Thursday, January 20, 2011

ယာဉ်တိုက်မှုကင်းမဲ့ဇုန်၌ ယာဉ်တိုက်မှု ဖြစ်ပွားခြင်း လုံးဝ မရှိ

ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် မီးပွိုင့် (ကုန်သည်ကြီးများ ဟိုတယ်အနီး) ယာဉ်တိုက်မှုကင်းမဲ့ဇုန်အတွင်း ဇန်နဝါရီလ ၁၆ ရက်နေ့ ညသန်းခေါင်ကျော်အချိန်က အရှိန်ပြင်းစွာ မောင်းနှင်လာသည့် PRADO မော်တော်ကားတစီးက အငှားယာဉ် တစီးအား နောက်မှ ဝင်တိုက်မှုတခု
လုံးဝ မဖြစ်ပွားခဲ့ပေ။ ယာဉ်တိုက်မှု ကင်းမဲ့ ဇုန်အတွင်း ယာဉ်တိုက်မှု ကင်းရှင်းစွာဖြင့် မည်သည့် ယာဉ်တိုက်မှုမျှ မဖြစ်ပွားခဲ့သဖြင့် အတိုက်မခံရသည့် တက္ကစီ အငှားယာဉ်သည် ဘာမှ မဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

(Photo: the Voice)

Ref: The Voice News-

4 comments:

  1. ဒီသတင်းကိုလည်း ဖတ်မသွားမိပါဘူးဗျာ။

    ReplyDelete
  2. ဘာမှမဖြစ်တာကလည်း ဘာမှမဖြစ်သလိုပါဘဲလား...

    ReplyDelete
  3. ဪ... ဘာမှမဖြစ်လို့ ကားလည်း ဘာမှကိုမကျန်တော့တာကိုး ကားမောင်းတဲ့ လူလည်း ဘာဖြစ်သွားမှန်းတောင် သိလိုက်မယ်မထင်ဘူး (ဘာမှမှမဖြစ်တာ ဟီဟီ)

    ReplyDelete
  4. မိုက်တယ်ဗျာ ဒီသတင်းကတော့။ ခုလိုဆန်းဆန်းပြားပြား သတင်းအရေးအသားမျိုးကို ဆက်လက်မျှော်လင့်နေပါကြောင်း

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။