Monday, January 24, 2011

အကယ်ဒမီ ဆုပေးပွဲသို့ ဂေါ်ဇီလာများ တက်ရောက်

ဇန်န၀ါရီလ ၂၃ ရက်နေ့က နေပြည်တော် ပွဲဈေးတန်းတွင် ကျင်းပသော စူပါ ကော်ဖီမစ် ရောင်းချပွဲနှင့်အတူ အရန်ပွဲစဉ်တခု အဖြစ် ထည့်သွင်း ကျင်းပသည့် အကယ်ဒမီ ဆုပေးပွဲသို့ ဂေါ်ဇီလာ ဇနီးမောင်နှံများ တက်ရောက်ကြသည်ကို မြန်မာ့ ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့် ပြသသွားသည်။

မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့် ရာတွင် ဂေါ်ဇီလာ ဇနီးမောင်နှံများ ရောက်ရှိလာပုံ၊ ဂေါ်ဇီလာများ လမ်းလျှောက်နေပုံနှင့် ဂေါ်ဇီလာများကို ပြည်သူလူထုက အံ့သြစွာ ၀ိုင်းကြည့်နေပုံ များကို ပြသသွားပြီး၊ မြန်မာပြည်တလွှားနှင့် ကမ္ဘာအရပ်ရပ်မှ ရုပ်မြင်သံကြားကြည့် မြန်မာ ပရိသတ်များ ရှင်းလင်းစွာ သိရှိစေရန် အတွက် ဂေါ်ဇီလာများ၏ လှုပ်ရှားနေပုံများကို ထုတ်လွှင့်သည့် အခါ ဂေါ်ဇီလာ ဟု ထင်ထင်ရှားရှား စာတန်း ထိုးသွားခဲ့သည်ကို တွေ့မြင်ရပါသည်။


Burmese Classic မှရယူသည်

3 comments:

  1. နောက်ခံသီချင်း ကိုကိုချစ် သီချင်းကို ဘယ်ကောင်မလေး ဆိုတာလဲဗျ....
    ကော်နီဆိုသလောက် အားလဲ မပါဘူး..။
    ပျင်းတိပျင်းရွဲကြီး...။

    ReplyDelete
  2. အကယ်ဒမီ ပေးပွဲကြည့်ရတာ ..
    ရွာငယ်ဇနပုဒ်က ညဈေးတန်းလိုလို...
    ပွဲဈေးတန်းလိုလို.......
    သီချင်းဆိုတာတွေကလဲ ရွာက စတိတ်ရှိုးလိုလို....
    ကြည့်ရတာ စိတ်လေတယ်။

    ReplyDelete
  3. ဂေါ်ဇီလာအပြင် ဂြိုဟ်သားတွေပါ တက်တာ တွေ့ရတယ်

    http://www.facebook.com/permalink.php?story_fbid=1735231894910&id=1061942394#!/photo.php?fbid=1724053773775&set=a.1723220432942.2095957.1011290405 အဲ့မှာတွေ့ရပါလိမ့်မယ်။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။