Sunday, January 9, 2011

အင်တာနက်ဆိုင်များ၏ အိမ်သာအသုံးပြုမှုမှတ်တမ်းများကို မြန်မာ အင်ဖိုတက်သို့ လစဉ် ပေးပို့ရန် စည်းကမ်းထုတ်

အများပြည်သူသုံး အင်တာနက်ဆိုင်များတွင် လာရောက်သုံးစွဲသူများ၏ အိမ်သာ သုံးစွဲမှု မှတ်တမ်းကို အင်တာနက်ဆိုင်လိုင်စင် ထုတ်ပေးပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းဖြစ်သည့် မြန်မာအင်ဖိုတက်သို့ လစဉ်ပုံမှန်ပေးပို့ရန် စည်းကမ်းချက်ထုတ်ပြန်ထားကြောင်း ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင် တာဝန်ရှိသူ အချို့က ပြောကြားသည်။ အဆိုပါ ညွှန်ကြားချက်ကို မြန်မာအင်ဖိုတက်၌ အင်တာနက်ဆိုင် ဖွင့်လှစ်ခွင့်လိုင်စင် လျှောက်ထားရာ၌ လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက် ၁၂ ချက်အနက် တစ်ခုအဖြစ် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ပေးပို့ခြင်းကို တရားဝင်လိုင်စင်ရယူ ဖွင့်လှစ်သည့် အင်တာနက်ဆိုင်တိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး လာရောက်သုံးစွဲသူများ၏ အိမ်သာ အသုံးပြုမှုမှတ်တမ်းကို စီစီတီဗွီ ကင်မရာဖြင့် ရိုက်ကူး ဖမ်းယူကာ စီဒီနှစ်စုံဖြင့် ပေးပို့ရခြင်းဖြစ်သည်။

ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားသော အင်တာနက်ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့က ကင်မရာ အကူအညီနဲ့ အိမ်သာတက်နေတဲ့ customer တွေရဲ့ လုပ်ဆောင်မှုတွေကို ရိုက်ကူးပြီး မှတ်တမ်းတင်ပေးထားရတယ်။ အင်တာနက်ဆိုင် ဖွင့်လှစ်ခွင့်လိုင်စင်ရဲ့ စည်းမျဉ်း စည်းကမ်း တွေထဲမှာ အင်တာနက်ဆိုင်မှာ အိမ်သာ လာတက်သူတွေရဲ့ ပုံရိပ်တွေကို အထက်၊ အောက်၊ ဘေး ရှုထောင့်ပေါင်းစုံကနေ ရိုက်ကူးပေးရမယ်၊ အောက်တည့်တည့်က ရိုက်ရင် အကောင်းဆုံးလို့တောင် ညွှန်ကြားထားပါတယ်။
ဒါပေမယ့်လည်း တစ်ဖက်ကိုလည်း သံသယမရှိအောင် သုံးစွဲသူဘက်ကိုလည်း စိတ်အနှောင့်အယှက်
မရှိအောင် ကြားထဲကနေ အဆင်ပြေအောင် အထက်ကနေပဲ ရိုက်ကူးဆောင်ရွက်ပေးရတယ်”ဟု ပြောသည်။

အဆိုပါ ညွန်ကြားချက်နှင့် ပတ်သက်၍ မြန်မာအင်ဖိုတက်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက အင်တာနက်ဆိုင်များအနေဖြင့် အင်တာနက်သုံးစွဲမှုမှတ်တမ်းကို ထိုကဲ့သို့ ပေးပို့ရသည်မှာ ဟုတ်မှန်ကြောင်း၊ ပုံမှန်ပေးပို့သည့် ဆိုင်များလည်းရှိကြောင်း၊ မပေးပို့ပါက သက်ဆိုင်ရာဆိုင်များတွင် တာဝန်ရှိမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ပလင်းနက် မြန်မာ မှ သတင်းရရှိပါသည်။

1 comment:

  1. စီစီတီဗီနဲ့ ဗီဒီယိုရိုက်ရင် အရုပ်နဲ့ အသံ မဖြစ်စလောက်လေးပဲ ကြားရမယ်။ .. ကြည့်ချင်လွန်းတဲ့ စည်းမျဉ်းချမှတ်သူ လူကြီးမင်းများ ရသစုံ ခံစားရအောင် အနံ့ပါ ခံစားနိုင်တဲ့ ကင်မရာ တီထွင်နိုင်ရင် ပိုအဆင်ပြေမလားလို့ ဟိဟိ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။