Thursday, March 31, 2011

ခြေထောက်နာသူများ Shopping ထွက်သင့်

(From: Burmese Classic)

သူမ၏ ခြေထောက်များ နာနေခြင်းကြောင့် ဈေးဝယ်ထွက်ခြင်း ပြုခဲ့ကြောင်း သင်ဇာဝင့်ကျော်က ပြောဆိုလိုက်သည်။

ထို့ကြောင့် ခြေထောက်နာသူများ အနေဖြင့် Shopping ထွက်ပြီး ပစ္စည်းမျိုးစုံကို လမ်းများများ လျှောက်ကာ ကြည့်ရှု ၀ယ်ယူ သင့်ကြောင်း၊ သင်ဇာဝင့်ကျော် ကဲ့သို့ ပြုမူခြင်းဖြင့် ခြေထောက်နာခြင်းကို သိသာစွာ သက်သာ ပျောက်ကင်း စေနိုင်ကြောင်း အနုပညာရေးရာ ကျွမ်းကျင်သူ တဦးက သုံးသပ်သည်။

@ကိုယ်တော်ကြီး


အပြည့်အစုံသို့

Wednesday, March 30, 2011

အမေရိကန် "အမျိုးသမီးစစ်သံမှူး" မြန်မာပြည်တွင် အလိုအလျောက် လိင်ပြောင်းလဲသွား

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် စစ်သံမှူးအဖြစ် တာဝန် ထမ်းဆောင်နေသော အမေရိကန်အမျိုးသမီး Brey Sloan သည် မတ်လ ၂၇ ရက်နေ့က အလိုအလျောက် ရုတ်တရက် လိင်ပြောင်းလဲသွားကြောင်း သိရသည်။

အမေရိကန် အမျိုးသမီး ဗိုလ်မှူးကြီး Brey Sloan သည် မြန်မာပြည်တွင် တာဝန်ထမ်းဆောင်နေစဉ် ယောက်ျား ဖြစ်သွားကြောင်း၊ ထိုမျှမက ဇနီးမယားပင် ယူလိုက်သေးကြောင်း New Light of Myanmar သတင်းစာက ရေးသားဖော်ပြသည်။ ဗိုလ်မှူးကြီး Brey Sloan မိန်းမဘ၀မှ ယောက်ျားဘ၀သို့ ရုတ်တရက် ထူးဆန်းစွာ ပြောင်းလဲခြင်းနှင့် ပတ်သက်၍ မြန်မာပြည်ဆိုင်ရာ အမေရိကန် သံရုံးမှ သတင်း တစုံတရာ ထုတ်ပြန်ကြောင်း မတွေ့မိသေးပေ။


(New Light of Myanmar, 28-3-2011)

မိုးမခမှာ ဖော်ပြတဲ့ သတင်း (ဖတ်ရန်)

Tuesday, March 29, 2011

ဆူနာမီနှင့် ငလျင်ကြောင့် ဂျပန်နိုင်ငံ မိုင် ၁၈၀၀ ကျော်ရွေ့လျားသွား

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လှုပ်ခတ်ခဲ့သော အလွန့် အလွန် အင်အားပြင်းသည့် ဆူနာမီနှင့် ငလျင်ကြောင့် အရှေ့အာရှမှ ဂျပန်နိုင်ငံသည် တောင်ဖက် ယွန်းယွန်း သို့ မိုင် ၁၈၀၀ ကျော် ရွေ့လျားသွားသည်။

မြေပုံကို ancienthistory.about.com မှ ရယူသည်

ထိုသို့ ရွေ့လျားသွားသဖြင့် ဂျပန်နိုင်ငံသည် ယခုအခါ အရှေ့တောင် အာရှနိုင်ငံတခု ဖြစ်သွားပြီ ဖြစ်သည်။
ထိုသို့ ဂျပန်ပြည် အရှေ့တောင် အာရှနိုင်ငံ ဖြစ်သွားကြောင်းကို မတ်လ ၂၈ ရက်နေ့ထုတ် the voice weekly , vol7 / No.16 တွင် ရေးသား ဖော်ပြထားသည်။


ဂျပန်နိုင်ငံ အနေဖြင့် ၄င်းနှင့် နီးနီးနားနား အရှေ့တောင် အာရှနိုင်ငံ ဖြစ်သော ဖိလစ်ပိုင် အနီးသို့ရွေ့လျား သွားခြင်းကြောင့်သာ ယခုကဲ့သို့ မိုင် ၁၈၀၀ ကျော် ရွေ့သွားခြင်း ဖြစ်သည်။ အကယ်၍ အရှေ့တောင်အာရှမှ စင်ကာပူ အနီးသို့သာ ငလျင်ကြောင့် ရွေ့လျားသွားသည် ဆိုပါက မိုင် ၃၀၀၀ ကျော် ရွေ့လျား သွားမည် ဖြစ်သည်။ ယခုကဲ့သို့ ဂျပန်ပြည် နေရာရွေ့မှုမျိုးကို ကမ္ဘာ့သမိုင်းတွင် တခါမှ မကြုံဖူးသေးပေ။ ဤ အဖြစ်အပျက်မှာ ကမ္ဘာ့ အပြင်းထန်ဆုံး မြေနေရာ ရွေ့လျားမှု ဖြစ်ကြောင်း သတင်းရရှိသည်။

Distance between Manila (Philippines) & Tokyo (Japan)
(Mapcrow.info)

လက်တို့သူ-နာနို

မော်ဒန် ဂျပန် ဘုန်းကြီး



@F.E.F.F Media

Sunday, March 27, 2011

တပ်- မဒေါ်နေ့၊ မြန်မာ့ ... တပ်- မဒေါ်အကြောင်း

နှပ်ချီးတွဲလောင်း၊ တပ်- မဒေါ် "သားသား" တဦး (Photo: Project AK-47)

Myanmar has a professionally trained army of child soldiers in which everyone is drafted. Indeed, their entire army consists of those under the age of 18. By the time they are 18, they have already become fed up with the lousy pay and the never ending barrage of mosquitoes and simply run away to China. The tactics used by the Myanmar army include the use of human shields, beheading civilians, and extravagant torture involving both the use of sledgehammers, thimbles and Adam Lambert music.
 

မြန်မာ့ ... တပ်- မဒေါ် ဟာ "တပ်- မဒေါ်.. သားသား" တွေနဲ့ လေ့ကျင့် ပျိုးထောင်ထားတာပါ။ အသက် ၁၈ နှစ်ပြည့်လို့ တပ်- မဒေါ် "သားသား" ကနေ "တပ်- မဒေါ် သားကြီး" ဖြစ်လာတာနဲ့ လစာမလောက်လို့ တပ်ထဲက ထွက်ပြေးကြပါတယ်။ ခြင်ကိုက် မခံနိုင်တာကြောင့်လဲ ဖြစ်ပါတယ်။ သူတို့ဟာ တရုတ်ပြည်ထဲကို ထွက်ပြေးကြပါတယ်။

Myanmar first rose to prominence in the Middle Ages when they laid traps for the troubadours, who were killed before they reached Bombay. Later, they introduced opium to the Chinese and made the nation dependent on the drug so that they would be willing to sell tea cheaper.
 

မြန်မာတွေဟာ တရုတ်တွေ ဘိန်းစားအောင် စတင် လုပ်ဆောင်ခဲ့သူတွေ ဖြစ်ပါတယ်။ တရုတ်တွေ ဘိန်းစားတော့ လက်ဖက်လုပ်ငန်း မလုပ်နိုင်ကြတော့ပါ။ ဒီတော့ လက်ဖက်ခြောက်တွေ ဈေးနှုန်းကျဆင်းပြီး မြန်မာတွေဟာ ဈေးသက်သက်သာသာနဲ့ လက်ဖက်ရည် သောက်နိုင်ပါတော့တယ်။ မြန်မာပြည်မှာ လက်ဖက်ရည်ဆိုင်တွေ ပေါများတာ၊ လူငယ်တွေ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ဟေးလားဝါးလား အချိန်ဖြုန်းတာတွေဟာ ဒီအကြောင်း တွေကြောင့် ဖြစ်ပေါ်လာရတာပါ။

Myanmar attempted to replace European colonies with their own colonies during the 1930's and 1940's in what was the become the Pacific War, where notable atrocities including the Rape of Nanking occurred. After placing millions in concentration camps, many ethnic and religious groups were persecuted vigorously. The war ended dramatically with Myanmar dropping two atomic bombs on Hiroshima and Nagasaki, killing thousands within seconds.
 

မြန်မာတွေဟာ ဥရောပကိုလိုနီနယ်ပယ်တွေကို မြန်မာ့ကိုလိုနီအဖြစ်ချဲ့ထွင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ပစိဖိတ် စစ်ပွဲ ဖြစ်ပွားရတာပါ။ မြန်မာတွေ ဖန်တီးတဲ့ ဒီစစ်ပွဲဟာ ဟီရိုရှီးမားနဲ့ နာဂါဆာကိမြို့တွေကို အဏုမြူဗုံးတွေ ကြဲချတော့မှပဲ ပြီးဆုံးသွားပါတော့တယ်။

In 1975, Vietnam, fresh from a victory against the United States, invaded Myanmar in an attempt to unseat the disruptive regime. Using pungee sticks, torture, and guerrilla tactics, Vietnam soon found itself overwhelmed by Myanmar's child soldiers, rape brigades, and rampant use of IED's. After several years, Myanmar became Vietnam's Vietnam, and they were forced to withdraw after a thorough humiliation.
 

၁၉၇၅ မှာ အမေရိကန်ကို စစ်နိုင်တော့ ဗီယက်နမ်တွေ ဘ၀င်မြင့်သွားပါတယ်။ သူတို့ဟာ မြန်မာပြည်ကို ကျူးကျော်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်က တပ်- မဒေါ် "သားသား" တွေ မောင်းထုတ်လိုက်တဲ့ အတွက် ကျူးကျော်သူ ဗီယက်နမ်တွေ ခွေးပြေး ၀က်ပြေး ထွက်ပြေးသွားရပါတယ်။

Unbeknowst to many, Myanmar actually fought a limited war with Canada. Though it was initially assumed Canada would win the war, it turned out this was not in fact the case, due to the extreme time difference between Ottawa and Rangoon. Generals in Canada were going to bed when it was lunchtime in Naypyitaw, and Burmese generals were fluffing up their pillows when the arrogant Torontonians were getting ready for an overpriced trip to Starbucks. The war thus ended in a stalemate.
 

မြန်မာဟာ ကနေဒါနဲ့လဲ စစ်ဖြစ်ခဲ့ပါတယ်။ ကနေဒါက စစ်နိုင်မယ်လို့ အစတုန်းက ထင်ထားကြပေမဲ့ ကနေဒါနဲ့ မြန်မာပြည်ရဲ့ အချိန်ကွာဟချက်ကြောင့် စစ်ပွဲရဲ့ ရလာဒ်ပြောင်းလဲသွားခဲ့ပါတယ်။ နေပြည်တော်မှာ ဗိုလ်ချုပ်ကြီးတွေ နေ့လည်စာ ထမင်းစားနေချိန်မှာ ကနေဒါ ဗိုလ်ချုပ်ကြီးတွေ အိပ်နေကြပါတယ် (ညအချိန်မို့လို့ပါ)။ ကနေဒါက တော်ရွန်တိုမြို့သားကြီးတွေ ဈေးကြီးပေးပြီး စတားဘတ် ကော်ဖီ သောက်ဖို့ အဆင်သင့်ဖြစ်နေကြချိန်မှာ မြန်မာ ဗိုလ်ချုပ်ကြီးတွေကတော့ အိပ်နေကြပါပြီ။ ဒီလိုနဲ့ မြန်မာ-ကနေဒါ စစ်ပွဲကြီးဟာ ပြီးဆုံးသွားပါတယ်....

-ကိုယ်တော်ကြီး လက်တို့တဲ့ မြန်မာ့... တပ်- မဒေါ် အကြောင်းကို ဇီးကွက် မျက်ပြူး ဖြီးဖြန်း ဘာသာပြန်ပါတယ်။

-သိုးဆောင်းဘာသာ စာသားများကို Uncyclopedia အစွယ်ကျိုးကျမ်း (စွယ်စုံကျမ်းမဟုတ်) မှ ကူးယူဖော်ပြပါတယ်။

မြန်မာ့ ... တပ်- မဒေါ် အကြောင်း ဖတ်ရန်
မြန်မာပြည်အကြောင်း လေ့လာရန်

Thursday, March 24, 2011

လူအရွယ်အစားရှိ ဓာတ်ပုံကြီးများတင်ပြကာ လေယာဉ်မယ်အဖြစ် လျှောက်ထားနိုင်

မြန်မာ့လေကြောင်းတွင် လေယာဉ်မယ်အင်အားတိုးချဲ့ရန် စီစဉ်လျက် ရှိနေပြီး လျှောက်လွှာများလည်း စတင်လက်ခံ နေပြီ ဖြစ်ကြောင်း သိရသည်။

(လေယာဉ်မယ် ဓာတ်ပုံ အရွယ်အစား သတင်း)

လေယာဉ်မယ်အဖြစ် လျှောက်ထားသူများသည် မိမိတို့၏ ရှေ့တည့်တည့်နှင့် ယာဘက်ဘေးမှ ရိုက်ကူး ထားသော တစ်ကိုယ်လုံးပုံ ဖြစ်သည့် (၅ ပေ_ ၇ လက်မ) မြင့်သော ပကတိ လူအရွယ်အစားရှိ ကြီးမားသော ဓာတ်ပုံကြီး တပုံကို မိမိတို့ ကိုယ်တိုင် သယ်ပိုး ယူဆောင်ကာ မြန်မာ့လေကြောင်းရုံးချုပ်တွင် လူတွေ့စစ် ဆေးမှု ခံယူရမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ လူအရွယ်အစားရှိသော ဓာတ်ပုံကြီးကို သယ်ဆောင်ခိုင်းပြီး လူတွေ့ စစ်ဆေးခြင်းမှာ လေယာဉ်များ ပျံသန်းနေစဉ် စက်ရပ်သွားပါက ဆင်းတွန်းနိုင်သော အားအင်ဗလနှင့်ပြည့်စုံမှု ရှိမရှိကို လက်တွေ့ စမ်းသပ်ခြင်း ဖြစ်ကြောင်း မြန်မာလေကြောင်းမှ တာဝန်ရှိသူတဦးက ပြောသည်။


မြန်မာ့ လေကြောင်း အနေဖြင့် တရုတ်ပြည်လုပ် လေယာဉ်များကို အသုံးပြုနေပြီ ဖြစ်သဖြင့် မကြာခဏ ဆိုသလို လေယာဉ်များကို နောက်မှတွန်းပြီး စက်နှိုးမှုများ ပြုလုပ်ရဖွယ် ရှိကြောင်း၊ ထို့ကြောင့် လေယာဉ်များကို ဆင်းတွန်းနိုင်ရန် ဗလကောင်းသည့် အမျိုးသမီးများကိုသာ လေယာဉ်မယ် စပါယ်ယာ အဖြစ် ခန့်အပ်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

လေယာဉ်မယ်များ အနေဖြင့် လေယာဉ်များ ပင်လယ်ပြင်ကို ဖြတ်သန်းသွားစဉ် အခြေအနေ တရပ်ရပ်နှင့် ရင်ဆိုင်ရပါက ဖြေရှင်းနိုင်ရန်အတွက် ရေကူးတတ်ကျွမ်းရမည် ဖြစ်ပြီး၊ လေထဲတွင် လေယာဉ် အရေးပေါ် ပြသနာ တခုခုကြုံပါက ဆင်းတွန်းနိုင်ရန် စူပါမင်းကဲ့သို့ ပျံသန်းနိုင်စွမ်းလည်း ရှိရမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း အပြည့်အစုံသို့

Wednesday, March 23, 2011

BSN ရဲ့ ၇ ရက်သားသမီး ဟောစာတမ်း

ဧပြီလသည် ၁၂ လ ရာသီထဲတွင် အပျော်တို့ဖြင့် ထုံမွှမ်းနေသော လတလ ဖြစ်ပါသည်။

ထို့ပြင် မြန်မာတို့၏ မိရိုးဖာလာ ယုံကြည်မှုများအရ သိကြားမင်းသည် အဆိုပါ လတွင် ကျွဲ၊ နွား တကောင်ကောင်ကို စီးကာ လူ့ပြည်သို့ ဆင်းလာသည် ဟုသိရသည်။ သို့သော် ...

