Monday, January 3, 2011

မင်းသားကြီး အာနိုး ရွှေဝါဇနက္က - ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်မှ အနားယူ

အမေရိကန်ပြည်ထောင်စု၊ မြန်မာလူမျိုးအများစု နေထိုင်ရာ ကယ်လီ- ဖိုးနီယာခင်း ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်သော ခွန်အား ဗလ အလွန်ကြီးမားသည့် အာနိုးဗလကျော်သူ ဘွဲ့ခံ မင်းသားကြီး "အာနိုး ရွှေဝါဇနက္က" သည် ယာခင်း ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် ခုနစ်နှစ် တာဝန် ထမ်းဆောင်ပြီးနောက် အနားယူသွားပြီ ဖြစ်ကြောင်း သိရသည်။

အာနိုး ဇနက္က သည် မြန်မာ အမျိုးသားတစ်ဦးဖြစ်ပြီး မိတ္ထိလာ ပြည်၌ မွေးဖွားခဲ့သော မဟာ ဇနက္က မင်းကြီး၏ သားတော်ဖြစ်သည်။ ငယ်နာမည်မှာ အာနိုးဖြစ်သည်။ မိတ္ထိလာပြည်တွင် အိမ်ရှေ့မင်းသား အဖြစ် နေထိုင်စဉ်အတွင်း ခမည်းတော် ချီးမြှင့်သော ရွှေဝါဇနက္က  ဘွဲ့ကို ရရှိခဲ့ကာ အာနိုး ရွှေဝါ ဇနက္က (Arnold Schwarzenegger) ဟု အမည်တွင်ခဲ့သည်။

သူသည် စကြာဝတေးမင်း ဖြစ်စိမ့်သောငှာ ခမည်းတော်နည်းတူ သုဝဏ္ဏဘူမိသို့ သင်္ဘောစီးပြီး ရွက်လွှင့် ဦးတည်ခဲ့ရာ လမ်းခုလတ်တွင် သင်္ဘောပျက်ခဲ့ပြီး အဆိုတော် မေခလာ၏ ကူညီမှုဖြင့် အမေရိကန် ပြည်ထောင်စုသို့ ရီဖျူဂျီ တစ်ဦး အဖြစ် မှားယွင်းစွာ ရောက်ရှိခဲ့သည်။
(Photo: citystatetimes.com)

အမေရိကန်သို့ စတင်ရောက်ရှိစဉ်က ဆူရှီလိပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ရုပ်ရှင်မင်းသား ဖြစ်လာခဲ့သည်။ သူသည် မတော်တဆ သင်္ဘောပျက်မှုကြောင့် စကြာဝဠာကို အစိုးရသော စကြာဝတေးမင်း မဖြစ်ခဲ့သော်လည်း စကြာဝဠာ မောင်ဘွဲ့ကိုမူ ရရှိခဲ့သည်။  အမေရိကန်သမ္မတ ရေဂင်က အာနိုးအား သူ၏ ခွန်အားဗလ ကြီးမားမှုကို အသိအမှတ်ပြုသည့် အနေဖြင့် "အာနိုးဗလ ကျော်သူ" ဘွဲ့ကို ပေးအပ်ခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စု ကယ်လီ ဒေသ၌ မြန်မာလူမျိုး ဦးဖိုးနီ စိုက်ပျိုးထားသော ယာခင်း ရှိရာအရပ် ဒေသ ဖြစ်သည့် "ကယ်လီ- ဖိုးနီ ယာ" (California) ကို အစိုးရသော ယာခင်းပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။

သတင်း အပြည့်အစုံ ဖတ်ရှုရန်

4 comments:

  1. အရမ်းဖတ်လို့ ကောင်းပါတယ် ခင်ဗျာ

    ReplyDelete
  2. မြန်မာပြည်ကို ပြန်လာချင်သော်လည်း.. အားနိုးဗလ ကျော်သူ ဘွဲ့တွင် ရုပ်ရှင်မင်းသား ကျော်သူ၏ နာမည် ပါရှိပါသဖြင့် ကိုကျော်သူမှ နာမည် မတရား သုံးစွဲမှုဖြင့် တရားစွဲမည်ကို ဗလမောင်ကြီး အာနိုးမှာ ကြောက်ရွံ့နေသောကြောင့် မပြန်လာဝံ့ပါကြောင်း။

    ReplyDelete
  3. လက်ရှိစစ်အစိုးရမှ “ကျော်သူ”ဟူသော အမည်ပါလျှင် လက်မခံနိုင်၊ ရှိသည့်တယောက်ကိုတောင် ဘယ်လိုကိုင်တွယ်ရမှန်းမသိသဖြင့် ပြည်ဝင်ခွင့် ဗီဇာ မရခဲ့ပါ။

    ReplyDelete
  4. စာဖတ်ရင်းနဲ့ ငှက်ဖျားပါ ပြန်တတ်ချင်လာသလိုပဲ ဝူးဝူးဟားဟားဟီဟီးနဲ့ အမငီ မလွယ်ပါလားနော် အစ်ကိုတတ်ပါ့ အစ်မတတ်ပါ့ တို့ရယ်

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။