Saturday, January 15, 2011

ထူးဆန်းသော ပို့စ်မော်ဒန် အကသင်တန်းကြီး

ဗီဒီယိုကို Human Rights Myanmar က ရပါတယ်။

ရန်ကုန်မြို့တွင် ထူးဆန်းသော ကပွဲ သဘင်ကြီး ပါဝင်သည့် ပို့စ်မော်ဒန် အကသင်တန်းကြီး တခုကို တမူထူးခြားစွာ ဖွင်လှစ်သင်ကြား၊ ဆင်ယင် ကျင်းပခဲ့သည်။ သင်တန်းပို့ချသူ၏ ညွှန်ကြားချက် အတိုင်း စင်အောက်က အဖိုးကြီး အဖွားကြီးများပါ ထူးဆန်းစွာ ကခုန်ကြသည်။ မြန်မာ့သမိုင်းတွင် ရာစုနှစ်များစွာ အတွင်း အထူးဆန်းဆုံး ပို့စ်မော်ဒန် ကပွဲကြီးဟု ပြောစမှတ်ပြုကြ၏။

"စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်၊ နိုင်ငံနဲ့ လူမျိုးအပေါ် သစ္စာ စောင့်သိ ရိုသေတဲ့ စိတ်ဓာတ်၊ တိုင်းတပါးကို အထင်ကြီးသော မှီခိုအားထားလိုသော စိတ်ဓာတ်များ ကင်းဝေးပြီး မိမိကိုယ်ကိုယ် မိမိ ယုံကြည်မှု၊ မိမိတို့၏ ပြည်တွင်းအားကို ယုံကြည်မှု၊ ... နိုင်ငံနဲ့ လူမျိုး အကျိုးစီးပွားကို ဖော်ဆောင်လိုမှု စတဲ့ စိတ်ဓာတ်အင်အားတွေကို နိုင်ငံသားတိုင်းက ပိုင်ဆိုင်ထားဖို့"  အတွက်လည်းကောင်း
"ဘာသာတရားကို ရိုသေ ကိုင်းရှိုင်းပြီး စိတ်ဓာတ်နူးညံ့သိမ်မွေ့တဲ့ မိမိလူမျိုးရဲ့ မွန်မြတ်တဲ့ ဓလေ့ စရိုက်ကို ဂုဏ်ယူနိုင်ကြဖို့" အတွက်လည်းကောင်း အကသင်တန်းကြီးကို ဖွင့်လှစ်ရကြောင်း စစ်အစိုးရ တပ်မမှူးများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ တက်ရောက်သည့် အဆိုပါ ထူးဆန်းသော ပို့စ်မော်ဒန် အကသင်တန်းကြီး နှင့် ပို့စ်မော်ဒန် "မရက်ပ်တရက်ပ် မဟစ်ဟော့တဟော့ ကပွဲကြီး" ဖွင့်ပွဲ မိန့်ခွန်းတွင် တွေ့ရသည်။

စစ်အစိုးရသည် ယခင်က မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ဆိုကရေးတီး အကပြိုင်ပွဲများဖြင့် အခြောက်များကို မင်းသားအက ကစေခြင်းများ ပြုလုပ်ခဲ့သော်လည်း၊ ယခုအခါတွင် ပြည်သူများအား ဘာသာတရား ကိုင်းရှိုင်းစေရန်အတွက် ယခုကဲ့သို့ ပို့စ်မော်ဒန် အကများကို ကခုန်စေကြောင်း တွေ့ရသည်။


ဒီ BS News သတင်းကို မောက္ခပညာရေးမဂ္ဂဇင်းကလည်း ကိုးကား ဖော်ပြထားတာ တွေ့ရပါတယ်။

17 comments:

  1. အဲဒါဘုန်းကြီးလား ..... တလွဲတွေတော့ ဖြစ်နေပြီထင်တယ်။ ဘုန်းကြီးနဲ့ ဘီး(ခေါင်းဖီးတဲ့ဘီး) လိုဖြစ်နေပြီ။ သီချင်းနဲ့ ဘုန်းကြီးဘာပါတ်သက်လဲ မသိဘူးနော်။

    ReplyDelete
  2. တင်မိုးလွင်တို့တော့ ထမင်းငတ်ကုန်တော့မှာပဲ ဟီဟီ

    ReplyDelete
  3. Yo Mr.Owl,

    Don`t you know yet??
    That`s called "Day Club"

    ReplyDelete
  4. အဲဒီဘုန်းကြီးရဲ့ဝက်ဘ်ဆိုက်
    http://numberonesociology.com/index.htm

    ReplyDelete
  5. ဂျာနယ်လစ်January 15, 2011 at 9:03 AM

    ဘာတွေ ဖြစ်ကုန်တာလဲ ကိုဇီးရေ.... လုပ်ကြပါအုံးးး
    ထူးထူးဆန်းဆန်း လုပ်မှ ကိုးကွယ်မဲ့သူ ပေါမှာတဲ့လားနော် ..
    လိုက်လုပ်တဲ့ အောက်က လူဂျီးတွေကိုလဲ အံသြတယ် ...
    ကောင်းပါတယ် .. ဘုန်းကြီးရူးနဲ့ လှေလူးဆိုတာ ဒါကို ပြောတာထင်တယ် ..
    ကိုးပါသီလ ကိုပြန်သင်ပေးရမလို ဖြစ်နေပါလားးးးးး

    ReplyDelete
  6. မဲနဲ့ နီပါါးအတူထား နီပါးမဲစော်နံတဲ့။ ယခုလဲ အရူးတွေအုပ်ချုပ်တဲ့နိုင်ငံမှာ ဘုန်းကြီးယောင်ဆောင်ထားတဲ့ အရူးစင်ပေါ်တက်ကနေတာ မဆန်းပါဘူးဗျာ...ဟင်း...ဟင်း...ဟင်း.....အောက်ကလူတွေကလဲ အရူးတွေချည်းပါပဲ.....ဟဲ...ဟဲ...ဟွတ်...