သင်္ကြန်စာ အဆိုအရ သိကြားမင်းတြားကြီးသည် သူ၏ စီးတော် ကျွဲ နွားများကို ဂီရိဒဏ်ခံ လယ်သမားများအား လှူဒါန်းလိုက်သောကြောင့် လည်းကောင်း၊ တိုးတက်လာနေသော ခေတ်ကို အမီလိုက်ချင်သောကြောင့် လည်းကောင်း၊ ယူကရိန်းနှင့်ရုရှားလုပ် လေယာဉ်ကို စီးလျက် ဆင်းသက်လာရာ၊ လမ်းခုလတ်တွင် လေယာဉ် အတောင်ပံကျိုးသောကြောင့် လေထီးကြီးစီးပြီး မြေပြင်သို့ ရုတ်တရက် ခုန်ဆင်းလာမည်ဟုဆိုသည်။ ထို့ပြင် မကောင်းမှု ပြုသူများကို ဖမ်းဆီးနိုင်ရန် အတွက် ပေါ်တင်ကြီးမလာဘဲ သန်းခေါင်ယံ အချိန်ကျမှ ခွေးတိုးပေါက်က တိုးဝင်လာမည် ဟုလည်း ဆိုထားသည်။

သို့အတွက်ကြောင့် အဆိုပါ ဧပြီလအတွင်း ၇ ရက် သားသမီးများ အတွက် ဆောင်ရန် ရှောင်ရန် လိုအပ်ချက် များကို ပို့စ် မော်ဒန် နည်းဖြင့် တွက်ချက် ဟောပြောပေးလိုက်သည်။

အားလုံး Happy Burmese New Year

တနင်္ဂနွေသားသမီး။ ။ တွက်ချက်မှုများအရ အသင်တို့၏ နာမည်များသည် သိကြားမင်း၏ ခွေးသားရေ ပုရပိုဒ်တွင် မဆံ့လောက်အောင် များပြား နေသောကြောင့် အထူး သတိထား နေထိုင်သင့်သည်။ သို့မဟုတ်ပါက သိကြားမင်း ပြန်အတက်တွင် တခါတည်းလိုက်ပါသွားရကိန်း ရှိသည်။
အချစ်ရေးမှာ မြားနတ်မောင်က ဆရာ ခေါ်ရလောက်အောင် စန်းထနေသော ကာလဖြစ်သည်။ တခါမှ ပြန်မကြည့်ဖူးသော ခယ်မလေးကပင် အထာတွေလာ ပေးနေတတ်သည်။ မှတ်ချက်- လိုက်ပွဲဆိုပြီး ဆွဲမစားလိုက်ပါနှင့်။ ၀မ်းချောနိုင်သည်။ ဘာလုပ်လုပ် အဆင်မပြေသော ကာလဖြစ်သည်။ အလိုလိုနေရင်း ခွေးကဲ့သို့အူချင်နေလိမ့်မည်။ သင်္ကြန်ကာလအတွင်း ရေပက် ခံမထွက်ပဲ

ရေဝေးအနီးတွင် ခဏတာ အနားယူနေခြင်းက သင့်အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဖြစ်နိုင်လျှင် ကျန်းမာရေးအနေဖြင့် ပက်လက်လှန်ပြီး ဘယ်တော့မှမအိပ်လေနှင့်။ မကြာမီ လွှတ်တင်တော့မယ့် နအဖ၏ ဂြိုဟ်တု တလုံး ဖြစ်သွားနိုင်သည်။

ယတြာ- X2O မဏ္ဍပ်လိုမျိုး မဏ္ဍပ်ရှေ့ တွင် ချီးထုပ်တထုပ်ကိုင်ပြီး ငါအကြမ်းဖက်သမား ဟု ၃ကြိမ်တိုင်တိုင်အားလုံးကြားအောင် အော်လိုက်ပါ... သင်ကံကောင်းခွင့်ကြုံ ပါပြီ။


တနင်္လာ။   ။ ဘာလုပ်လုပ် ရွှေထီးဆောင်းရသည့် ကာလဖြစ်သည်။ လုပ်သမျှ အရာအားလုံး အိုကေနေမည်။ သို့သော် ဆင်ကိုတော့ တက်မစီး မိရန် ဂရုပြုပါ။ အပျိုလူပျိုများ လုံးဝ အိမ်ထောင်ကျကိန်းရှိသည်။ အိမ်ထောင်မကျပါက ထောင်ကျနိုင်သည်ကို သတိပြုပါ။ ထို့ကြောင့် သင်္ကြန်ကာလအတွင်း ခြင်ထောင်ထဲက လုံးဝမထွက်ပါနှင့်။ ရွှေငွေမ၀င်ဘဲ ခြသေ့င်္ကြီးတကောင် လေးဖက်ထောက်ပြီး
ဝင်လာတတ်သည်။ ကြောက်စရာမလိုပါ။ စောင်ခြုံပြီး ကျောကုန်းကို တင်းပုတ်နဲ့ ထုပေးလိုက်ပါ။ စီးပွားရေး အဆင်မပြေသူများ- ယောက်ျားဆို ပါက လူကုန်ကူးပြီး မိန်းမဆိုလျှင်မျောက်မွေးပါ။ သင်္ကြန်ကာလအတွင်းအပျော်မလွန်ကဲပါနှင့်။ အပျော်၏ သားကောင်ဖြစ်သွားနိုင်သည်။ ကံစမ်းမဲနှိုက်ရင် ဖွတ်ကြီး ၂ ကောင် လက်ဆောင် ရလာတတ်သည်။ ကျန်းမာရေးအနေဖြင့် ခွေးစီးလေ့ကျင့်ပါ။

ယတြာ- ဘိန်းဖြူရောင်းရန်ရှိသည်စာတန်းကို အများမြင်သာအောင် အိမ်ရှေ့  မှာ ချိတ်ဆွဲထားလိုက်ပါ ...

အင်္ဂါ။   ။ ကိုယ့်သေတွင်း ကိုယ်တူး ချင်နေသောကာလ ဖြစ်သဖြင့် လစ်ဗျားသို့ ခရီးသွားချင်နေစိတ် ထိန်းမရအောင် ပြင်းပြ နေပေလိမ့်မည်။ ဘယ်မှမသွားပါနှင့်။ ဖြစ်နိုင်လျှင် ခြေထောက်ကို ကြိုးတုတ်ထားပါ။ မသွားမဖြစ်ဆိုပါက သရဏဂုံကြိုတင်ထားပါ။ စီးပွားရေး လုပ်လိုသူများ တောက်တဲ့မွေးပါ။ ပညာရေးလိုက်စားသူဖြစ် ပါက ရန်ကုန်တက္ကသိုလ်ထဲကို ဖြတ်လျှောက်ရုံဖြင့် Ph.D တလုံး ရလာနိုင်သည်။ ၀န်ထမ်းများ နိုင်ငံတော်ဆီမှ ၄'-၆' ရှိသော မြေကွက်များ ရရှိတတ်သည်။ သွားလာရင်း မာစတာကီး တချောင်း ကောက်ရတတ်သည်။ လူဝံကြီး ၂ကောင် ညအိပ် တည်းခိုရန် ရောက်လာလျှင် သင်၏အကြံအစည်ကို ချက်ချင်း အကောင်ထည်ဖော် ဆောင်ရွက်ပါ။ စာနယ်ဇင်းသမားများ ဘန်ကီမွန်း၏ ဖိတ်ကြားချက်အရ လစ်ဗျားနှင့် ဖူကူရှီးမားအနီး သို့ အလည်တခေါက် သွားရလိမ့်မည်။ ကျန်းမာရေးအနေဖြင့်မူ လွှတ်တော်အနီးစောင်းတီးခြင်းကို ရှောင်ကြည်ပါ။

ယတြာ- သမ္မတအပါအ၀င် ၀န်ကြီးအားလုံးကို ဖိတ်၍ စတုဒီသာ ထမင်းရည်တိုက်ကျွေးလိုက်ပါ...

ဗုဒ္ဓဟူး။    ။ ကံကြမ္မာ အလွန်ညံ့သော လဖြစ်သည်။ စိတ်ညစ်စရာများ တခုပြီးတခု ကြုံရလိမ့်မည်။ ကာလနဂါးက ဆရာ ခေါ်ရလောက်အောင် ကုလားသေ ကုလားမော အိပ်တတ်သူကို လုံခြုံရေးခန့်မိသဖြင့် ရှိသမျှ စည်းစိမ် တက်တက်ပြောင် ရလိမ့်မည်။ အိုင်တွေ့တိုင်း ခြေဆေးချင်နေလိမ့်မည်။ သတိထားပါ။ ငယ်ရွယ်သူများ တဦးနှင့် တဦးရင်ဖွင့်ရင်း ရင်ပွင့်သွားတတ်သည်။ ဆီသွားထုတ်ရင် အိမ်ထောင်ကျလာကိန်း ရှိသည်။ တလအတွင်း မင်္ဂလာ ၇ကြိမ် ဆောင်ရမည်...( မှတ်ချက် လူ ၇ ယောက်နှင့်ဖြစ်သည်) မျက်နှာတွင် အိုးမဲသုတ်ပြီး ဘဏ်ရှေ့ လမ်းလျှောက်ခြင်း ကို ရှောင်ကြည်ပါ။ ကျန်းမာရေး ကောင်းစေရန် လိပ်ကို ပက်လက်လှန် ထားသကဲ့သို့လမ်းလျှောက်ပါ။ ညအိပ်ရာဝင်ခါနီးတိုင်း မိန်းမကို ပခုံးပေါ် တင်ထမ်းပြီး ခြင်ထောင်ကို အပတ်တထောင် ပတ်ပါ။

ယတြာ- မိတ်ဖက်ဖြစ်သော ခြသေ့င်္နဲ့အတူ မနက်တိုင်းလမ်းထလျှောက်ပါ...

ကြသပတေး။   ။ စိုင်ကော်လို့ ချုံပေါ်ရောက်ပြီးမှ ခါးဝတ်ပုဆိုးပါမလာသဖြင့် ဆင်းအကောက်တွင် ဆင်နင်း ခံရကိန်းရှိသည်။ သို့ကြောင့် ဤလအတွင်း ပုဆိုးလုံးဝမ၀တ်ပါနှင့်။ ၀င်လာ မစဲတသဲသဲ ဆိုရလောက်အောင် ခေါင်းညိတ်တတ်ရုံဖြင့် နေစရိတ် စားစရိတ် တရက် တသောင်းနှုန်းဖြင့် တလလျှင် ငွေ ၃ သိန်း ရနိင်သည်..(မှတ်ချက်-ငွေအလွယ်ရသည်ဆိုပြီး လွှတ်တော်အတွင်း ပေါက်ကရ ရှစ်ဆယ် လျှောက်မေး ခြင်းကိုရှောင်ကြည်ပါ။ သင့်ဇနီး၊ မိဘ၊ သားသမီးများက သင်ဘေးရန် ကင်းကင်းဖြင့် အိမ်ပြန်လာချိန်စောင့်မျှော်နေသည်ကို အထူးသတိပြုပါ).. အလိုလိုနေရင်း မြွေပွေးကို ခါးပိုက်ပိုက်ချင်နေလိမ့်မည်။ မနက်မိုးလင်းတိုင်း ကြက်ဖလို တွန်ချင်နေလိမ့်မည်။ သင်္ကြန်တွင်း ရေပက်ခံထွက်ရင်း အရူးတယောက်မှ အဖေဟု လိုက်ခေါ်ခြင်းခံရတတ်သည်။ ထီထိုးပါ...အကြီးအကျယ်ပွပေါက်တိုးမည်။ ဦးပေါင်းကျားကို ပေါင်းထားသော အလောင်းစည်သူမင်းကြီး သင့်အိမ်ကို လမ်းမှားပြီးရောက်လာတတ်သည်။ ရှောက်သီးသုပ်နဲ့ ရေခဲမုန့်ကျွေးလိုက်ပါ။ သင်သည် လွှတ်တော်အမတ် ဖြစ်ပါက ထူးဆန်းသော ပြောင်းလဲမှု အဖြစ် နဖူးမှ ချိုတချောင်း ထွက်လာတတ်သည်။ ရာဟုသက်ရောက် အားအလွန် ကောင်းနေမည်ဖြစ်သဖြင့် နွားနို့ ဆိတ်နို့ စသော နို့အပေါင်း သောက်သုံးခြင်းမှ ရှောင်ကြည်ပါ။

ယတြာ- ကြောင်မုဆိုးမ၏ နှုတ်ခမ်းမွှေးနှင့် လိပ်မွှေးကို မတွေ့တွေ့အောင်ရှာပြီး ကိုယ်နှင့် မကွာ ဆောင်ထားလိုက်ပါ...

သောကြာ။   ။ ဤနေ့ မွေးဖွားသော သားသမီးများသည် သောကြာဆိုသည့်အတိုင်း သောက်တိုင်း မမူး လုပ်တိုင်းမပြီးပဲ ကြာနေသဖြင့် သူတပါး မျက်စောင်းထိုးခြင်း စိတ်ကောက်ခြင်း ခံရတတ်သည်။ သင်၏ ရည်မှန်းချက် အားလုံး ဧရာဝတီမြစ်ကို အလျားလိုက် ဖြတ်ကူးနေကဲ့သို့ မရေမရာဖြစ်နေလိမ့်မည်။ အလုပ်မရှိ ကတုံးကို သန်းရှာချင်နေလိမ့်မည်။ မိမိကိုယ်မိမိ နိုင်ငံဥသျှောင် ဆိုသူတယောက်မှ သင့်အားမိတ်ဆွေ ဖွဲ့လာနိုင်သည်။ လင်မယားကွဲကိန်းရှိသဖြင့် လက်မခံပါနှင့်။ သူ၏ သျှောင်ထုံးကိုသာ ဆွဲပြီး တံတောင်ဖြင့် ၃ ချက်လောက် ခပ်ပြင်းပြင်း တွတ်ထည့်လိုက်ပါ။ ပါရမီ ဖြည့်ဖက် လိုက်ရှာနေသူများ ရုံးတက်ရုံးဆင်း ပါရမီစီးပါ။

ယတြာ- ကျား ၂ ကောင်ကို ကွမ်းယာ ဆေးလိပ် လောင်းလှူလိုက်ပါ...

စနေ။    ။ နဂါးတို့ မျက်စောင်း အရွယ်မရွေးဆိုသကဲ့သို့ တွေ့သမျှ အရွယ် သုံးပါးကို တဦးချင်း မျက်စောင်း ထိုးရုံမျှမကပဲ ရောသမမွှေချင် နေလိမ့်မည်။ အားလုံးထဲတွင် ဒေါသ အကြီးဆုံးလူဖြစ်သည့်အတွက် တခုခုကို အမြဲတမ်း ထုထောင်းချင်နေလိမ့်မည်။ နောက်ဆုံးထောင်းစရာမရှိ ကိုယ့်ပေါင်ကိုယ်လှန် ထောင်းတတ် သည်။ စိန်ဂေဟာမဟုတ်ပဲ ဂေဟာတခုခုတွင် တူနှစ်ကိုယ် ဂဟေဆက်ရကိန်းရှိသည်။ အရပ်ပုလွန်းသဖြင့် ဗိုလ်ကြီး ဟု သင်က ပြောသော်လည်း သင်၏ချစ် သူကမူ သင့်အား ကလေးစစ်သား ဟုသာထင်နေလိမ့်မည်။ နေ၀င်းမြင့်၏ ကျွဲပွဲစာအုပ်ကိုဖတ်ရင်း ကျွဲကဲ့သို့ အော်ချင်နေလိမ့်မည်။ ကျွဲကြီးဆိုသော လူတယောက်နှင့်လည်း နပန်းလုံးရတတ်သည်။ လက်ညှိုးညွှန်ရာ ရေဖြစ်နေသော အချိန်ဖြစ်သည်။ ကင်းကောင် ကြီး တကောင်

ဝင်လာပါက အလွန်ကံကောင်းပြီဖြစ်သည်။

ယတြာ- မိမိ၏မွေးနံဖြစ်သော နဂါး ဆိုသော အမည်ကို နံကားသွားအောင် အော်ဟစ်လိုက်ပါ......

ဗဒင်နဲ့ဘာမှမဆိုင်သော

ဘယ်ဒင်ရဲ့ အကို
ညာဒင်

Tuesday, March 22, 2011

သတိ၊ ဓာတ်လိုက်တတ်သည်

(မြန်မာ့အလင်း၊ စာမျက်နှာ ၁၀ ကော်လံ-၃ နှင့် စာမျက်နှာ ၁၃၊ ကော်လံ- ၃)

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပေးစီမံကိန်း ၆၅ ခုမှ ဓာတ်အား ၄၀၂၇၁ မဂ္ဂါဝပ် ထွက်ရှိသဖြင့် မရမ်းကုန်းရှိ ပြည်သူတစ်ဦး ဓာတ်လိုက်သေဆုံး သွားကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြပါရှိသည်။ ထို့ကြောင့် ပြည်သူလူထု အနေဖြင့် ဓာတ်လိုက်ခံရမှု ကင်းဝေးစေရေး အတွက် သတင်းစာများကို သတိဖြင့် ကိုင်တွယ် ဖတ်ရှုကြပါရန်။

@ကေဇီ-Clean

ကမ္ဘာ့ အဆိုးရွားဆုံး ရထားလမ်းကျွံကျမှု ဧရာဝတီတိုင်းတွင် ဖြစ်ပွား

(Myanma Alin)

ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး ရထားလမ်း တာဘောင် ကျွံကျမှု ဖြစ်စဉ်တခု ဧရာဝတီတိုင်း အတွင်း ဖြစ်ပွားခဲ့ကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ ၁၁ တွင် ဖော်ပြသည်။

ပုသိမ်နှင့် အိမ်မဲအကြား၊ ဆင်ဂေါင်းကျေးရွာအနီးတွင် အောက်ခံမြေသား ညံ့ဖျင်းမှုကြောင့် ရထားလမ်း တာဘောင် (၁) ကီလိုမီတာခန့် နိမ့်ကျွံသွားခဲ့ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းက ပြောကြောင်း သတင်းစာက ရေးသားသည်။

အဆိုပါ မြေသား (၁) ကီလိုမီတာခန့် နိမ့်ကျွံဝင်မှုကို (၁) ကီလိုမီတာ ပြန်လည် မြင့်တက်အောင် GEO-TEXTILE နည်းပညာဖြင့် ပြုပြင် ခဲ့ကြောင်း ၀န်ကြီးက ဆက်လက် ပြောကြားသည်။

ဤသတင်းအရ ဧရာဝတီတိုင်းအတွင်း အံ့သြဖွယ်ရာ ဂင်းနစ် မှတ်တမ်းဝင် ကမ္ဘာ့အကြီးကျယ်ဆုံးနှင့် အဆိုးရွားဆုံးသော ရထားလမ်း မြေကျွံမှုကြီး ဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး၊ (၁) ကီလိုမီတာခန့် မြေကျွံမှုကို မူလအတိုင်း ပြန်ဖြစ်စေရန် ခေတ်မီ GEO-TEXTILE နည်းပညာဖြင့် မန်းမှုတ်လိုက်သည့် မြန်မာ အင်ဂျင်နီယာများသည်လည်း ကမ္ဘာ့အတော်ဆုံး အင်ဂျင်နီယာများ ဖြစ်ကြကြောင်း ဂုဏ်ယူစဖွယ် မှတ်သား သိရှိရပါသည်။

