင်လာတဲ့ မြန်မာပြည် ဟာ နယ်ချဲ့ ဗြိတိသျှ လက်အောက်က နေ ၁၉၄၈ ခု၊ ဇန်န၀ါရီလ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀ (4:20 AM) မှာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။

လွတ်လပ်ရေး ယူတဲ့အခါ ဗေဒင်ကိန်းခန်းအရ တွက်ချက် ရယူခဲ့တယ်လို့ သိရပြီး ဗြဟ္မဏ ပုဏ္ဏားက 4:20 (ဖိုးတွမ်တီး) လို့ အချိန် မှားယွင်းစွာ လွတ်လပ်ရေး အခါတော် ပေးခဲ့တဲ့ အတွက် မြန်မာနိုင်ငံမှာ အကြီးဆုံး နိုင်ငံခေါင်းဆောင်က စပြီး အောက်ခြေ အစိုးရ အရာရှိတွေအထိ အကုန်လုံး နိုင်ငံ့ ဘဏ္ဍာကို ခိုးယူကြတဲ့ ဖိုးတွမ်တီး သူခိုးကြီး (ပုဒ်မ ၄၂၀၊ သူခိုးပုဒ်မ) တွေ ဖြစ်ကုန်တယ်လို့ လူအများက ပြောစမှတ် ပြုကြပါတယ်။ (ဥပမာ- ဒီမှာကြည့်ပါ)

ဒါကြောင့်မို့လို့လဲ လွတ်လပ်ရေး ရပြီးခါစက ကမ္ဘာပေါ်မှာ ဆန်စပါး အများဆုံး တင်ပို့တဲ့ နိုင်ငံ ဖြစ်ခဲ့သလို၊ အရှေ့တောင်အာရှမှာလဲ အချမ်းသာဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး လီကွမ်ယူးတို့ရဲ့ မော်ဖူးခြင်းကိုခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ယခုအခါမှာတော့ ဘင်္ဂလားဒေ့ရှ် နဲ့ ဆိုမာလီယာ နိုင်ငံထက်တေင် ဆင်းရဲ မွဲတေတဲ့ နိုင်ငံ ဖြစ်လို့ နေပါပြီ။

အပေါ်က နှိုင်းယှဉ်ချက် နဲ့ ဒီ ယူကျု ဗီဒီယိုကလစ်ကို ကြည့်ရင်
အာရှအဆင်းရဲ ဆုံး ငါးနိုင်ငံထဲမှာ မြန်မာပြည် ပါဝင်တာကို တွေ့ရမှာဖြစ်ပြီး 
ဘင်္ဂလားဒေ့ရှ်ထက်တောင် ပိုမို ဆင်းရဲပြီး တစ်ဦးချင်း ၀င်ငွေ (GDP per Capita/ PPP)လျော့နည်းတာကို တွေ့ရမှာပါ၊ (တိုင်းပြည်က အဲသလောက်ထိ ရှက်စရာ ကောင်းနေပါပြီ)


ဒီလို အခြေအနေမျိုး မရောက်ပါစေနဲ့ လိုပဲ မျှော်လင့်ကြရမယ့် အနေအထားပါ .....

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက သူ့ရဲ့ မကွယ်လွန်မီ နောက်ဆုံး မိန့်ခွန်းထဲမှာ .. သူများ နိုင်ငံတွေက၊ တခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်းတလှမ်းလှမ်းရင်.. ကျုပ်တို့က ခြေလှမ်း ဆယ်လှမ်း လှမ်းနိုင်မှ နောက် ဆယ်နှစ် အနှစ် ၂၀ တန်သည်အားဖြင့် တန်းတူ ညီတူ ဖြစ်သွားမယ်...
တန်းတူ ညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ကြီးက လွတ်လပ်တယ် ဆိုပေမဲ့ ဟိုလူ့ မြင်လဲ မြင်ရတဲ့ အခါ မျက်နှာချိုသွေးရ .. ဒီလူ့လဲပဲ မြင်ရတဲ့အခါ မျက်နှာချိုသွေးရ၊ ဖာသည် လို တိုင်းပြည် ဖြစ်နေမှာပဲ... လို့ နောက်ဆုံး မှာကြားသွားခဲ့ပါတယ်။
အခုတော့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုးဆီမှာတောင်ကျွန်ခံရမယ့် အခြေအနေ ဟိုဒင်းခံရမယ့် အနေအထားမျိုး ရောက်နေပါပြီ ..........

လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်း တိုင်းပြည်ဘာဖြစ်ဖြစ်၊ နိုင်ငံနဲ့ လူမျိုး ဘယ်လောက် အောက်ကျကျ၊ ဘာတစ်ခုမှ ဂရု မစိုက်ဘဲ ကိုယ်ကောင်းစားရေးကိုသာ ကြည့်ရှုသူ လူတစ်စုကြောင့် မြန်မာပြည်ဟာ ဘယ်လို နိုင်ငံအဆင့်အတန်းမျိုး ဖြစ်နေပြီလဲ ဆိုတာ ကိုတော့ အောက်ပါ ဗီဒီယို ကလစ်မှာ ကြည့်ရှု နိုင်ကြပါတယ်။


(Source: Al Jerzeera)

ဒီတော့ ကျွန်တော်တို့ရဲ့ မြန်မာပြည်ကြီးကတော့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလို ...
လွတ်လပ်ပင် လွတ်လပ်သော်ငြားလည်း..........



(Source: ယူကျု)

1 comment:

  1. http://lee.org/blog/wp-content/uploads/2009/04/zimbabwe-100-trillion-dollar-bill-obverse.jpg

    we r aiming for this.. :D..


    sheep..

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။