    ReplyDelete
  7. ဟ ... ဘာတွေဖြစ်ကုန်ကြတာလဲ ...
    ကြည့်လည်းလုပ်ကြပါအုံး...

    ReplyDelete
  8. အား ပါး ပါး ပါး ပါးးးး...ရိုက်ချက်ကလန်ထွက်လယ် ဝေး ၀လို့တောင်လိုက်မမီတော့ဘူး။ ဘီလိုတွေဖစ်ကုန်လာလဲ။

    sociology ဆိုတာကို ဘယ်လိုများနားလည်ထားလို့ ဒီလိုတွေလုပ်ရတာလဲ စိတ်ဓါတ်မြှင့်တင်ရေး ဘ၀မြှင့်တင်ရေးသင်တန်းလို့
    နာမည်တပ်ရင် လုံလောက်ပါပြီ စတန့်အထွင်မလွန် စေချင်ပါ။

    ဘုန်းဘုန်းဘုရား sociology ရဲ့အဓိပ္ပါယ်ကို Wikipedia မှာ ဒကာ ဒကာမများကို အစဉ်သနားခြင်းကို အကြောင်းပြု၍ ရှာဖွေဖတ်ရှုတော်မှုပါ။

    ReplyDelete
  9. ဆရာဇီးကွက် တို့လဲ ဒါမျိုးကို အတုယူသင့်ပါတယ်။
    ခုခေတ် မှာလှေကြီးထိုး ရိုးရိုးကြီး လုပ်နေလို့မရတော့ဘူးလေ။
    ဆန်းနိုင်မှ တော်ကာကျမယ်။

    ReplyDelete
  10. အကပီးရင်ဂီတအခြေခံပိုင်အောင်နောက်စိုဘာဂျာမှုတ်နီးပလွေမှုတ်နီးတွေပါလာမယ်ထင်တယ်

    ReplyDelete
  11. r we ready for democracy?

    ReplyDelete
  12. လေပြေအေးJanuary 15, 2011 at 9:25 PM

    မလွယ်ဘူး ရူးနိုင်တယ်၊

    ReplyDelete
  13. မလွယ်ဘူး....ရူးနိုင်တယ်.......

    ReplyDelete
  14. အဲလိုလိုက်မကရင် မကတဲ့သူကအရှုး တဲ့ မိုးခါးရေ သောက်ကုန်ကြလေပြီ ကရအောင်လား

    ReplyDelete
  15. this dance is nothing, next dance will be strip( without clothes ) dance, hello phone gyi are you agree , we are ready to see .....

    ReplyDelete
  16. "မရက်တရက်ပ် မဟစ်ဟော့တဟော့ ကပွဲကြီး" ..ခေါင်းစဉ်ပေးကောင်းပါပေ့..
    မြင်ရတာ စိတ်ပျက်စရာကြီး..
    ကနေသူများရော ကိုယ်ပိုင်စဉ်းစားဥာဏ်မရှိတော့ဘူးလား..
    ကချင်ရင် နိုက်ကလပ်သွား..
    ထေရ၀ါဒကို တရားဝင် စော်ကားဖျက်စီးခြင်း..
    ပေါ့ပေါ့မတွေးသင့်ပါ..
    ရင်ထဲမှာ ကလိကလိဖြစ်ပြီးဒေါသထွက်ရပါသည်...

    ReplyDelete
  17. အဆိပ်တွေ ထုတ်ဖို့ ကကြကကြ .. ဟားဟားဟား ..
    ဘာတဲ့ .. ၁၅ မိနစ်အတွင်း စိတ်ပင်ပန်းမှု လျှော့ချနည်းတဲ့ .. အားအမြန် ပြန်သွင်းနည်းတဲ့ .. ဟားဟား .. ဘက်ထရီ အားသွင်းတာလား အောင့်မေ့မိတယ် .. နောက်ဆို တရုတ်သိုင်းကားထဲကလို အတွင်းအားသွင်းတာတွေပါ သင်ပေးမယ်ထင်တယ်။ စကားမစပ် .. အဲ့ဒီ ၀ဘ်ဆိုဒ် http://numberonesociology.com/index.htm ဆိုတာ ဖွင့်မရတော့ဘူးကော .. bandwidth limit over ဆိုတဲ့ error တက်နေတယ် .. အဲ့ဆိုဒ်ကို မဟက်ကြပါနဲ့ သူများတွေ သိချင်သူတွေ ကြည့်ရအောင် ထားပေးပါ။ ဒါမှ ကောင်းလား မကောင်းလား သိရမှာပေါ့ ..

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။