@ကေဇီ-Clean

ပြည်သူတွေရဲ့ ရင်နှစ်သည်းချာ

ယမန်နေ့ထုတ် ကြေးမုံသတင်းစာ မျက်နှာဖုံးကိုတွေ့ရစဉ်

@MSZ

Monday, March 21, 2011

နှောင်ကြိုးမဲ့လွှတ်တော် ဇာတ်လမ်းတွဲ ရိုက်ကူးထုတ်လွှင့်

(MRTV မှ ထုတ်လွှင့်နေသည့် ဇာတ်ဝင်ခန်းတခု၊ True News မှ)

MRTV ရုပ်မြင်သံကြား အစီအစဉ်တွင် ကိုးရီးယားဇာတ်ကားများကို ပြည်တွင်းဖြစ် ဇာတ်လမ်းတွဲများဖြင့် အစားထိုး ပြသသွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် "နှောင်ကြိုးမဲ့လွှတ်တော်" အမည်ရ မဟာဇာတ်လမ်းတွဲကြီးကို ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ညီဟု ယူဆရသော ရန်ကုန်ကိုကိုကြီး က ရိုက်ကူး တင်ဆက်နေပြီ ဖြစ်ကြောင်း မတ်လ ၁၅ရက်နေ့ထုတ် ရန်ကုန်အခြေစိုက် True News ဂျာနယ်တွင် ဖော်ပြထားသည်။

အဆိုပါ "နှောင်ကြိုးမဲ့လွှတ်တော်" မဟာဇာတ်လမ်းတွဲတွင် ဇာတ်ကောင်များအဖြစ် လွှတ်တော် ကိုယ်စားလှယ်များက ပါဝင် သရုပ်ဆောင် ထားကြသည်ဟု သတင်းတွင် ဖော်ပြပါရှိသည်။

၎င်းအပြင် "နှောင်ကြိုးမဲ့လွှတ်တော်" ဇာတ်လမ်းတွဲသည် သဘာဝ ပတ်ဝန်းကျင် အသားပေး ဇာတ်လမ်းဖြစ်သဖြင့် Discovery Channel မှ ထပ်ဆင့်ပြသရန် ကမ်းလှမ်းခြင်းကိုပင် ခံထားရကြောင်း သိရသည်။


ဇာတ်လမ်းတွင် ပုတ်သင်ညိုများ၊ ကြံ့သတ္တ၀ါများ၊ ဖွတ်များ၊ လိပ်များ၊ စသည့် သဘာဝ တောရိုင်းတိရစ္ဆာန်များ အကြောင်းကို အသားပေး ရိုက်ကူးထားပြီး အဆိုပါ သတ္တ၀ါများကို ဘောင်းဘီချွတ်ထားသူ အဓိက ဇာတ်ကောင် အချို့က ထိန်းကျောင်းနေပုံကို ဦးစားပေး ရိုက်ကူးထားသည်။ ရေမြေ တောရိုင်း သဘာဝ အသားပေး ဇာတ်လမ်းတွဲ ဖြစ်သော်လည်း အစိမ်းရောင်ရှိသည့် ရိုဘော့စက်ရုပ်များ အကြောင်းကိုပါ အထူးပြုလုပ်ချက်များဖြင့် ထည့်သွင်း ရိုက်ကူးထားသည်ကို တွေ့မြင် ရှုစားရသည်။ သတ္တ၀ါများနှင့် အဆွေခင်ပွန်းဖွဲ့ကာ ပူးပေါင်းဆောင်ရွက်လိုသော ရွာသားအချို့ကိုလည်း ဇာတ်ပို့ဇာတ်ရံများ အဖြစ် ထည့်သွင်း ရိုက်ကူးထားသည်။ ရုပ်ရှင် မင်းသား ဖြစ်လိုသော သေဌေးကြီး အချို့ကလည်း ဇာတ်ရံများ အဖြစ် ကိုယ့်ပိုက်ဆံနှင့်ကိုယ် ပါဝင် သရုပ်ဆောင်ထားကြသည်။

စမ်းသပ်ကာလတွင် "နှောင်ကြိုးမဲ့လွှတ်တော်" မဟာဇာတ်လမ်းတွဲကြီးကို နေ့စဉ်ရက်ဆက် တစ်နေ့လျှင် ၁၅ မိနစ်စာ ပြသခဲ့သည်ကို တွေ့မြင်ရသည်။ ဇာတ်ဝင်ခန်းတခုတွင် ရွာသားအချို့က မေးခွန်းများ မေးမြန်းလျက် ရှိသည်ကို ရှုစားကြရပြီး၊ မေးခွန်းကို နားမလည်သော သဘာဝ တောတွင်းသတ္တ၀ါများက လွဲမှားသော အဖြေများ ပေးနေသည်ကိုလည်း မြင်တွေ့ရသည်။


"နှောင်ကြိုးမဲ့ လွှတ်တော်" သည် မဟာဇာတ်လမ်းတွဲကြီး ဖြစ်သဖြင့် နောက်ဆုံးနေ့ ဇာတ်သိမ်းပိုင်းကို မည်သည့်နေ့ရက်တွင် ရှုစားကြရမည် ဆိုသည်ကို ထုတ်လွှင့် ပြသလျက်ရှိသည့် ရုပ်မြင်သံကြား ဌာနမှပင် မသိရှိသေးကြောင်း သတင်းရရှိသည်။

(အိမ်သာနတ်)

သတင်း ခေါင်းစဉ်

ငလျင်ငယ်များ လှုပ်ခတ်နေဆဲ

Fukushima နျူကလီးယား ဓာတ်အားပေးစက်ရုံကိုထိန်းထားနိုင်စပြု

နျူကလီးယား ဓာတ်ရောင်ခြည်လျော့ကျလာ

လျှပ်စစ်မီးကို နေရာအနှံ့အပြားမှာချွေတာ

ဒုက္ခသည်စခန်းများသို့ စားနပ်ရိက္ခာများ စတင်ဖြန့်ဝေ

လမ်းဘေးဖုန်းများမှ ပြည်တွင်းပြည်ပအခမဲ့ခေါ်ဆိုနိုင်မှုအစီအစဉ်ရပ်ဆိုင်း

နိုင်ငံခြားသားများ အမိမြေသိုပြန်ကြ၍ အလုပ်သမားမလုံလောက်မှုဖြစ်ပေါ်နေ

(ပေးပို့သူ- ပရလောကသားများ)

Sunday, March 20, 2011

သပိတ်ကျင်း နျူးကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲနိုင်ခြေ မရှိ

ဒီကနေ့ မြန်မာ့တပ်မတော်မှာ နျူးကလီးယား ဓါတ်ပေါင်းဖိုတစ်လုံးကို မန္တလေးမြို့အထက်ဘက်က သပိတ်ကျဉ်းမှာ စမ်းသပ်တည်ဆောက်ခဲ့ပါတယ်။ အဲဒီ ဓါတ်ပေါင်းဖိုဟာ ပေါက်ကွဲနိုင်ခြေမရှိဘူးလို့ သိရပါတယ်။ ဘာကြောင့် မပေါက်ကွဲရသလဲ ဆိုတဲ့ အဖြေကိုတော့ အောက်ပါ ဗွီအိုအေ အင်တာဗျူးမှာ မူရင်း အတိုင်း ဖတ်ရှုနိုင်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးစိုင်းသိန်ဝင်းခင်ဗျ၊  မြန်မာစစ် အစိုးရဟာ nuclear reactor ဓါတ်ပေါင်းဖို တည်ဆောက်ဖို့ ဆန္ဒဟာ အလွန်ပြင်းပြစွာရှိခဲ့တယ်ဆိုတာ၊ ဗိုလ်မှူးတို့က ပိုသိတယ်။ အားလုံးပြောနေကြတာက မန္တလေးအထက်က သပိတ်ကျင်းနားမှာ နျူးကလီးယား ဓါတ်ပေါင်းဖို တစ်ခု တည်ဆောက်ထားတယ်၊ အဲဒီတော့ ဒီဓါတ်ပေါင်းဖိုနဲ့ပတ်သက်လို့၊ ဗိုလ်မှူး ဘယ် လောက် ကျနော်တို့ကို၊ အပြင်စည်းသတင်းအရ ပြောပြနိုင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီဓါတ်ပေါင်းဖိုက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက "ဒေါက်တာ" တွေ စမ်းသပ် တည်ဆောက်ထားတဲ့၊ nuclear reactor ပါဆိုပြီးတော့၊ ငါးမူးသံပိုက်လုံးကြီးကို ခွေပြီးတော့ လုပ်ထားတဲ့ reactor အတုကြီး ပါပဲ။


ဦးရော်နီညိမ်း။ ။ အဲဒီ သပိတ်ကျင်းမှာ သွားဆောက်တဲ့အခါမှာ၊ ပညာရှင်တွေကို မွေးထုတ်တာ ဗိုလ်မှူးတို့ နဲ့အတူတူ ရုရှကိုသွားတဲ့ အသုတ်တွေထဲက ပါလားခင်ဗျ။ ဘယ်ကနေပြီးတော့ ပညာရှင်တွေကို ရှာယူပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါတွေကတော့ ကျနော်တို့ “ရူပဗေဒထူးချွန်” ဆိုပြီးတော့ (၁၀)တန်းမှာ အမှတ် များတယ်၊ ဆရာဝန်အင်ဂျင်နီယာတွေလည်း မဖြစ်ဘူး၊ သို့သော် အမှတ်များတယ် ဆိုပြီးတော့၊ ရိုးရိုး Physics ဘွဲ့ရ ထူးချွန်တဲ့ကျောင်းသားတွေကို Nuclear Physics ဆိုပြီးတော့ YIT (Yangon Institute of Technology - ရန်ကုန်စက်မှုတက္ကသိုလ်) မှာ၊ သူတို့ကို Master (မဟာသိပ္ပံဘွဲ့) ပေးတယ်။ Master ရပြီးတဲ့ လူတွေက၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှာ အလုပ်လုပ်ကြတယ်။ အဲဒီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှာပဲ research (သုတေသနလုပ်ငန်း) တွေ ဘာတွေ လုပ်ပြီးတော့ Ph.D (ပါရဂူ) ဘွဲ့ပေးလိုက်တယ်။ "ဒေါက်တာ" အဖြစ်ပေါ့။ Nuclear Scientist (နျူးကလီးယားသိပ္ပံပညာရှင်) တွေ ဖြစ်လာတယ်။

ဦးရော်နီညိမ်း။ ။ ရန်ကုန်တက္ကသိုလ်က ပေးတဲ့ Ph.D လား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ခင်ဗျ။ Ph.D ဘွဲ့ကတော့ ဒီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ပေးတဲ့ Ph.D လို့ပဲ ကျနော်တို့ အကြမ်းဖျဉ်း နားလည်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီ nuclear reactor အတုကြီးဆိုတာ ဘယ်လိုဟာပါလဲခင်ဗျ၊ ဗိုလ်မှူး အပြင် စည်းသတင်း သိထားသလောက် ကျနော်တို့ကို ပြောပြပေးပါလား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါက ဒီလိုခင်ဗျ၊ အဲဒီ Vienna (ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာ အဏု မြူစွမ်းအင် အေဂျင်စီ Inetrnational Atomic Energy Agency ရှိရာ ဥရောပသြစတြီးယားနိုင်ငံမှ မြို့တော် ဗီယင်နာ) မှာ nuclear seminar (နျူးကလီးယားဆိုင်ရာ ဆွေးနွေးနှီးနှောဖလှယ်ပွဲ) တစ်ခုကို တက်ဖူးတဲ့၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက "ဒေါက်တာ" တစ်ယောက်က၊ သူက အဲဒီကနေပြီးတော့ စာတမ်းတစ်ခု ယူလာ ခဲ့တာပေါ့။ တခြားနိုင်ငံကပညာရှင် တစ်ယောက် ဖတ်တဲ့ စာတမ်းပေါ့လေ။ အဲဒီစာတမ်းမှာ သူက reactor ပုံစံတူလေးပေါ့၊ ပုံလေး တစ်ပုံကို တွေ့တယ်။ တွေ့တဲ့အခါကျတော့၊ သူ့ကို (၀န်ကြီး) ဦးသောင်းက nuclear reactor ဆောက်ခိုင်းရော။ ဆောက်ခိုင်းတဲ့အခါကျတော့ သူ ကြံရာမရ ဖြစ်သွားတယ်။ မလုပ်တတ်တဲ့အခါကျ တော့၊ အဲဒီပုံထဲမှာ ပါတဲ့အတိုင်းပဲ သူက အဲဒီပုံစံလေးကို သံထည် ပစ္စည်းတွေ ၀ယ်ပြီးတော့၊ လှိုင်သာယာ စက်မှုဇုံမှာ သွားပြီးတော့ ပုံစံတူ လုပ်လိုက်တာပါ။ အဲဒီ reactor နဲ့ ပုံချင်းတူတဲ့ ပစ္စည်းတစ်ခုပေါ့။ အဲဒီလိုမျိုး လုပ်လိုက်တာပါ။ အဲဒါကို လူကြီးတွေ လာတဲ့အခါကျတော့၊ “ကျနော်တို့ စမ်းသပ်တည် ဆောက်ထားတဲ့ nuclear reactor ပါ” ဆိုပြီးတော့ ဒါကို ပြတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီလိုမျိုး Made in Hlaing Thar Yar နျူကလီးယားဓါတ်ပေါင်းဖိုကြီး တည်ဆောက် ထားတယ် ဆိုတာကို၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်း အပါအ၀င် နျူးကလီးယားကို အရမ်းစိတ်ဝင်စား နေကြတဲ့ တပ်မတော်ခေါင်းဆောင်တွေကော မြန်မာစစ်အစိုးရခေါင်းဆောင်တွေကော မသိကြဘူးလား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီဥစ္စာက ကျနော်တို့ (ရုရှပြန်) နျူးကလီးယားဘာသာရပ် သွားသင်လာတဲ့ အရာရှိတွေက သပိတ်ကျင်းကို ရောက်တဲ့အခါကျတော့၊ အကုန်ပေါ်လာတယ်ဗျ။

@HP

VOA မြန်မာပိုင်း တပ်မှူးတပ်သား ပြောစကားမှ တိုက်ရိုက်ထုတ်နှုတ် တင်ပြသည်။ 
အပြည့်အစုံဖတ်ရန်(Click Here)

ဂျပန်နိုင်ငံမှ ၀င်ရောက်လာသော ခရီးသည်များကို ရန်ကုန်လေဆိပ်တွင် ကြပ်မတ် စစ်ဆေး

ခေတ်မီ တိုးတက်သော မြန်မာပြည်တွင် နိုင်ငံခြားမှ ၀င်ရောက်လာနိုင်သည့် မလိုလားအပ်သော ကျန်းမာရေး ထိခိုက်စေနိုင်သည့် ဖြစ်စဉ်များ  ကြိုတင်ကာကွယ်ရေး အစီအစဉ်အရ မြန်မာပြည်ကို ဖြတ်သန်း တိုက်ခိုက်သော လေထု (သို့မဟုတ်) ရွာချလာသော မိုးရေ များတွင် ဂျပန်နိုင်ငံ နျူးကလီးယား ဓာတ်ပေါင်းဖိုမှ ထွက်ပေါ်လာနိုင်သော ရေဒီယို သတ္တိကြွမှုများ ပါဝင် နိုင်ခြင်း ရှိမရှိ ကို စောင့်ကြည့်လေ့လာနေကြောင်း သိရသည်။

(Photo: Popular)

ထို့အတူ (၁၈-၀၃-၂၀၁၁) နေ့မှ စ၍ မြန်မာပြည်သို့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ၀င်ရောက်လာသော ခရီးသည်များတွင် ရေဒီယို သတ္တိကြွဓာတ်များ ပါဝင်မှု ရှိမရှိ သိနိုင်ရန် စစ်ဆေးလျက်ရှိရာ ၀င်ရောက်လာသော ခရီးသည်တဦးချင်း ကို "ရေဒီယို သတ္တိကြွ ဓာတ်များ ပါသလား၊ ပါသလား" ဟု မေးမြန်း လျက်ရှိကြောင်း သတင်း ရရှိသည်။

ထူးခြားမှု အဖြစ် ဂျပန်နိုင်ငံမှ လာကြသော ခရီးသည်များကို ရေဒီယို သတ္တိကြွ ဓာတ်များ ကိုယ်တွင် ကပ်ပါလာမှု ရှိမရှိ တိုင်းတာသော ကရိယာ ကြီးများဖြင့် တိုင်းတာနေသည် ကိုတွေ့မြင်ခဲ့ရကြောင်း နိုင်ငံခြားမှ ပြန်ရောက်လာသူ တဦးက ပြောပြသည်။

ထိုကဲ့သို့ တိုင်းတာနေမှုများကို တိုင်းမှူး အဆင့်ရှိသူ ကိုယ်တိုင် လာရောက်ကြည့်ရှုပြီး ဂျပန်နိုင်ငံမှ မြန်မာပြည်သို့ ပြည်တော် ပြန်လာသူများ အနေဖြင့် ရေဒီယို သတ္တိကြွဓာတ်များ ကိုယ်တွင် ကပ်ငြိမပါလာစေရန် အတွက် ရေချိုးပြီးမှသာ လာရောက်ကြရန် လမ်းညွန် မှာကြားနေသည်ကို တွေ့မြင်ရကြောင်း လေဆိပ်တွင် ကြုံတွေ့ရသူ တဦးက ပြောသည်။

tein007 @mmcybermedia

Saturday, March 19, 2011

အမေရိကန်ပြည်ထောင်စုကို နဂါးကြီးက အုပ်ချုပ်လျက်ရှိ

အမေရိကန် ပြည်ထောင်စုကို သမ္မတ အဖြစ် အုပ်ချုပ်နေသူမှာ နဂါးကြီး ဖြစ်ကြောင်း ခိုင်လုံသော သတင်းတပုဒ်က ဆိုသည်။

