Thursday, January 13, 2011

မြန်မာ့ အရန်တပ်မတော်တွင် တစ္ဆေ သရဲများ စစ်မှုထမ်းကြမည်

မကြာမီက ထွက်ပေါ်လာသော ပြည်သူ့ စစ်မှုထမ်း ဥပဒေနှင့် အတူ ဆက်စပ် ပါရှိသည့် အရန်တပ်ဖွဲ့ ဥပဒေ တွင် တစ္ဆေ၊ သရဲ၊ ၀ိဥာဉ်များနှင့် သွေးစုပ် ဖုတ်ကောင်များ စစ်မှုထမ်းကြရမည် ဟု တွေ့ရသည်။

(Photo: adapted from amayeainn.blogspot)

အဆိုပါ ဥပဒေ ပုဒ်မ ၂ အရ တပ်မတော် ထိပ်ပိုင်းရာထူးကြီးသူများ အပါအ၀င် စစ်မှုထမ်းဖူးသူများ သည် တပ်မတော်မှ အငြိမ်းစားယူ ပြီးနောက် အရန်တပ်မတော်တွင် နောက်ထပ် ၅ နှစ် ဆက်လက် စစ်မှုထမ်းနိုင်သည်ဟု ဆိုသည်။

ပုဒ်မ ၄ တွင် အငြိမ်းစားယူစဉ်က တည်ရှိသည့် မူလရာထူး အဆင့်အတန်းအတိုင်း တည်ရှိမည်ဖြစ်ပြီး ရာထူးတံဆိပ်များကို မူလအတိုင်း ဆင်းမြန်းနိုင်သည်ဟု ပါရှိသည်။ တဖန် ပုဒ်မ ၃ တွင် အဆိုပါ ပင်စင်စား စစ်အရာရှိကြီးများသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ တာဝန်ပေးမှုအရ သေသည်အထိ ထပ်မံ စစ်မှုထမ်းနိုင်သည်ဟု ရေးသားချက်ကို တွေ့ရသည်။

ပုဒ်မ ၃ (i) အရမူ အဆိုပါ စစ်အရာရှိကြီးများ သည် ဘ၀တပါးသို့ ကူးပြောင်းပြီးနောက် တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ အသူရကယ်၊ ငရဲသား၊ ကြပ်၊ ဖုတ်ကောင်၊ ၀ိဥာဉ် စသည့် မည်သို့သော နာနာဘာဝများ ဖြစ်စေကာမူ အပါယ်လေးဘုံမှ မကျွတ်သမျှ ကာလပတ်လုံး နှစ်အကန့်အသတ်မရှိ ဆက်လက် စစ်မှု ထမ်းဆောင် နိုင်ကြသည် ဟု ဖော်ပြထားကြောင်း အရန်တပ်ဖွဲ့ ဥပဒေတွင် လေ့လာ တွေ့ရှိရသည်။

သတင်း အပြည့်အစုံ

4 comments:

  1. Is it pic of Tin Oo?

    ReplyDelete
  2. Use your brain once for a while and check the craps on the ghost's shoulder. You will get your answer.

    ReplyDelete
  3. သရဲရုပ်ကမှ အဲ့ဝတ်စုံနဲ့ ကြည့်လို့ကောင်းသေးတယ်.. :P

    ReplyDelete
  4. who care what is on their shoulder.

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။