Monday, January 10, 2011

၂၀၁၀ တွင် ဈေးကြီးများ အလှည့်ကျ မီးလောင်မှု ဖြစ်ခဲ့၊ ၂၀၁၁ ခုနှစ်အတွက် ကျန်ရှိသည့် ဈေးများ စောင့်ဆိုင်းနေ

၂၀၁၀ ပြည့်နှစ်အတွင်း ရောင်းဝယ်ဖောက်ကားမှုကောင်းသော ဈေးကြီး များ မီးရှို့ခံရမှုဟု ယူဆရသော မီးလောင်မှုများ လွန်ခဲ့သည့်နှစ်များထက် ပိုမိုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးများမှာလည်း မြောက်မြားစွာ ပိုမိုခဲ့သည်။ ပြည်နယ်နှင့် တိုင်းများအလိုက် နှိုင်းယှဉ်ပါက တိုင်းဒေသ အလိုက် မီးလောင်မှုအကြိမ် အရေအတွက်နှင့် ဆုံးရှုံးမှုတန်ဖိုး ထူးခြားစွာ မြင့်မားခဲ့သည်ကို တွေ့ရသည်။

၂၀၁၀ ပြည့်နှစ်အတွင်း ရောင်းဝယ် ဖောက်ကားမှုနှင့် လူစည်ကားသည့် ရန်ကုန်တိုင်းအတွင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ဃန်းကျွန်းဈေး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးနှင့် စစ်ကိုင်းတိုင်း မုံရွာ မြို့မှ ချင်းတွင်းရတနာဈေးတို့မှာ မီးရှို့ခံရခြင်းဟု ယူဆရသည့် သံသယဖြစ်ဖွယ် မီးလောင်ကျွမ်းမှုများ ခံခဲ့ရပြီး ဆုံးရှုံးမှု တန်ဖိုး ကြီးမားမြင့်မားခဲ့သည်။

တစ်နှစ်အတွင်း အဓိကဈေးကြီးများ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနရုံးချုပ်မှ တာဝန်ရှိသူများက မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းများကို ပြန်လည်လေ့လာပြီး သုံးသပ်မှုများပြုလုပ်ခဲ့သည်။

"ဈေးမီးလောင်မှုတွေရဲ့မှတ်တမ်းများကို ပြန်လည်လေ့လာတော့ အများစုက လျှပ်စစ်မီး ၀ိုင်ယာရှော့ ဖြစ်မယ်မှန်းသိရက်နဲ့ ပြုပြင် ထိန်းသိမ်းမှုတွေ မလုပ်ဘဲ လျှော့ မဖြစ် ဖြစ်အောင် ထိုင်စောင့် ပြီး မီးလောင်တာကို စောင့်မျှော်နေကြတာရယ်၊ မြန်မာ့ လျှပ်စစ်ဓာတ်အား လုပ်ငန်းရဲ့ ပေါက်တတ်ကရ အချိန်တွေမှာ မီးပေးမှုတွေ၊ ပုံမှန် လျှပ်စစ်မီး မရရှိမှုတွေကြောင့် သတိမထားမိဘဲ မပိတ်မိတဲ့ မီးခလုတ်တွေကနေ တစ်ဆင့် လျှပ်စစ်လျှော့ဖြစ်တာရယ် စတဲ့  မီးလောင်မှု မဖြစ် ဖြစ်အောင် ဖန်တီးခံထားရမှုတွေကြောင့် ဖြစ်ပွားတာကို လေ့လာတွေ့ရှိရပါတယ်" ဟု မီးသတ်ဌာနမှ ပြောသည်။ ဈေးကြီးများ မီးလောင်ခြင်းမှာ အဆိုပါ ဈေးများ တည်ရှိသည့် မြေနေရာများကို ခေတ်ပျက် ၀ိသမလောဘ သူဌေးကြီး အချို့က ရယူလိုသောကြောင့် မီးရှို့ခြင်း ဖြစ်သည်ဟု ပြောဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

(Credited to MinnWaiYan for the title)
အပြည့်အစုံသို့

1 comment:

  1. "၂၀၁၁အတွင်း ဈေးကြီးများ အလှည့်ကျ မီးလောင်မှု ဖြစ်ခဲ့.. ၂၀၁၁ခုနှစ်တွင်လည်း ကျန်ရှိသည့် ဈေးများမှ စောင့်ဆိုင်းနေ" ဆို ပိုကောင်းမယ်.. ဟီးး

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။