ယခုကဲ့သို့ နဂါးကြီး ဖြစ်ကြောင်းကို အမေရိကန် သမ္မတ အိုဘားမား ကိုယ်တိုင်က အတည်ပြု ပြောကြားခဲ့သည်။

"ကျွန်တော်ဟာ နားရွက် ကားကားကြီးတွေရှိတဲ့ နဂါးကြီး (နားကား ကြီး) ဖြစ်ပါတယ်။ နားရွက်ကားတဲ့ အတွက် ကလေးဘ၀တုန်းက တခြား ကလေးငယ်တွေရဲ့ ရန်စတာကို ခံခဲ့ရဖူးပါတယ်" ဟု အိမ်ဖြူတော်တွင် ကျင်းပသော ကျောင်းတွင်း ရန်လိုရန်စခြင်း ကာကွယ် တားဆီးရေး ညီလာခံကို တက်ရောက်လာကြသည့် ဆရာဆရာမများ၊ မိဘများနှင့် အစိုးရ အရာရှိများကို ပြောကြားသော အိုဘားမား၏ မိန့်ခွန်းတွင် တွေ့ရသည်။

ထို့ကြောင့် အိုဘားမားသည် နဂါးကြီး ဖြစ်သည်။


(Photo: moonbattery)

Friday, March 18, 2011

တိုကျို မြန်မာသံရုံးမှ ကူညီနေပါတယ်

ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာ

ဂျပန်ရောက် မြန်မာအချို့ကတော့ အိမ်ပြန်ကြဖို့ မြန်မာသံရုံးမှာ တန်းစီနေကြပြီ လို့ သိရပါတယ်။

Passport သက်တမ်းကုန်လို့ သက်တမ်းတိုးမယ်ဆိုရင် ယန်း ၈၅၀၀ 
1 USD = 81 Yen today

ကျောင်းသား/သူ အခွန်ကင်းရှင်းကြောင်းထောက်ခံစာ ယန်း ၃၀၀၀

Work Visa တွေက တစ်လကိုအနည်းဆုံး ယန်း တစ်သောင်း အခွန်ဆောင်ရတယ်

မြန်မာသံရုံးက ဂျပန်ငလျင်ကိုအကြောင်းပြုပြီး ဒီနှစ် ဘတ်ဂျက်အမီ graph ဇယားမှာ မြှားက နတ်ပြည်ကိုတက်စောင့်မှာကျိန်းသေပါတယ်

ရန်ကုန်က အကောက်ခွန်ကလည်း ကြက်သွန်လှီးတဲ့ဓားနဲ့ပါးစပ်ကြီးဟပြီးစောင့်နေကြတယ်

မျက်ဖြူဆိုက်လေဆရာကြိုက်လေဆိုတာ ဒါမျိုးပေါ့

@ပရလောကသားများ

သြစတြေးလျ ပင်လယ်ပြင်တွင် ငမန်းကိုက်ခံရသော အမျိုးသမီးတဦး ဗြိတိန်နိုင်ငံ ကမ်းခြေရောက်အောင် ရေကူးခတ်နိုင်ခဲ့ကြောင်း ကမ္ဘာသိမြန်မာ့အလင်း သတင်းစာကြီး ဖော်ပြ

သြစတြေးလျနိုင်ငံ Nelson ပင်လယ်အော်တွင် အမျိုးသမီးတဦး ငမန်းကိုက်ခံရသည်။ ဖြစ်ပွားသော နေရာမှာ New South Wales ပြည်နယ်၊ Newcastle အနီးတွင် ဖြစ်သည်။ ABC News တွင် ငမန်းကိုက်ခံရမှု ဖြစ်ပွားသော သြစတြေးလျနိုင်ငံရှိ တည်နေရာကို မြေပုံနှင့် တကွ ဖော်ပြသည်။

(ABC News)

အဆိုပါ အမျိုးသမီးသည် သြစတြေးလျတွင် ငမန်းကိုက် ခံရသော်လည်း အင်္ဂလိပ် Premier League မှ Newcastle United ဘောလုံးအသင်းကို အားပေးရန်အတွက် ဗြိတိန်နိုင်ငံ ပင်လယ်အော်တခုသို့ ရောက်အောင် ရေကူးကာ သွားရောက်ခဲ့သည်ဟု လန်ဒန်မြို့မှ သတင်းထုတ်ပြန်ကြောင်း၊ အဆိုပါ အမျိုးသမီးသည် ဗြိတိန်နိုင်ငံတွင်လည်း ငမန်းတကောင်၏ တိုက်ခိုက်မှုကို ထပ်မံခံခဲ့ရကြောင်း၊ ဗြိတိန်မီဒီယာများက ဖော်ပြသည်ဟု ယနေ့ (မတ်လ ၁၈ ရက်) ထုတ် ကမ္ဘာသိ မြန်မာ့အလင်း သတင်းစာကြီးက ရေးသားဖော်ပြလိုက်သည်။ ထိုကဲ့သို့ အံ့သြဖွယ်ရာ ရေကူးခတ်သွားခဲ့သော ငမန်းကိုက်ခံရသူ အမျိုးသမီးအကြောင်းကို တကမ္ဘာလုံးက စိတ်ဝင်စားနေကြပြီး သတင်းဖော်ပြသည့် မြန်မာ့အလင်း သတင်းစာကြီးကိုလည်း တကမ္ဘာလုံးက အံ့သြလျက် ရှိကြောင်း သတင်းရရှိသည်။

(Myanma Alin News. page 11)

ABC News
New South Wales မှ Newcastle ဟာ ဘယ်နိုင်ငံမှာ ရှိပါသလဲ သိချင်ရင် ..

@B-W

မြန်မာပြည်မြောက်ပိုင်းတွင် "နွား" တကောင် ပျောက်ဆုံး၊ အဆိုပါ ပျောက်ဆုံးသော "မြင်း" ကို ရှာမတွေ့ဖြစ်နေ

နွားပျောက် မြင်းပျောက်ပုံပြင် (အင်တာနက် မှရယူပါသည်)

-မြန်မာပြည် မြောက်ပိုင်း တောင်ထိပ်တခုပေါ်တွင် သေဌေးကြီး ဦးလာဘ ပိုင်ဆိုင်သည့် နွား တကောင် မြက်စားနေယင်း ပျောက်ဆုံးသွားခဲ့သည်။ အဆိုပါ ပျောက်ဆုံးသွားသည့် မြင်း ကို ပြန်လည် ရှာတွေ့ရန် ခက်ခဲသွားပြီ ဖြစ်ကြောင်း သိရသည်။

"သေဌေးကြီးရဲ့ နွား က ဒေါ်ဒွယ် တောင်ပေါ်ရဲ့ အမြင့်ပေ ၁၅၀၀၀ လောက်မှာ ပျောက်သွားတာ၊ ပြန်လိုချင်တာကတော့ အမှန်ပဲ။ ဦးလာဘကလဲ ပျောက်သွားတဲ့ ဒီ မြင်း ကို အမှတ်တရ အဖြစ်ထားချင်တယ်။ ဒါပေမဲ့ သူ့ကို ပြန်တွေ့ဖို့ကတော့ ခဲယဉ်းသွားပါပြီ" ဟု အရူး ဖောင်ဒေးရှင်းမှ တာဝန်မဲ့သူ တဦးက ပြောသည်။

ဒေါ်ဒွယ် တောင်ပေါ်တွင် ဖေဖော်ဝါရီ ၃၁ ရက်က အရူးများ ဂရု(ပ်) ကုမ္ပဏီ ဥက္ကဌ ဦးလာဘ နှင့် နွားကျောင်းသား၊ နွားကျောင်းသူ ၅ ဦး (စုစုပေါင်း  ဦး။ မှတ်ချက်- ဤသတင်း ရေးသူသည် သင်္ချာ မတတ်ပါသဖြင့် ၁ နှင့် ၅ ပေါင်းလျှင် ၇ သည်ဟု ထင်ပါသည်) နွားကျောင်းထွက်ရာတွင် ဘီလူး ရေအိုင်အနီးတွင် နွား တကောင် ပျောက်ဆုံးသွားပါသည်။

"နွား ကို ဘီလူးရေအိုင်စောင့် ဘီလူးမင်းက စားသောက်သွားလို့ ပျောက်ဆုံးသွားရတာ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် အဲဒီ ပျောက်ဆုံးသွားတဲ့ မြင်း ကို ပြန်လည် ရရှိနိုင်ဖို့ ခဲယဉ်းသွားပါပြီ" ဟု အဆိုပါ တာဝန်မဲ့သူက ရှတ်ထွေး ပြသွားသည်။-

Related News

Thursday, March 17, 2011

လာနီညာ ရာသီဥတုကြောင့် မြန်မာပြည်တွင် အင်တာနက်လိုင်းများ အေးခဲသွား

လွန်ခဲ့တဲ့ (၂၄) နာရီ အတွင်းက ဟိမ၀န္တာ တောင်ခြေက လေအေးတွေဟာ တရုတ်ပြည်မကြီးပေါ်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားများ
ရပ်ဝန်းကြီးမှတဆင့် မြန်မာနိုင်ငံအတွင်းကို တိုးဝင်လာနေပါတယ်။

လွန်ခဲ့တဲ့ (၁၁-၃-၂၀၁၁) ရက်နေ့က စပြီးတော့ မြန်မာနိုင်ငံတ၀ှမ်းမှာ မိုးတွေကလည်း ရွာနေခဲ့ပါတယ်။ မတ်လဆိုတဲ့ အခုလို နွေခေါင်ခေါင်ကြီးမှာ မိုးတွင်းကြီးလို မိုးတွေရွာနေပြီး ဆောင်းတွင်းကြီးလို အေးခဲနေပါတယ်။

ဒါကြောင့်မို့လို့ လာနီညာရဲ့ အဆိုးဝါးဆုံး ရာသီဥတု အကျိုးဆက်တွေကို မြန်မာနိုင်ငံမှာ အခု စတင် ကြုံတွေ့ နေပြီလို့ မိုးဇလ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆိုပါတယ်။


တချိန်တည်းမှာပဲ အဲဒီ လာနီညာ ရာသီဥတုကြောင့် အင်တာနက်လိုင်းများ အေးခဲသွားရတဲ့အတွက် ကွန်နက်ရှင်များ နှေးကွေး သွားရတာ ဖြစ်တယ်လို့ မြန်မာအင်ဖိုတက်နဲ့ ရတနာပုံ တယ်လီပို့ တို့က သတင်း ထုတ်ပြန်လိုက်ပါတယ်။ 

ယခုအခါ ရန်ကုန်မှာ အရမ်းအေးနေပြီး အင်တာနက်သုံးစွဲရတာလည်း အရမ်း နှေးကွေးနေတယ်လို့ ရန်ကုန်မြို့ခံများက အတည်ပြုကြပါတယ်။

သတင်းဖတ်ရန် 
Myanmar Climate Change Watch ရဲ့ ထုတ်ပြန်ချက်

FIFA ဥက္ကဌသည် မြန်မာနိုင်ငံသား တဦးဖြစ်

FIFA ဥက္ကဌ ဆတ်-ပလာတာ (Sepp Blatter) သည် မြန်မာနိုင်ငံသား တဦး ဖြစ်ပြီး ဖခင် ဦးနံပြားနှင့် မိခင် ဒေါ်စမူဆာ တို့မှ ဖွားမြင်သည်။ ငယ်စဉ်က ဘယာကြော် ရောင်းခဲ့သည်။ ထို့နောက် ဘယာကြော်ထက် အဆင့်မြင့်သည့် "ဆတ်သား ပလာတာ"ကို ရောင်းချခဲ့သဖြင့် "ဆတ်-ပလာတာ" ဟု အမည်တွင်သည်။ ၄င်း ရောင်းချခဲ့သည့် ဆတ်သား ပလာတာမှာ ဆတ်သား အစစ်ဖြင့် ပြုလုပ်ထားခြင်း ဟုတ်မဟုတ် ယနေ့တိုင် အတိအကျ မသိရသေးပေ။

ဆတ်-ပလာတာသည် အပိုဝင်ငွေရရှိရန် ကွင်းပြင်ထွက်လာသည့် ဘောလုံးများကို ကောက်ပေးရသည့် "ဘောကောက်" အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ ဘောလုံး ကောက်ရာတွင် ကျွမ်းကျင်သဖြင့် SEA Games "ဘောကောက်"၊ Asian Games "ဘောကောက်"၊ အိုလံပစ် "ဘောကောက်"၊ ကမ္ဘာ့ဖလား "ဘောကောက်" စသည်ဖြင့် အဆင့်ဆင့် လုပ်ကိုင်ခဲ့ပြီး၊ နောက်ဆုံးတွင် FIFA ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဖြစ်လာခဲ့သည်။


အသား ပလာတာစားရန် ပြင်ဆင်နေသော ဆတ်-ပလာတာ (Photo: Irrawaddy)

ဆတ်-ပလာတာသည် သူ၏ ဇာတိမြေ မြန်မာပြည်သို့ ရောက်ရှိနေစဉ် အတွင်း သူအလွန် ကြိုက်နှစ်သက်ပြီး ကိုယ်တိုင် ရောင်းချခဲ့ဖူးသည့် ဆတ်သားပလာတာကို စားသောက်ခဲ့သည်။ သို့သော် မြန်မာ သေဌေးကြီးများ တည်ခင်းသည့် "ဆတ်သား ပလတာ" မှာ အတုဖြစ်ကြောင်း၊ ဆတ်သား မဟုတ်ဘဲ ခွေးသားဖြင့် ချက်ပြုတ်ထားခြင်း ဖြစ်ကြောင်း ပလာတာ အထူးကျွမ်းကျင်သူ ဆတ်-ပလာတာက ဖော်ထုတ်သွားခဲ့သည်။

ဆတ်-ပလာတာ အကြောင်း လေ့လာရန်

Wednesday, March 16, 2011

Breaking News

မတ် ၁၆ ည ၁၀:၃၆

Ibaraki ခရိုင်ကိုဗဟိုပြု၍ငလျင်လှုပ်ပါတယ်။ ပြင်းအား ၅
( Ibaraki ခရိုင်ဟာ နိုင်ငံရေးအကျဉ်းထောင်ရှိရာနေရာဖြစ်ပါတယ် )
တိုကျိုမှာတော့ ပြင်းအား ၃ နဲ့လှုပ်သွားပါတယ်
၁၀:၅၈ အထိ ငလျင်ငယ်များဆက်လက်ဖြစ်ပွါးပါတယ်

@ပရလောက

လူအများ အတိဒုက္ခရောက်နေချိန် မြန်မာသေဌေးကြီးများ ကခုန်

ဂျပန်တွင် လူပေါင်းများစွာ သေကြေ အတိဒုက္ခရောက်ချိန်တွင်
လူသားချင်း စာနာမှု၊ စိတ်မကောင်း ဖြစ်မှု စိုးစဉ်းမျှ မရှိဘဲ 
ပျော်ရွှင်စွာ ကခုန်နေသော ၀ိသမလောဘ ခေတ်ပျက် သေဌေးကြီးများ
(Photo: Irrawaddy)

ဂျပန်ပြည်သူများ အကြီးအကျယ် အတိဒုက္ခရောက်သည့် အတွက် တကမ္ဘာလုံးက စိတ်မကောင်း ဖြစ်နေချိန်တွင် မြန်မာပြည်မှ ၀ိသမ လောဘ စီးပွားရေးသမား ခေတ်ပျက် သေဌေးကြီးများသည် အပျော်ကြီး ပျော်ကာ ကခုန် မြူးထူး နေကြကြောင်း သတင်းရရှိသည်။

တဟားဟား ရယ်မောကာ ကခုန် နေကြသော စစ်အစိုးရနှင့် နီးစပ်သည့် ဘယ်သူသေသေ ငတေမာပြီးရော ၀ိသမလောဘ စီးပွားရေး သမားကြီးများသည် ဂျပန်ပြည်တွင် သဘာဝ ဘေးဒဏ်ကြောင့် မော်တော်ကားပေါင်း မြောက်များစွာ ပျက်စီးသွားသဖြင့် အဆိုပါ ကားများကို အချောင်နှိုက်ရန် ကြံစည် ကြိုးကုတ်နေကြသည်ဟု ၄င်းတို့နှင့် နီးစပ်သော စီးပွားရေး သတင်းရပ်ကွက်တခုက ဆိုသည်။ ယခုကဲ့သို့ ပျက်စီးသွားသော ကားများကို အချောင်နှိုက်ကာ၊ မြန်မာပြည်သို့ တင်သွင်းပြီး အမြတ်အစွန်း မြိုးမြိုးမြက်မြက် ရနိုင်ခြေ ရှိသဖြင့် အလွန်မြူးထူးနေကြသည်ဟု သိရသည်။

ဝိသမလောဘ ခေတ်ပျက် သေဌေးများသည် ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုသည့် အတိုင်း တောမီးလောင်နေချိန်တွင် တောကြောင် လက်ခမောင်းခတ်ကာ၊ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသကဲ့သို့ မြူးထူးကခုန်နေသည်ကို အထက်ပါ ဓာတ်ပုံက သက်သေပြနေသည်။

(Photo: Getty Images/ Moemaka)

@M.G

သတင်း မျှဝေပါသည်

မနေ့ည ၁၀:၃၁ Shizuoka ခရိုင်မှာလှုပ်ခဲ့သောငလျင်နှင့်ပါတ်သက်၍
Shizuoka မှာ မြန်မာအများအပြားရှိနေလို့ မိဘဆွေမျိုးတွေလည်းစိတ်ပူနေမယ်လို့ထင်ပါတယ်
မြန်မာအများစုရှိတဲ့နေရာက Shizuoka ခရိုင်ရဲ့အလယ်ပိုင်းဖြစ်နေတဲ့အတွက် ပြင်းအား ၄ သာရှိတယ်လို့သိရပါတယ်
TV သတင်းမှာတော့ သေဆုံးသူမရှိ၊ ထိခိုက်ဒဏ်ရာရသူများသာရှိသည်လို့ သိရပါတယ်။

မိမိတို့ရဲ့ အခြေအနေကို မြန်မာပြည်မှ မိဘဆွေမျိုးများ သိစေဖို့
ဂျပန်နိုင်ငံ လမ်းဘေးဖုန်းများမှ ဖုန်းအခမဲ့ခေါ်ဆိုနိုင်ပါတယ်။ ပြည်တွင်းသာမက ပြည်ပသို့လည်း အခမဲ့ပါ။
အကြွေစေ့/ဖုန်းကဒ် ထည့်စရာမလိုပါ 24 hours free
ဖုန်းခေါ်ဆိုနည်း 00 10 10 95 + area code + destination number

ယနေ့ နေ့လည် ၁၂:၃၂
Chiba ခရိုင်အရှေ့မြောက်ပိုင်း
ပြင်းအား ၅ ၊ ဆူနာမီအတွက်တော့ ပူပန်စရာမရှိဟု သိရ။
တိုကျို ပြင်းအား ၃
Chiba ဟာ တိုကျိုကနေ ရိုးရိုးရထား စီးသွားရင် တစ်နာရီသာသာ

@ပရလောကသားများ

---

ဂျပန်ဝန်ကြီးချုပ် နာအိုတိုခန် က Fukushima စက်ရုံမှ နျူကလီးယား ဓာတ်ရောင်ခြည်တွေ အမြင့်ဆုံးအဆင့် ရောက်သွားပြီး အဲဒီနေရာနဲ့ ကီလိုမီတာ ၃၀ ပတ်လည်ရှိ လူတွေ အိမ်တံခါး ပိတ်နေကြဖို့ ကြေငြာလိုက်သည်။
Fukushima စက်ရုံမှ ဓာတ်ပေါင်းဖို အမှတ် (၂) အင်္ဂါနေ့ မနက် စောစောပိုင်းတွင် ပေါက်ကွဲခဲ့သည်။ သောကြာနေ့ နေလည် ငလျင်နဲ့ ဆူနာမီ ပြီးကတည်း လေးကြိမ်မြောက် ပေါက်ကွဲခြင်းဖြစ်သည်။

စွန့်စား လုပ်ဆောင်ခဲ့တဲ့ အလုပ်သမားတွေက အမှတ် (၂) ဓာတ်ပေါင်းဖိုကို ရေဒီယိုဓာတ်တွေ ယိုစိမ့်ပြန့်နှံ့မှု မဖြစ်အောင် ဟိုက်ဒရိုဂျင် ပေါက်ကွဲမှု လျှော့ချပေးနိုင်ခဲ့သော်လည်း ယနေ့ (၁၆ မတ်) နံနက် ၆ နာရီတွင် အမှတ် (၄) ဓာတ်ပေါင်းဖို ပေါက်ကွဲပြီး မီးလုံးကြီးများ တက်လာသည်။ အမှတ် (၄) ဓာတ်ပေါင်းဖို မီးစလောင်နေပြီဟု ၀န်ကြီးချုပ်က ကြေငြာလိုက်သည်။ အမှတ် (၃) ဓာတ်ပေါင်းဖိုလည်း ရေဒီယို ဓာတ်ရောင်ခြည် မြင့်တက်ပြီး ပေါက်ကွဲနိုင်ချေရှိသည်။


မှတ်ချက်။ ။ ဒီရေဒီယိုသတ္တိကြွမှုနှဲ့ ပါတ်သက်လို့
Fukushima ကနေ အနောက် ( သို့ ) အနောက်တောင်ကို လေတိုက်ပြီဆိုရင်တော့ တိုကျိုမြို့လည်း အခြေအနေ မကောင်းနိုင်ဘူးလို့ ဆိုပါတယ်။

အခုအချိန်အထိကတော့ Fukushima က အရှေ့ကို ဦးတည်တဲ့လေပဲတိုက်နေတာမို့ လေကြောင်းက ပင်လယ်ဘက်ကိုပဲ ဦးတည်နေပါတယ်။
တိုကျိုမြို့မှာ ရေဒီယိုသတ္တိကြွမှုကို တိုင်းတာနေပေမဲ့ အခုအထိတော့ ထူးခြားမှုတစုံတရာမတွေ့ရသေးပါဘူး။


@ပရ

Source of worry: This satellite image provided by the U.S. Institute for Science and International Security on Monday shows the stricken Fukushima No. 1 nuclear power plant and damage to the No. 1 and No. 3 reactors.
ISIS/KYODO PHOTO

Radiation fears grow after blasts

ဂျီတော့ထက်သာသည့်ဆားဗစ် မြန်မာ့ဆက်သွယ်ရေး လုပ်မည်

ဖော်ပြပါ မတ်လ (၂) ရက် နေ့စွဲနှင့်ထုတ်ပြန်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင့်လွင်နှင့် အိမ်သာနတ်တို့ ဆက်သွယ်မေးမြန်းလိုက်ပါသည်။

(Photo: MMCP/ Irrawaddy)

အိမ်သာနတ်။ ။ ဟုတ်ကဲ့ ဦးတင့်လွင်ခင်ဗျာ အခုကြေညာချက်ကို ဘာလို့ထုတ်ပြန်ဖြစ်သလဲဆိုတာ ဦးစွာ သိပါရစေခင်ဗျာ။

ဦးတင့်လွင်။ ။ ကျနော်တို့ မြန်မာ့ဆက်သွယ်ရေးကနေ ဒီ VoIP တွေကို လုပ်စားနေတဲ့ ကုမ္ပဏီ ၁၈ ခုကိုစပြီးနှိပ်ကွပ်ရာကနေ စိတ်ကူးစရတာဗျ။ အခုဆို ရန်ကုန်၊ မန္တလေးမြို့တွေမှာ Pfingo အကောင့်တွေကို စီးပွားဖြစ်ရောင်းနေတဲ့အေးဂျင့်တွေ ရှိတယ်လေ။ လူတွေက အင်တာနက်ကနေ နိုင်ငံခြားနဲ့ စကားပြောလို့ ရနေတော့ ကျနော်တို့ ဆက်သွယ်ရေးက ဖုန်းခေါ်ခတွေကျတယ်ဗျာ။ လက်ကိုင်ဖုန်းတွေဆိုလဲ အက်ဖ်အီးစီ ဒေါ်လာတွေနဲ့ ကောက်တော့ အဲဒီ့မှာလဲ ၀င်ငွေထိခိုက်လာတယ်ဗျာ။ ဒီကြားထဲ အေးဂျင့်တွေက VoIP ဆားဗစ်တွေရောင်းစားလာတော့ ဒါ နိုင်ငံတော်ကို ကွက်ကျော်ရိုက်တာပဲဗျာ။ အဲဒီ့တော့ ဘယ်လိုလဲဆိုတော့ အနောက်နိုင်ငံတွေက ထုတ်တဲ့ ဆားဗစ်တွေကို တန်ပြန် ဆန်းရှင်းလုပ်ဖို့ လုပ်တယ်။ ဒါကလဲ အမျိုးသားရေး ဦးတည်ချက် အရပါ။

အိမ်သာနတ်။ ။ ဟုတ်ကဲ့။ ဘယ်လိုမျိုးလုပ်ဖို့ အားထုတ်ပါသလဲ။

ဦးတင့်လွင်။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ အင်တာနက်ကို နိုင်ငံတော်ကပဲ လုပ်တာလေ။ ဒီတော့ အင်တာနက်ပေါ်က အနောက်နိုင်ငံ လွှမ်းမိုးမှုတွေကြီးစိုးတဲ့ ဒီ VZO Pfingo Skype Gtalk ဆားဗစ်တွေကို ဆန်းရှင်းလုပ်ပီး ပိတ်မယ်ဗျာ။ ဂျီတော့ထက် သာတဲ့ ဆားဗစ်ကို မြန်မာ့ဆက်သွယ်ရေးက လုပ်မှာပါ။

အိမ်သာနတ်။ ။ ဟုတ်ကဲ့။ ဘယ်လိုသာတဲ့ ဆားဗစ်လဲဗျာ။

ဦးတင့်လွင်။ ။ ဟာ ဒါကလဲ ဒေါ်လာနဲ့သုံးရမယ့်မယ့် ဆားဗစ်ပါ။ ဒါမှလဲ နိုင်ငံ့တော်ဝင်ငွေ တိုးလာမှာပါ။ ကွန်နက်ရှင်လဲ စိတ်ချ ပိတ်ကောင်းစေရမယ်။ မြန်မာ့ ရုပ်မြင်သံကြားအတိုင်း ကြည်လင်ပြတ်သားစေရမယ်။ ခုလောလောဆယ် အဲဒီ့ဆားဗစ်ကို နာမည်ပေးဖို့ ရွေးနေကြတယ်။

ဂျီတော့ထက် သာအောင် မြန်အောင် ဒရယ်တော့ (သို့) သမင်တော့ (သို့) သားပိုက်ကောင်တော့ ဆိုပြီးတော့လေ။ မြန်မာ့ဆက်သွယ်ရေးရဲ့ စေတနာတွေပေါ့ဗျာ။

အိမ်သာနတ်။ ။ ဟုတ်ကဲ့ အခုလို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက်ရော စေတနာတွေအတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

တီတီတီတီတူတူတူတူ တောက်

(အိမ်သာနတ် ဆက်သွယ်မေးမြန်းထားသည်)


VOA News
Irrawaddy

ဗိုလ်ချုပ်ကြီးများ သောတအာရုံ ချို့ယွင်း၊ ဂျပန်အစိုးရ၏ ဆဲဆိုခြင်းခံရ

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ဂျပန်တွင် ပြင်းထန်သော ငလျင်နှင့် ဆူနာမီ ရိုက်ခတ်မှု ဖြစ်ခဲ့ရာ မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ပြုတ်ကြီးများ တုန်လှုပ်သွားကြသည်။

ဗိုလ်ချုပ်ကြီး၊ ဗိုလ်ပြုတ်ကြီးများသည် အသက်အရွယ် ကြီးရင့်လာကြပြီ ဖြစ်သဖြင့် နားကောင်းကောင်း မကြားကြတော့ပေ။

ထို့ပြင် ငယ်စဉ်က အတန်းပညာကို ကောင်းစွာ မသင်ကြားခဲ့ကြဖူးသူများ ဖြစ်သဖြင့် ဆူနာမီကို မကြားဖူးကြပေ။

ထို့ကြောင့် "ဂျပန်တွင် ဆူနာမီ ဖြစ်ပြီ" ဟူသော သတင်းကို "ဂျပန်တွင် ဆူနေပြီ" ဟု နားကြားလွဲကြကြောင်း သိရသည်။

ဗိုလ်ချုပ်၊ဗိုလ်ပြုတ်ကြီးများ အနေဖြင့် အရှေ့အလယ်ပိုင်း တွင် ဖြစ်ပျက်ခဲ့သော လှုပ်ရှားမှုများ ဂျပန်သို့ ကူးစက်သွားပြီဟု ယူဆသဖြင့် ဆူပူမှု နှိမ်နင်းရန် မြန်မာစစ်တပ်ကို စေလွှတ်ကူညီမည်ဟု ဂျပန်အစိုးရထံ ကမ်းလှမ်းလိုက်သည်။ တချိန်တည်းတွင် လှုပ်ရှားမှုများသည် ဂျပန်ရောက် မြန်မာများဆီသို့လည်း ကူးစက်သွားပြီဟု ယူဆသဖြင့် ဆန္ဒပြခြင်း မခံရစေရန် ကာကွယ်သည့် အနေဖြင့် ဂျပန်ရှိ မြန်မာသံရုံးကို ပိတ်ပစ်ရန် ညွှန်ကြားလိုက်သည်။

သို့သော် အလွန်ပြင်းထန်သည့် သဘာဝဘေးဒဏ် ခံရသူများအပေါ် လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့သော ဗိုလ်ချုပ်၊ဗိုလ်ပြုတ်ကြီးများ၏ ပေါက်တတ်ကရ ကမ်းလှမ်းမှု အတွက် ဂျပန်အစိုးရက ၄င်းတို့ကို ဆဲဆို ကြိမ်းမောင်း လိုက်သော အခါတွင်မှ အမှန်တရားကို သဘောပေါက်သွားကြပြီး သံရုံးကို ပြန်ဖွင့်ရန် အမိန့်ထုတ်လိုက်ကြောင်း သတင်းရရှိသည်။


သံရုံးပိတ်လိုက်ဖွင့်လိုက် ကြေညာချက် (Photo: Naythit & Burmese Embassy Website)


@မြန်မာ့လူကလေး

သံရုံးသတင်း
Related News

Tuesday, March 15, 2011

Breaking News

အခု Tuesday ည ၁၀:၃၁ Shizuoka ခရိုင်မှာငလျင်လှုပ်ပါတယ်
ပြင်းအား ၆ ၊ လှုပ်ချိန်ကြာတယ်
Shizuoka ကိုဖုန်းခေါ်လို့မရသေး၊
တိုကျိုမှာလည်းနည်းနည်းကြမ်းသွားတယ်
Shizuoka ဟာ ကျည်ဆန်ရထားနဲ့သွားရင်
တိုကျိုကနေ တစ်နာရီပဲကြာပါတယ်

@ပရလောကသားများ

အဖြစ်မှန်အတိုင်း သိဖို့ အမှန်တကယ် လိုအပ်တဲ့ ကောလဟာလတခု


ဒီကောလဟာလသတင်းဟာ လူတွေကို သန်းနဲ့ချီပြီး အထိတ်တလန့် ဖြစ်စေနိုင်တဲ့ ကောလဟာလ ဖြစ်ပါတယ်။
မနေ့က စလို့ SMS နဲ့ရော အီးမေးလ်နဲ့ပါ ပြန့်တာ တွေ့ပါတယ်။
ကောလဟာလ မူရင်းက အောက်ပါအတိုင်းပါ။

BBC Flash news : Japan Government confirms radiation leak at Fukushima nuclear plants. Asian countries should take necessary precautions.
If rain comes, remain indoors first 24 hours. Close doors and windows. Swab neck skin with betadine where thyroid area is, radiation hits thyroid first. Take extra precautions.

Radiation may hit Philippine at around 4 pm today.

If it rains today or in the next few days in Hong Kong. Do not go under the rain. If you get caught out, use an umbrella or raincoat, even if it is only a drizzle. Radioactive particles, which may cause burns, alopecia or even cancer, may be in the rain.


အရေးမကြီးတဲ့ ကောလဟာလ တွေထက် ...
လူသား သန်းပေါင်းများစွာကို ထိတ်လန့်အောင်လုပ်တဲ့ ကောလဟာလ သတင်းကိုသာ ပြည်သူတွေ အမှန်အတိုင်း သိအောင် ဖြေရှင်းပေးဖို့ အရေးတကြီး လိုအပ်နေပါတယ် ဟု ရိုးသားစွာ ထင်မြင်မိပါတယ် ခင်ဗျာ။

'Radiation' text message is fake

A fake text message warning people that radiation from the Fukushima nuclear plant has leaked beyond Japan has been panicking people across Asia.

The SMS message, purporting to come from the BBC, has been circulating around Asian countries since Monday.

It warns people to take necessary precautions against possible effects of radiation.

The BBC has issued no such flash but the hoax has caused particular panic in the Philippines.

Some media reports suggest that workers and school children there were sent home after the rumours began to spread, prompting the Philippines government to issue an official denial.

Disasters such as that currently unfolding in Japan often trigger a rise in scam texts and e-mails intended to fool users into downloading malware or simply to spread panic.

The US Computer Emergency Readiness Team (US-CERT) has told computer users to be wary of potential e-mail scams, as well as fake anti-virus and phishing attacks regarding the Japan earthquake and the tsunami disasters.


"Such scams may contain links or attachments which direct users to phishing or malware-laden sites," it said.

In the Philippines, the Department of Science and Technology has held a press conference to reassure the public that they are safe even if radiation levels in Japan continue to rise.

On Tuesday morning, reactor 2 at the Fukushima Dai-ichi nuclear plant became the third to explode in four days.

Radiation has reached harmful levels but there is no suggestion that it is affecting anything other than the immediate area.

Officials have extended the danger zone, warning residents within 30km (18 miles) to evacuate or stay indoors.

'Radiation' text message is fake (Click Here to Read)

မြန်မာနိုင်ငံတွင် အသေးစား ယူရေနီယမ် ဓာတ်သတ္တိကြွမှု ဖြစ်ပေါ်

အသေးစား ယူရေနီယမ် ဓာတ်သတ္တိကြွမှု မှတ်တမ်းတင် ဗီဒီယို (From: Burmese Classic)

လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက မြန်မာနိုင်ငံတွင် ရစ်ချတာ စကေး အလွန်မြင့်သော ကောလဟာလ ဂယက်ရိုက်ခတ်မှု ဖြစ်ပွားခဲ့သည်။ လူအသေအပျောက် မရှိကြောင်း Youtube နှင့် Facebook တွင် ပျံ့နှံ့သည့် ဗီဒီယို မှတ်တမ်းများ အရ သိရသည်။

အဆိုပါ ဂယက် ရိုက်ခတ်မှုကြောင့် စစ်အစိုးရ၏ နျူကလီးယား စက်ရုံများ ထိခိုက်မှု တစုံတရာ ရှိမရှိ အသေအချာ မသိရသော်လည်း အသေးစား ယူရေနီယမ် ဓာတ်သတ္တိကြွမှုတခုတော့ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

သို့ရာတွင် "အသေးစား ယူရေနီယမ်" (Little Uranium) မျှသာ ဖြစ်သဖြင့် ရေဒီယို သတ္တိကြွဓာတ်များ ပျံ့နှံ့မည်ကို စိုးရိမ်စရာ မလိုကြောင်း သိရသည်။


Click Here to Watch (FB)

မီးသတ်ကားများ ၀ီရိယ ကောင်းပြီ

မြန်မာရွှေ ပြည်တွင်..
မီးသတ်ကား များ သည်
မီးလောင် ပြီးဆုံးချိန် မှသာ
ရောက် လာတတ် မြဲ။

ယခု ...
မီးသတ်ကား များ ၀ီရိယ ကောင်း ပြီ
အခင်း မဖြစ်ပွားမီ စော စော ကြို ရောက် ပြီ။

မယုံလျှင်..
လှိုင်သာယာ စက်မှု ဇုံ အလုပ်သမား ဆန္ဒ ပြပွဲ များ တွင်
မီးသတ် ကား ကြီး များ ၀ီရိယရှိ စွာ
ကြို တင်ရောက်ရှိ နေခဲ့ကြောင်းးးးး

(ဂျော်ဒီး)


News (1)
News (2)

Monday, March 14, 2011

မြန်မာနိုင်ငံတွင် တနှစ်လျှင် စာရွက်ရေ သန်းပေါင်း ၅၄၀ ကျော် ဖြုန်းတီးလျက်ရှိ


မြန်မာနိုင်ငံတွင် ၁၅"x၂၁" အရွယ်အစားရှိ စာရွက်ရေ သန်းပေါင်း ၅၄၀ ကျော်ကို နှစ်စဉ် ဖြုန်းတီးလျက်ရှိကြောင်း ၀န်ကြီးပု ဦးကျော်ဆန်းက လွှတ်တော်အတွင်း အတည်ပြု ပြောကြားလိုက်သည်။

ဝန်ကြီးပုက နေ့စဉ် သတင်းစာ စောင်ရေ သုံးသိန်းကျော်၊ တလလျှင် ကိုးသိန်းကျော်၊ တနှစ်လျှင် စောင်ရေ ၁၀၈ သန်းကျော် ထုတ်ဝေကြောင်း၊ သတင်းစာ တစောင်တွင် စာမျက်နှာ ၂၀ ပါရှိပြီး၊ စာရွက်အချပ်ရေ အနည်းဆုံး ၅ ရွက် ပါရှိကြောင်း ပြောကြားသည်။

ထို့ကြောင့် တနှစ်လျှင် စောင်ရေ ၁၀၈ သန်းကျော် ရှိသည့် အတွက်၊ ပြည်သူလူထုအတွက် စာရွက် အချပ်ရေပေါင်း ၅၄၀ သန်းကို နှစ်စဉ် ပုံနှိပ်ထုတ်ဝေနေပါကြောင်း ၀န်ကြီးပုက ရှင်းပြသည်။ အဆိုပါ စာရွက် သန်းပေါင်း ၅၄၀ ကျော် တွင်ကြော်ငြာ အချပ်ပိုများ

မပါဝင်သေးပေ။

ဝန်ကြီး၏ ရှင်းလင်းချက်နှင့် စပ်လျဉ်း၍-

"အဆိုပါ သတင်းစာ စက္ကူများကို ယခင်က ငရုတ်သီးခြောက်၊ ငရုတ်သီးမှုန့် အစရှိသဖြင့် ထုတ်ပိုးရာတွင် အသုံးပြုခဲ့သည့်အတွက် သတင်းစာများသည် ပြည်သူလူထုအတွက် တခေတ်တခါက အလွန်အသုံးဝင်သည့် ပြည်သူ့ အကျိုးပြု ပစ္စည်းများ ဖြစ်ခဲ့ပါကြောင်း၊
သို့ရာတွင် ပလတ်စတစ် ကြွပ်ကြွပ်အိတ်များ အသုံးတွင်ကျယ် လာပြီးနောက်ပိုင်းတွင် သတင်းစာ စက္ကူများမှာ ပြည်သူအတွက်
အသုံးမ၀င်သည့် အရာများဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ တနှစ်လျှင် စာရွက်ရေ သန်းပေါင်း ၅၄၀ ကျော်ကို ဖြုန်းတီးရာ ရောက်ပါကြောင်း၊ ပြည်သူများ အနေဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့် အနေဖြင့် ကြွပ်ကြွပ်အိတ်များ အစား သတင်းစာ စက္ကူကိုသာ အကျိုးရှိအောင် သုံးစွဲစေခြင်းဖြင့် သတင်းစာ စက္ကူများကို ဖြုန်းတီးရာ မရောက်ပဲ အသုံးဝင်ပစ္စည်းများ အဖြစ် အသုံးပြုနိုင်စေရေးကို  ကြိုးပမ်းဆောင်ရွက် သင့်ပါကြောင်း" လွှတ်တော် ကိုယ်စားလှယ် ဦးကုန်စုံဆိုင်က အဆိုတင်သွင်းသည်။

အထက်ပါ အဆိုပြုချက်အပေါ် လွှတ်တော် ကိုယ်စားလှယ် ဦးဝမ်းနှုတ်ဆေးက ထောက်ခံဆွေးနွေးသည်။ ကိုယ်စားလှယ်တော်ကြီးက ဆွေးနွေးရာတွင် "သတင်းစာ စက္ကူများကို အိမ်သာသုံး စက္ကူအဖြစ်လည်း အကျိုးရှိစွာ အသုံးပြုသင့်ပါကြောင်း၊ သို့မှသာ တနှစ်လျှင် စာရွက်ရေ သန်းပေါင်း ၅၄၀ ဖြုန်းတီးခြင်းမှ ကာကွယ်ရာ ရောက်မည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်၍ သတင်းစာစက္ကူများ အလဟဿ ဖြုန်းတီးခြင်းမှ ကာကွယ်ရန် အဆိုပြုချက်ကို ထောက်ခံပြီး၊ ဖြည့်စွက် အဆိုပြုပါကြောင်း" ဆွေးနွေးသည်။

ဝန်ကြီးပုက ပြန်လည်ရှင်းလင်းရာတွင်- သတင်းစာများကို ပုံနှိပ်ရာတွင် အရည်အသွေး ညံ့ဖျင်းသည့် ဆေးများကို အသုံးပြုထားသဖြင့်၊ သုံးမိလျှင် သတင်းစာနှင့် ထိမိသော နေရာများတွင် ဆေးများ ပေကျံကာ မဲနက်သွားစေနိုင်သဖြင့် အိမ်သာသုံး စက္ကူအဖြစ် အသုံးပြုရန် လုံးဝ မသင့်တော်ပါကြောင်း၊ ကြွပ်ကြွပ်အိပ်အစား သတင်းစာ စက္ကူကို အသုံးပြုရန် ဆွေးနွေးချက်မှာလည်း ယိုစိမ့်စေတတ်သော ပစ္စည်းများကို ထုတ်ပိုးရန် မသင့်လျော်သည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ် တော်ကြီးများ၏ အဆိုကို ပြန်လည် ရုတ်သိမ်းပေးရန် မေတ္တာရပ်ခံ ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် လွှတ်တော်ဥက္ကဌက အဆိုများ အပေါ် ပြန်ကြားရေးဝန်ကြီးပုက ပြည့်စုံစွာ ရှင်းလင်း ဆွေးနွေးပြီး ဖြစ်ပါကြောင်း၊ ယင်းဆွေးနွေးချက်များအပေါ် လွှတ်တော် ကိုယ်စားလှယ်ကြီး များ၏ သဘောထားကို သိလိုပါကြောင်း မေးမြန်းရာ၊ အဆိုပြု လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက အလွန်တရာမှ ကျိုးကြောင်းခိုင်လုံစွာ ရှင်းပြသည်ကို တွေ့ရသည့် အတွက် မိမိတို့၏ အဆိုများကို ပြန်လည် ရုတ်သိမ်းလိုပါကြောင်း တင်ပြသည်။

ယင်းသို့ ကာယကံရှင်များက မိမိတို့၏ အဆိုများကို ပြန်လည် ရုပ်သိမ်းလိုကြောင်း တင်ပြခြင်းအပေါ် လွှတ်တော်က သဘောတူသည့်အတွက် ငရုတ်သီးမှုန့် ထုပ်ပိုးရေးနှင့် အိမ်သာသုံးစက္ကူများ အသုံးပြုရေး အဆိုများကို ပြန်လည်ရုပ်သိမ်းလိုက်ရကြောင်း သတင်းရရှိသည်။


Related News

"ထူး" ရဲ့ ထူးဆန်းသော လေယာဉ်

"မိမိတို့၏ ဒုက္ခခရီးကြမ်းတွင် ရရှိထားသော ပုံတချို့နှင့် နောက်ပိုင်း လှုပ်ရှားမှု ပုံများကို မိမိမိတ်ဆွေများ သိရှိနိုင်ရန်အတွက် ယခု (၇၅)နာရီကြာ ခရီးကြမ်း မှတ်တမ်းဓာတ်ပုံ စာအုပ်ကို ထုတ်ဝေအပ်ပါသည်" ဆိုသော Htoo Group of Companies မှ ထုတ်ဝေသည့် ဓာတ်ပုံ မှတ်တမ်းတွင် ထူးဆန်းသော လေယာဉ်တစီးကို တွေ့ရသည်။

(Photo: demowaiyan)

ဝီကီမြန်မာတွင် လေယာဉ်ပျံ ကို အောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုသည်။
"လေထက်လေးသော်လည်း လေထဲတွင် ပျံသန်းနိုင်သော စက်တပ် ယာဉ်ဖြစ်သည်။ လေထဲတွင် ပျံတက်ရန်အတွက် အတောင်ပံ နှစ်ဘက် ပါရှိသည်။ တပ်ဆင်ထားရှိသော အင်ဂျင်အမျိုးအစားပေါ် မူတည်၍ ဂျက်လေယာဉ် ၊ ပန်ကာတပ် လေယာဉ် ဟူ၍ အမျိုးမျိုး ရှိသည်။လေယာဉ်ပျံများသည် အများအားဖြင့် ၎င်းတို့ အဆင်း၊အတက်ပြုလုပ်နိုင် ရန်အတွက် သီးသန့်တည်ဆောက်ထားသော လေယာဉ်ကွင်း များတွင်သာ ရပ်နားလေ့ရှိကြသည်။"


Htoo Group of Companies က ဓာတ်ပုံနှင့်တကွ တင်ပြထားသော လေယာဉ် ၌ အဓိပ္ပါယ် ဖွင့်ဆိုချက်တွင် ဖော်ပြသည့် အတောင်ပံ နှစ်ဘက် ပါရှိသည်ကို မတွေ့ရသဖြင့် ထူးဆန်းသော လေယာဉ်အမျိုးအစားသစ် ဖြစ်ကြောင်း မှတ်ယူနိုင်လေသည်။

@သားသား

More Photos

Sunday, March 13, 2011

လေယာဉ်တစီး ရုရှားတွင် သေဆုံး၊ မြန်မာများ ပါဝင်ခြင်း မရှိ

(The Voice)

ရုရှားနိုင်ငံတွင် လေယာဉ်တစီး သေဆုံးသွားကြောင်း တနင်္လာနေ့ထုတ် The Voice ဂျာနယ်တွင် ရေးထားသည်။

မည်သည့်ရောဂါကြောင့် သေဆုံးကြောင်းကိုမူ ဖော်ပြထားခြင်း မရှိပေ။

လေယာဉ်ပေါ်တွင် အင်ဂျင်နီယာ နှစ်ဦး ပါဝင်သွားသည်ဟု ဆိုသည်။ ထိုသို့ စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ အင်ဂျင်နီယာများ၊ လေယာဉ်ပျံကို အထူးပြု မောင်းနှင်သူ လေယာဉ်မှူးများ လိုက်ပါသွားသည့် ကြားက ထိုလေယာဉ် သေဆုံးသွားခြင်း ဖြစ်သည်။ ထို ကျွမ်းကျင်သူများလည်း လိုက်ပါ သေဆုံးရရှာသည်။

ထိုသတင်းကို ပြည်ပအခြေစိုက် အနက်ရောင်အင်တာ သတင်းဌာနများ၊ အသံ ဦးစားပေး သတင်းဌာနများကလည်း ဖော်ပြကြသေးသည်။ မြန်မာစစ်အရာရှိ ၂ ဦးလည်း ထိုလေယာဉ်နှင့်အတူ လိုက်ပါ သေဆုံးကြသည်ဟု ၎င်းတို့သတင်းထဲတွင် ပါရှိသည်။

The Voice ဂျာနယ်သတင်းတွင်မူ မြန်မာစစ်အရာရှိ ၂ ဦးအကြောင်း စဉ်းငယ်မျှ ဖော်ပြခြင်း မရှိချေ။

ထိုသို့ ဖော်ပြမှု မရှိခြင်းနှင့် ပတ်သက်ပြီး အကဲခတ်များက အမျိုးမျိုး ပြောနေကြသည်။

“စစ်ဗိုလ်၂ယောက် လေယာဉ်ထဲ ပါသွားတယ်လို့ ပြည်ပအခြေစိုက် သတင်းဌာနတွေက ရေးလိုက်တာဟာ နောက်ပြောင်ချင်လို့ ရေးတာလည်း ဖြစ်နိုင်တယ်၊ မြန်မာစစ်အရာရှိတွေ လေယာဉ် မစီးရဲအောင် ခြောက်လှန့်တဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုပါပဲ လျှောက်ရေးနေကြတာပါဗျာ” ဟု “ပြည်ပရောက်တောအုပ်” အမည်ရှိ ဘလော်ဂါတဦးက သုံးသပ်သည်။

ပြည်ပရောက်တောအုပ်သည် “ညီညွတ်သော ဒီမိုကရေစီ ဘလော်ဂါ ဘောဂဗေဒ လေ့လာရေး ကျောင်းတော်သားစု (မြန်မာနိုင်ငံ)” ဟူသော အဖွဲ့၏ အထူး ညွှန်ကြားရေးမှူး ဖြစ်သည်။

သူ သုံးသပ်ပြသည့် ပြည်ပသတင်းသမားများ လက်ကမြင်းကြောထခြင်းဖြစ်သည်ဟူသော အချက်ကို အခြား အကဲခတ် တဦးကလည်း သဘောတူသည်ဟု ဆိုသည်။

The Voice ဂျာနယ်သည် မြန်မာစစ်အရာရှိ ၂ ဦး သေဆုံးခြင်း ရှိမရှိ အသေအချာ သိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရန်ကုန်တွင် အခြေစိုက် သောကြောင့် ဖြစ်ကြောင်း ကဗျာဆရာ သစ်ကောင်းအိမ်က ပြောသည်။

“သတင်းထောက်တွေ လျှောက်ရေးကြသလိုမျိုး မြန်မာစစ်အရာရှိ ၂ ဦးအကြောင်း သူတို့ဆီမှာ မပါတာ သတိထားမိပါတယ်။ စာပေစိစစ်ရေး ဆိုတဲ့ သားသတ်သမားတွေကို ကြောက်လို့ ထည့်မရေးတာတော့ မဖြစ်နိုင်ဘူး” ဟု ကမ္ဘာ့ ကုလသမဂ ကဗျာဆရာများဆိုင်ရာ မဟာမင်းကြီး သစ်ကောင်းအိမ်က သုံးသပ်ပြသည်။

The Voice ဂျာနယ်သည် စာပေစိစစ်ရေးဌာနကို ခေါင်းထဲ ထည့်ရန် လိုမည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ရေး ရနေပြီဖြစ်ကြောင်း မဟာမင်းကြီးက သုံးသပ်ပြသည်။ (သတင်းဖတ်ရန်)


©ဇာနည်ဝင်း

March 13


(Video: ethanhtooaung)

Actually, I could not describe March 13, 1988
In 1989, they changed the name of this institute ...
You know, they disliked the name "Rangoon Institute Of Technology", assuming "R-I-O-T", "riot" in their evil view ....
So, they frequently blamed this institute as a "riot" institute....
And, changed its name to "Yangon Institute Of Technology" (YIOT)
thinking that there would be nor more "riot"

because of their change from "RIOT" to "YIOT"... 

However,
Their "ယတြာ" could not prevent the institute's revolutionary Spirit of "March 13"....
 


ယတြာ-sth done in keeping with an astrologer's advice to avert impending misfortune

@SYMH

လေယာဉ်အဟောင်းတစီး MAI ထပ်မံဝယ်ယူ

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI ဟာ Cyprus လေကြောင်းမှာ သုံးစွဲပြီးဖြစ်တဲ့ လေယာဉ် အဟောင်းတစီးကို
ဝယ်ယူလိုက်တယ်လို့ သတင်းတပုဒ်က ဆိုပါတယ်။

MAI ဟာ လေယာဉ် လေးစီးနဲ့ ခရီးစဉ်များပျံသန်း ပြေးဆွဲနေတာ ဖြစ်လို့ အခုလေယာဉ်ဟာ MAI ရဲ့ ပဉ္စမမြောက် လေယာဉ်ဖြစ်ပါတယ်။

MAI မှာ လက်ရှိ ပြေးဆွဲနေတဲ့ လေယာဉ် အမှတ် XY-AGG နဲ့ XY-AGI တွေဟာ Adria Airways လေကြောင်းမှာ သုံးပြီးသား လေယာဉ် အဟောင်းတွေ ဖြစ်သလို၊ XY-AGL ဟာလဲ Cyprus Airways မှာ သုံးခဲ့တဲ့ လေယာဉ် အဟောင်း ဖြစ်ပြီး၊ လေယာဉ်အမှတ်

F-GYAO ကတော့ Swiss Air နဲ့ Air Méditerranée တို့မှာ အသုံးပြုခဲ့တဲ့ လေယာဉ် အဟောင်း ဖြစ်နေတာကို တွေ့ရပါတယ်။

လေယာဉ် ၀ယ်ယူတဲ့ သတင်းတွေကို မြန်မာ့အလင်း၊ ကြေမုံ စတဲ့ သတင်းစာတွေမှာ ဖော်ပြတဲ့အခါ "လေယာဉ်အသစ် တစ်စင်း ထပ်မံရောက်ရှိ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသား ဖော်ပြလေ့ ရှိပါတယ်။


Cyprus Airways sells aircraft to Myanmar Air for $6m

Cyprus Airways Ltd sold an A320 airplane to Myanmar Airways International Co Ltd for $6 million, according to an e-mailed statement from the Cyprus Stock Exchange. The transaction will generate an accounting profit of about €1.6 million , according to the statement.

အပြည့်အစုံသို့

ပန်ကြားချက်

ယခုလက်ရှိအခြေအနေတွင် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာ လူမျိုးများသည် ဆူနာမီအန္တရာယ်၊ ငလျင်ဒဏ်ကို ခံစားနေကြရပါသည်။ အဆိုပါ မြန်မာလူမျိုးနှင့် ဆက်စပ်သော အခြားနိုင်ငံပေါင်းစုံမှ မိသားစုဝင်များ၊ မိတ်ဆွေများမှ လည်း စိတ်ပူလျက်ရှိပါသည်။ အခြား မည်သည့်နိုင်ငံများသို့ ဆူနာမီ ဂယက် ဆက်လက် ဂယက်ရိုက်ဦးမည် မသိနိုင် သေးပါ။

သို့ဖြစ်ရာ ဆူနာမီအန္တရာယ် ကျရောက်ထားသော ဒေသမှ မိမိတို့၏ မိတ်ဆွေများ၊ သိကျွမ်းသူများ၊ လုပ်ဖော်ကိုင်ဖက်များ၏ အခြေအနေကို ဆက်သွယ်၍ ရနိုင်သော နည်းလမ်းများဖြင့် စုံစမ်းခြင်း၊ ပြည်တွင်း မိသားစုသို့ အကြောင်းကြားရန် လို အပ်သော အခြေအနေများရှိပါက ကောင်းသတင်း၊ ဆိုးသတင်းကို အကြောင်းကြားပေးခြင်း၊ မိမိတို့ အစုအဖွဲ့အလိုက် အရေးပေါ်ကူညီရန် ရံပုံငွေ ကောက်ခံထားရှိခြင်း၊ အားပေးစကားပြောကြားခြင်း၊ မတော်တဆ အနုမြူယိုစိမ့်မှု အန္တရာယ် ဖြစ်ပွားလာပါက မိမိနှင့် နီးစပ်သူများ အန္တရာယ်ကင်းလွတ်ရာသို့ ရောက်ရှိစေ ရန် လိုအပ်သည်များ ကူညီပေးခြင်း၊ စသည်တို့ဖြင့် ပြည်ပရောက် မြန်မာလူမျိုးများ အချင်းချင်း နီးစပ်ရာ အကူအညီပေးကြပါရန် လေးစားစွာ ပန်ကြားအပ် ပါသည်။

နေ့သစ် မှ တိုက်ရိုက် ထုတ်နှုတ်ဖော်ပြပါသည်။

Friday, March 11, 2011

ဆင်းရဲသားများအား အခမဲ့ဆေးကုကြောင်း ဆိုင်းဘုတ်များ ထောင်ထားသည်ဟု ကျန်းမာရေးဝန်ကြီးပြော

ကျင်းပဆဲ လွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော်အမတ်တွေရဲ့ မေးခွန်းတွေကို သက်ဆိုင်ရာ ၀န်ကြီးတွေက ဖြေကြားခဲ့ကြသလို အဆိုတွေကိုလည်း ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။

ဝင်ငွေနည်း ပြည်သူများအတွက် ဆေးကုသခွင့် အာမခံချက်ရှိတဲ့ အမျိုးသား ကျန်းမာရေး စနစ်တခု ထူထောင်ဖို့ဆိုတဲ့ အဆိုကို ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်က လိမ်ညာ ကွယ်ဝှက်မှု လုံးဝမပြုဘဲ အမှန်တရားအတိုင်း ဖြေကြားသွားခဲ့ပါတယ်။

ဝန်ကြီးက ဆင်းရဲသားများအတွက် ဆေးရုံတွေမှာ အခမဲ့ ဆေးကုပေးတယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ ထူထောင်ထားတယ် ဆိုတဲ့အကြောင်း၊ ဆေးပဒေသာပင်တွေ ဖွင့်ထားတယ် ဆိုတဲ့အကြောင်း၊ အလှူရှင်တွေရဲ့ လှူဒါန်းမှုကနေ ရတဲ့ ငွေကြေးကနေ

ဆေးဝါးတွေ ထောက်ပံ့နေတယ် ဆိုတဲ့အကြောင်း၊ အခမဲ့ ၀န်ဆောင်မှု ပေးထားတယ် ဆိုတဲ့အကြောင်း ဖြေကြားသွားခဲ့တာ တွေ့ရပါတယ်။

"ဟုတ်တယ်ဗျ၊ ကျန်းမာရေးဝန်ကြီး ပြောသွားတာ အမှန်တွေချည်းပဲ။ အခမဲ့ ဆေးကုပေးတယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ ထောင်ထားတယ်လို့ ပြောတာလေဗျာ။ သူက ဆိုင်းဘုတ်ထောင်တယ်လို့ပဲ ပြောတာလေ၊ အခမဲ့ ကုပေးတယ်လို့ မပြောပါဘူး ခင်ဗျ။ ဆေးပဒေသာပင်တွေ စိုက်ထားတာလဲ ဟုတ်မှာပါပဲ။ ဒါပေမဲ့ ဆေးပဒေသာပင်မှာ သီးပွင့်နေတဲ့ ဆေးပဒေသာသီးတွေကို အခမဲ့ခူးလို့ ရတယ်လို့ ၀န်ကြီးက မပြောပါဘူး။

ပြီးတော့ ဆေးဝါးတွေကို အစိုးရက ထောက်ပံနေတာ မဟုတ်ဘူး၊ အလှူရှင်တွေရဲ့ လှူဒါန်းမှုကနေ ထောက်ပံ့နေတာပါလို့ အစိုးရနဲ့ ပတ်သက်ပြီးတော့ မကွယ်မ၀ှက်ဘဲ အမှန်အတိုင်း ၀န်ခံ သွားပါတယ် ခင်ဗျာ။

အခမဲ့ ၀န်ဆောင်မှုကတော့ တချို့ဆေးရုံတွေမှာ အိမ်သာ အခမဲ့ တက်နိုင်တာကို ၀န်ကြီးက ပြောသွားတာ ဖြစ်ပါတယ်။" လို့ ဆေးရုံနဲ့ နီးစပ်သူတဦးက ပြောပြသွားပါတယ်။


ဆိုင်းဘုတ်များတော့ ၀န်ကြီးပြောသလို ထောင်ထားပါသည် (Photo: BSN)

သတင်း အပြည့်အစုံသို့

ဂျပန်မှာ အင်အားပြင်း ငလျင်လှုပ်


ပျက်စီးဆုံးရှုံးမှုများတဲ့ ဒီသဘာဝ ဘေးဒဏ်သတင်း မူရင်းတွေကို တင်ပေးလိုက်ပါတယ်။ သတင်းဌာနတွေက ပြင်းအား 8.9 လို့ရေးကြပေမဲ့ ဂျပန်သတင်းတပုဒ်မှာတော့ 7.9 လို့ရေးပါတယ်။

ကောင်းမှုတော် စေတီ၏ ယဉ်ကျေးမှုအမွေအနှစ် ဖျက်ဆီးမှု တိဗက်ဘုန်းတော်ကြီး ဒလိုင်းလာမား ကန့်ကွက်

စစ်ကိုင်းမြို့ရှိ ရှေးဟောင်း အမွေအနှစ်တခု ဖြစ်သော ရာဇမဏိ စူဠာ ကောင်းမှုတော် စေတီကြီးသည် စစ်အစိုးရ လက်ထက်တွင် အဖျက်အဆီးခံ စေတီပုထိုး တဆူအဖြစ် ရောက်ရှိနေပြီ ဖြစ်ကြောင်း တိဗက်ခေါင်းဆောင်၊ ဘုန်းတော်ကြီး ဒလိုင်းလာမားက ပြောဆိုလိုက်သည်။

မြတ်စွာဘုရား၏ ကိုယ်စားတော် စေတီမြတ်ကြီးကို ရှိခိုးဦးခိုက်ပါကြောင်း၊ သို့သော် ခေတ်သစ် ရွှေဆေးဖြင့် မွမ်းမံလိုက်သောကြောင့် မူလ ရှေးဟောင်း လက်ရာများ ပျက်စီးသွားသဖြင့် လှည့်ကြည့်ချင်စိတ်ပင် မရှိတော့ကြောင်း၊ လွန်စွာလည်း စိတ်မကောင်း ဖြစ်ရကြောင်း ဒလိုင်းလာမားက ဆိုသည်။ ကောင်းမှုတော် စေတီကို လှည့်မကြည့်ဘဲ တိဗက်ဘုန်းတော်ကြီး ရှိခိုးနေသည့်ပုံကို မြန်မာ သတင်းဘလော့ တခုတွင် ဖော်ပြထားသည်။

ဓာတ်ပုံကို-ဒီမှာ-ရှုပါ

စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ တ၀န်းရှိ စေတီ ပုထိုးများကို ပြုပြင်ပြောင်းလဲမှု အများအပြား ပြုလုပ်ခဲ့ပြီး သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးကွယ်ပျောက်ခဲ့ကာ ဆိုးကျိုးများသာ ဖြစ်ပေါ်ခဲ့ရသည်။

ယဉ်ကျေးမှု အမွေအနှစ်များကို ဖျက်ဆီးသည့် သတင်း
ဒလိုင်းလာမားသတင်း

အင်းဝဘုရင် သာလွန်မင်း ဖြစ်သွားတဲ့ ရခိုင်ဘုရင်

တရားစောင့်သော ရခိုင်ဘုရင် မင်းထီး အကြောင်းကို တတိယတန်း မြန်မာသမိုင်းဖတ်စာထဲမှာ သင်ကြားခဲ့ကြဖူးပါတယ်။ နန်းတော်တိုင်မှာ ကွမ်းစားပြီး ထုံးတို့မိတဲ့ အတွက် မိမိထုတ်ပြန်ခဲ့တဲ့ ဥပဒေကို ကိုယ်တိုင် အတိအကျလိုက်နာပြီး မိမိလက်ညှိုးကို သန်လျက်နဲ့ ဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ပေါင်းများစွာ ကြာညောင်းလာတဲ့ အခါ အဲဒီ ရခိုင်ဘုရင်ဟာ အင်းဝမှာ နန်းစံတဲ့ သာလွန်မင်းတရားကြီး ဖြစ်သွားရပါတော့တယ်။


@သူရ

ဒီမှာ ဖတ်ပါလေ

Internet in Burma


Courtesy: MrFireLove1

မြန်မာနိုင်​ငံမှ ပထမဦးဆုံး တီတွင်ခဲ့ေ​သာ မြန်နှုန်းနိ​မ့် ကွန်နက်ရှင်

(Photo: Myanmar Times)

ရတနာပုံ တယ်လီပို့မှ တစ်ခါ Click လုပ်ပီးလျှင် သုံးနှစ် အိပ်လို့ရသော ကွန်နက်ရှင်တစ်မျိုးကို ဆန်းသစ်တီတွင်လိုက်ြပီဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အင်တာနက် ကွန်နက်ရှင်မှာ မည်သည့်နိုင်ငံတွင်မှ စတင်သုံးစွဲခြင်း မရှိသေးပဲ မြန်မာနိုင်ငံမှ ပထမဦးဆုံး တီတွင်ခဲ့သော မြန်နှုန်းနိမ့် ကွန်နက်ရှင်ဖြစ်သည်။

အဆိုပါ မြန်နှုန်းနိမ့် ကွန်နက်ရှင်ကို တီတွင်ခဲ့သော ရတနာပုံတယ်လီပို့မှ အိုင်တီ ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ မတောက်တခေါက်က ထုတ်ဖော်ပြောဆိုရာတွင် " ကျွန်တော်တို့ ဒီလို ဘယ်နိုင်ငံကမှ စတင်အသုံးပြုနိုင်သေးတဲ့ ကွန်နက်ရှင်ကို အသုံးပြုနိုင်တာ ဂုဏ်အရမ်းယူပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီလို ကွန်နက်ရှင်ကို ထုတ်လွှင့်နိုင်ဖို့ တော်တော်လေး အချိန်ကုန် ငွေကုန်ခံပြီး လူအပင်ပန်းခံ လုပ်ခဲ့ရပါတယ်။ ဒီကွန်နက်ရှင်ကြောင့် ဂင်းနစ်စံချိန်တောင် ချိုးဖျက်နိုင်လိမ့်မယ်လို့ယုံကြည့်ပါတယ်။ နောက်ပြီး အချိန်အတော်ကြာကြာ ဒီစံချိန်ကို ချိုးဖျက်နိုင်မယ့် နိုင်ငံပေါ်လာမယ်မထင်ပါဘူး" ဟုပြောကြားခဲ့သည်။

ဆက်လက်ပြီး အိုင်တီ ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ မတောက်တခေါက်က မြန်မာလူမျိုးများအတော် များများမှာ ဂျီတော့နှင့် ဖေ့ဘွတ်ခ်သာအသုံးပြုကြသဖြင့် အဆိုပါ နှစ်ခုသာ ၀င်နိုင်သော အင်တာနက် ကွန်ယက်တစ်ခု စီစဉ်ထားကြောင်း၊လက်ရှိ ဈေးကွက်စီးပွားရေးဈေးကွက်နှင့် အညီ Access has been denied၊ Network Error ၊ connection time out အစရှိသည့် စာမျက်နှာများတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို ကြော်ငြာထည့်သွင်းနိုင်ကြောင်း ထည့်သွင်းပြောဆိုသွားခဲ့သည်။



Thursday, March 10, 2011

မြန်မာနိုင်ငံမှ ဂြိုဟ်တု လွှတ်တင်တော့မည်

မြန်မာနိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းကဏ္ဍကို တိုးမြှင့်ရန် ဂြိုဟ်တု လွှတ်တင်ရေး ဗဟိုကော်မတီနှင့် အကောင်အထည်ဖော်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဖွဲ့ဝင် ၇ ဦးပါ အကောင်အထည်ဖော်ရေး ကော်မတီတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးက ဥက္ကဋ္ဌ၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးက အတွင်းရေးမှူးဖြစ်သည်။

ဗဟိုကော်မတီက ဂြိုဟ်တုများကို လေးဂွဖြင့် ပစ်လွှတ်ကာ အာကာသ အတွင်းသို့ လွှတ်တင်မည် ဖြစ်ကြောင်း သိရသည်။ သေးငယ်သော ဂြိုဟ်တုများကိုမူ သားရေပင်ဖြင့် ပစ်လွှတ်မည် ဖြစ်သည်။ မြန်မာနိုင်ငံ ဂြိုဟ်တု လွှတ်တင်ရေး ကော်မတီမှ ပစ်လွှတ်မည့် ဂြိုဟ်တုမှာ ကျွဲဂျိုနှင့်တူအောင် အတု ပြုလုပ်ထားသော ဂျိုတု ဖြစ်နေသည်ကို တွေ့ရသည်။ သားရေပင်ဖြင့် ပစ်လွှတ်နိုင်မည့် စက္ကူဖြင့် ပြုလုပ်ထားသော ဆိတ်ဂျိုနှင့် ပုံစံတူ ဂျိုတုများကိုလည်း စတင် ထုတ်လုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံမှ ဂြိုဟ်တု လွှတ်တင်မည့် လျှို့ဝှက် သတင်း တပုဒ်ကို နိုင်ငံတကာရှိ သတင်းဌာနများထဲတွင် ပို့စ်မော်ဒန် မြန်မာသတင်းဌာနဖြစ်သော BSN က ပထမဆုံး ရရှိခဲ့ကာ ၂၀၁၀ ဒီဇင်ဘာ ၂ ရက်နေ့က သတင်း ရေးသား

ဖော်ပြခဲ့သည်။ (ပြန်ဖတ်ရန်)

ဂျိုတု လွှတ်တင်ရန် အသင့်အနေအထားပုံ
(Photo: libraryireland)

သတင်း အပြည့်အစုံသို့

ငွေစက္ကူ အမျိုးအစားသစ်များ ထုတ်ဝေပြီ

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာကြီးများတွင် ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် ငွေစက္ကူ အမျိုးအစား သစ်များ ရိုက်နှိပ်ထုတ်ဝေ သုံးစွဲနေကြသည်။

အသစ်ရိုက်နှိပ်ထုတ်ဝေသည့် ငွေစက္ကူ အမျိုးအစား သစ်များမှာ ၅၀ ကျပ်တန်၊ ၁၀၀ ကျပ်တန်နှင့် ၂၀၀ ကျပ်တန် များ ဖြစ်သည်ဟု သိရသည်။

ငွေအကြွေပြန်အမ်းရာ၌ အဆင်ပြေစေရန် ငွေစက္ကူနှင့် တန်ဖိုးညီ စက္ကူကူပွန်များ ပြုလုပ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီတံဆိပ်ရိုက်ကာ ငွေစက္ကူအစား ပြန်အမ်းပေးခြင်းဖြစ်ကြောင်း လပြည့်ဝန်းပလာဇာမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ငွေအကြွေ ပြန်အမ်းတဲ့နေရာမှာ အဆင်ပြေအောင် ဆောင်ရွက်ပေးတာပါ။ ဈေးဝယ်စင်တာကြီးတွေ အားလုံးနီးပါး လုပ်လာကြပါပြီ”ဟု၎င်းက ဆိုသည်။

ထို့အပြင် အင်တာနက် ဆိုင်များတွင် ပြန်အမ်းရမည့်ငွေ အကြွေပမာဏအား စာရွက်တွင် ရေးပေး၍ Code နံပါတ်တစ်ခုပေးကာ ငွေစက္ကူအစား အမ်းလာကြကြောင်း သိရသည်။

“ညစ်ပတ်ပြီး၊ ဂျီးအထပ်ထပ်ပေရေ နံစော်နေတဲ့ ငွေစက္ကူတွေ သုံးရတာနဲ့ စာရင် အသစ်ထုတ်တဲ့ ကုမ္ပဏီ ငွေစက္ကူတွေ သုံးရတာကမှ အဆင်ပြေသေးတယ်။ ပြီးတော့ ငွေစက္ကူပေါ်မှာ ခွေးထိုင်သလို ထိုင်နေတဲ့ ကျက်သရေယုတ်တဲ့ တိရစ္ဆာန်ပုံတွေလဲ မမြင်ရတော့ဘူး။ စိတ်ချမ်းသာဖို့ ကောင်းတယ်။ ငွေစက္ကူ အစစ်လို့ ဆိုတဲ့ ငွေစက္ကူအမျိုးအစားဟောင်းတွေက အရမ်းညစ်ပတ်နေတော့ ကျန်းမာရေး ထိခိုက်နိုင်တယ်။ သုံးစွဲဖို့ မသင့်တော်ဘူး” ဟု ဈေးဝယ်သူ တဦးက ပြောပြသည်။


နယ်စပ်မြို့မှ ကိုယ်တိုင်ထုတ် ငွေစက္ကူအမျိုးအစားသစ် (Photo: Narinjara)

ထိုကဲ့သို့သော ငွေစက္ကူ အမျိုးအစားသစ် ကူပွန်များ၊ တိုကင်များကို မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မြို့တမြို့တွင် သုံးစွဲခဲ့ဖူးသည်။ သို့သော် ငွေစက္ကူနှင့် တန်ဖိုးညီကူပွန် ထုတ်ဝေသူက ကူပွန်များကို ငွေစက္ကူဖြင့် ပြန်မလဲ ပေးနိုင်မှုကြောင့် နောက်ဆက်တွဲ ပြသနာများ ကြုံတွေ့ခဲ့ဖူးသည်။

ငွေစက္ကူ အမျိုးအစားဟောင်းများ (Photo: Tun Tun၊ စာညွှန်း-BSN)

အပြည့်အစုံသို့

အသက် ၁၈ နှစ်အောက် မိန်းကလေးများကို ဥပဒေနှင့် အညီ စစ်တပ်ထဲမှာ ခန့်ထားနိုင်

’’ဥပေဒအရကတော့ အသက် ၁၈ နှစ်အောက် ယောကျာ်းလေး မှန်သမျှ မိမိဆန္ဒအလျောက်ဖြစ်ဖြစ်၊ အတင်းအကျပ်ပဲဖြစ်ဖြစ် စစ်တပ်ထဲမှာ ခန့်ထားမှု မပြုလုပ်ရပါဘူး’’ ဟု ရန်ကုန် ILO အရာရှိ Steve Marshall က ပြောဆိုလိုက်သည်။

၎င်း၏ ပြောဆိုချက်တွင် မိန်းကလေးများကို စစ်တပ်ထဲတွင် ခန့်ထားမှု မပြုရဟု မပါရှိသဖြင့် ၁၈ နှစ်အောက် မိန်းကလေးများ ထိတ်လန့်လျက် ရှိနေကြကြောင်း သတင်းရရှိသည်။ ဥပဒေအရ ယောက်ျားလေးများကိုသာ အတင်းအကျပ် စစ်မှုထမ်းခိုင်းခြင်းမျိုး မပြုနိုင်သဖြင့်၊ မိန်းကလေးများကို ဥပဒေနှင့် အညီ အတင်းအကျပ် စစ်တပ်ထဲ ထည့်သွင်းလာနိုင်ကြောင်း အကဲခတ် အချို့က သုံးသပ်နေကြသည်။


@N.Law

အပြည့်အစုံသို့

Wednesday, March 9, 2011

မြကျွန်းညိုညို ကျွဲခိုရာ တက္ကသိုလ်


မြကျွန်းညိုညို တက္ကသိုလ်မှာ
ကျွဲတွေ ကွန်းခိုနေပုံကို ရှုစားနိုင်ကြပါတယ်

(Source: Youtube/ MrFireLove1)

Tuesday, March 8, 2011

ရုရှားတွေ အကျင့်မကောင်းလို့ လေယာဉ်ပျက်ကျတာ ဖြစ်နိုင်ဟု ရုရှား သတင်းဌာနတခု ဖော်ပြ

မြန်မာ လေတပ်မှာ အသုံးပြုမယ့် ရုရှား-ယူကရိန်းလုပ် Antonov An-148-100E အမျိုးအစား လေယာဉ်တစီး စမ်းသပ်ပျံသန်းနေတုန်း မတ်လ ၅ ရက်နေ့က ပျက်ကျသွားခဲ့ပါတယ်။ လေယာဉ် ပျက်ကျတဲ့အထဲ မြန်မာ လေတပ်က လေယာဉ်မှူးနှစ်ဦး ပါဝင်သွားတာ အားလုံးသိကြပြီး ဖြစ်ပါတယ်။

ပျက်ကျသွားသည့် လေယာဉ်အား မပျက်ကျမီ သုံးရက် အလိုက တွေ့ရစဉ် (Photo: Alexey Filatov)
လေယာဉ်အမှတ်ကို မြင်နိုင်ရန် Click ကိုနှိပ်ပြီး ပုံကြီးချဲ့ကြည့်ပါ

ပျက်ကျသွားတဲ့ လေယာဉ်ကတော့ လေယာဉ် အမှတ် 61708 ဖြစ်ပါတယ်။ ဇန်န၀ါရီ ၃ ရက်နေ့ကမှ ပထမဆုံးအကြိမ် စတင် ပျံသန်းခဲ့တဲ့ အဲဒီ လေယာဉ်ဟာ သက်ဆိုးမရှည်ပဲ နှစ်လသား အရွယ်မှာ အနိစ္စရောက်သွားခဲ့ပါတယ်။

လေယာဉ် ပျက်ကျမှုဟာ အကျင့်ပျက် ရုရှားလူမျိုးတွေက လောင်စာဆီ အရောအနှောတွေကို အသုံးပြု မောင်းနှင်ခြင်းကြောင့်လဲ ဖြစ်နိုင်တယ်လို့ The Voice of Russia က သုံးသပ်ထားပါတယ်။ စီးပွားရေး အခြေအနေအရ ရုရှားတွေဟာ လောင်စာဆီ အစစ်ကို လေယာဉ်အတွက် မသုံးဘဲ၊ အရောအနှော လောင်စာဆီတွေကို ဈေးသက်သက်သာသာနဲ့ ၀ယ်ယူအသုံးပြုလေ့ ရှိကြောင်း၊ ပိုတဲ့ ပိုက်ဆံကို "ဘုံး" လေ့ "ဘတ်" လေ့ ရှိကြောင်း ရုရှား သတင်းရပ်ကွက်က ဆိုပါတယ်။


မြန်မာနိုင်ငံမှာ မော်တော်ကားတွေ အတွက် ဘရိတ်ဆီအစား မြန်မာ့နည်း မြန်မာ့ဟန် ဆပ်ပြာရည်ကို အသုံးပြုဖူးကြောင်း၊ ပိုမို တိုးတက် ခေတ်မီတဲ့ ရုရှားတွေကတော့ လေယာဉ်ဆီကိုပါ ရုရှားနည်း ရုရှားဟန်ဖြင့် အသုံးပြု မောင်းနှင်ကြတာကို တွေ့ရကြောင်း၊ ထို့ကြောင့် မြန်မာက ရုရှားကို ဆရာခေါ်နေရခြင်း ဖြစ်ကြောင်း ရုရှား-မြန်မာ ဆက်ဆံရေးကို အနီးကပ် လေ့လာနေသူများက သုံးသပ်ကြပါတယ်။

ပျက်ကျရတဲ့ အကြောင်းရင်းတွေထဲက တခုကို ဒီမှာတွေ့နိုင်ပါတယ်
Read in English

လေ့လာလိုသူများအတွက် အညွှန်း

စိတ်ကောက်တတ်သူကြီး

စိတ်ကောက်သူကြီး စိတ်ကောက်နေပုံ (ဓာတ်ပုံ-နေ့သစ်မှ)

ရန်ကုန်မြို့တော် ၀န်ဟောင်း ဦးအောင်သိန်းလင်းသည် မိန်းမများကဲ့သို့ စိတ်ကောက်တတ်သည်ဟု "နေ့သစ်" သတင်း တပုဒ်တွင် တွေ့ရသည်။

မင်္ဂလာပွဲ ခြောက်ပွဲကို စိန်စီကာ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့သော ရုပ်ရှင်မင်းသမီး အိန္ဒြာကျော်ဇင်၏ မင်္ဂလာပွဲသို့ တက်ရောက်မှုခဲ့မှုကြာင့် ဦးအောင်သိန်းလင်းတို့ ဇနီးမောင်နှံ နှစ်ဦး၊ နေပြည်တော် အတွင်းစည်း၏ အမျက်တော်ရှခြင်းကို ခံခဲ့ရသည်ဟုလည်း အဆိုပါ သတင်းက ဆိုသည်။

စိတ်ကောက်တတ်ခြင်းမှာ ချိတ်ထမီ ၀တ်သူများ အတွက် ထူးဆန်းသော အခြင်းအရာတခု ဟုတ်မည် မထင်ကြောင်း မြန်မာ့ အရေးအကဲခတ်များက သုံးသပ်ကြသည်။


အပြည့်အစုံသို့

Monday, March 7, 2011

စာမေးပွဲ အောင်မြင်စေမည့် ထူးဆန်းသော ဘောပင်များ အကြောင်း ဂျာနယ်တခုဖော်ပြ

ကျောင်းသူ ကျောင်းသားများ စာမေးပွဲ အောင်မြင်ရန် အထောက်အကူ ပြုသည့် ထူးဆန်းသော ဘောပင် နှစ်မျိုး အကြောင်းကို မတ်လ ၂ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ်က ရေးသား ဖော်ပြသည်။ ကျောင်းသူ ကျောင်းသားများ အနေဖြင့် စာမေးပွဲအတွက် ကြိုတင် ပြင်ဆင်ခြင်း၊ လေ့လာ ကျက်မှတ်ခြင်း၊ အမှတ်ပေး စည်းမျဉ်းနှင့် အညီ ဖြေဆိုခြင်းများ ပြုလုပ်ရန် လုံးဝ မလိုအပ်ဘဲ၊ အဆိုပါ ထူးဆန်းသော ဘောပင်များကိုသာ အသုံးပြုလိုက်ပါက စာမေးပွဲ ဖြေဆိုရာတွင် ရည်မှန်းချက် အလုံးစုံ ပြည့်စုံကြမည် ဖြစ်ကြောင်း ဂျာနယ်တွင် ရေးသားထားသည်။

၂၀၁၁ တက္ကသိုလ်ဝင် စာမေး ပွဲကြီးကို မကြာမီ ဖြေဆို ကြရတော့မည့် ကျောင်းသား ကျောင်းသူများ သတိ ပြုရမည့် အချက်များ ကို အကြံပေးထားသည့် တွေ့ဆုံ မေးမြန်းချက် တခုတွင် အဆိုပါ ထူးဆန်း ဘောပင်များ အကြောင်းကို တွေ့ရခြင်း ဖြစ်သည်။

(Myanmar Post; Page. 7)

"ဒီကာလမှာ စာမေးပွဲ ဖြေတဲ့သူ အားလုံးက ရည်မှန်းချက် အလုံးစုံ ပြည့်စုံဖို့ အဖြူရောင် နဲ့ အပြာနုရောင် ပါတဲ့ ဘောပင်ကို သုံးသင့် ပါတယ်။" ဟု ဂျာနယ်တွင် အထူး အကြံပေးထားသည်။ အကြံပေးသူမှာ အမှုဆောင် အရာရှိချုပ်ဟု သိရသည်။ အမှုဆောင်အရာရှိချုပ်၏ အကြံပေးချက်တွင် စာမေးပွဲ အတွက် လေ့လာ သင်ယူ ကျက်မှတ် ရမည့် အကြောင်းတရားများနှင့် စပ်လျဉ်း၍ တခွန်းတပါဒမျှ မပါရှိပေ။

အဖြူရောင်နှင့် အပြာနုရောင် ဘောပင်ကို အသုံးပြုပါက ရည်မှန်းချက် အလုံးစုံ ပြည်စုံမည်ဟု ဆိုထားသဖြင့်၊ ကျောင်းသားများ စာကျက်ရန် လုံးဝ မလိုအပ်ကြောင်း၊ အဆိုပါ ဘောပင်များ အသုံးပြုကာ ဖြေဆိုလိုက်ပါက စာမေးပွဲ မုချ အောင်မြင်မည် ဖြစ်ကြောင်း ဂျာနယ်တွင် ဖော်ပြချက် အရ သိရသည်။


အပြည့်အစုံသို့

Sunday, March 6, 2011

E Major ဖြင့်ကျောင်းပြီးပါက စင်ကာပူတွင် Marketing Assistant Manager ဖြစ်နိုင်ကြောင်း မေသန်းနု ပြောဆို

E Major ဖြင့်ကျောင်းပြီးထားပါက စင်ကာပူနိုင်ငံတွင် Marketing Assistant Manager ရာထူးဖြင့်အလုပ်လုပ်နိုင်ကြောင်း ဝါရင့် အနုပညာရှင်၊ အကယ်ဒမီများရှင် မေသန်းနုက ပြောဆိုလိုက်သည်။

ထပ်မံ၍ တက္ကသိုလ် ဘွဲ့ရများ အနေနှင့်လည်း စိတ်မလေစေရန် အလုပ်လုပ်နေသင့်ကြောင်း၊ ချစ်သူရည်းစားရှိသူများ အနေနှင့်လည်း စင်ကာပူနိုင်ငံတွင် ၃ နှစ်ခန့် အလုပ်လုပ်ပြီးမှာသာ အိမ်ထောင်ပြုရန် စဉ်းစားသင့်ကြောင်း ပြောဆိုသည်။

မိဘကို ပြောင်စပ်စပ်လုပ်သူများ အနေနှင့်လည်း ခေါင်းခေါက်ခံရမည် ဖြစ်ကြောင်း၊ ဆင်ခြင်သင့်ကြောင်း မိဘများကိုယ်စား ဆုံးမလိုက်သည်။



©ချစ်-G
Click Here to Watch (FB)

မြန်မာနိုင်ငံ မှ မီးသတ်ကားများ အကြောင်း

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ယခင်နှစ်များက နေအိမ်များ မတော်တဆ မီးလောင်ကျွမ်းမှု ဖြစ်ပွားခြင်းများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သို့သော် မီးသတ်ဌာနမှ မီးသတ်သမားများနှင့် မီးသတ်ကားတို့သည် မီးလောင်သည့် နေရာသို့ အချိန်မှီ လာရောက်ငြိမ်းသတ်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း မြို့ခံတို့က ဆိုသည်။ ယခုလည်း နွေရာသီ ရောက်ခါနီးပြီ ဖြစ်၍ ခါတိုင်းနှစ်များကဲ့သို့ မီးသတ်ဌာနမှ မီးသတိပြုရန် အသိပေးနိုးဆောင်မှုများ ပြုလုပ်နေကြသည်။

“နွေရာသီ ရောက်ပြီမို့ မီးသတိပြုဖို့တဲ့။ လွိုင်ကော် မီးသတ်ဌာနမှ မီးသတ်ကားတွေဟာ ဟောင်းနွမ်းနေပြီး ခေတ်နဲ့ မညီတော့ဘူး။ တကယ်လို့ မီးလောင်မှု ဖြစ်ခဲ့ရင် မတွေးဝံ့စရာပဲ။ ကားက နိုးလို့မှ မရတာ။ လက်ရှိ အခြေအနေမှာ ကြုံတွေ့နေရပါတယ်” ဟု လွိုင်ကော်မြို့မှ မီးသတ်ဌာနနှင့် နီးစပ်သူ တဦးက ပြောသည်။


မြန်မာနိုင်ငံမှ စပါယ်ရှယ် မီးသတ်ကားတစီး
(မြန်မာနိုင်ငံသားတဦး BSN သို့ ပေးပို့သည့်ဓာတ်ပုံဖြစ်ပါသည်)

မီးသတ်ဌာနမှ အသုံးပြုနေသော မီးသတ်ကားများသည် ဟောင်းနွမ်း၍ ကြာမြင့်နေကြပြီ ဖြစ်သော်လည်း ကားများ ပြုပြင်ထားခြင်း၊ ဆီများ ဖြည့်ထည့်ထားခြင်းတို့ကို အဆင်သင့် မလုပ်ထားပေးနိုင်ကြောင်း ၎င်းက ဆိုသည်။

လွိုင်ကော်မြို့မှ အမျိုးသမီးတစ်ဦးက “မီးလောင်ပြီဆိုရင် မီးသတ်ကားတွေက မမှီတာ များတယ်။ ဘယ်လိုဖြစ်လဲ မသိဘူး။ အဆင်သင့် မရှိတာရယ်။ အထက်အရာရှိတွေကို စောင့်ရခွင့် ပြုချက်တွေ စောင့်ရအုံးမှာပေါ့” ဟု ပြောပါသည်။

လွိုင်ကော်မြို့မှ မီးသတ်ကားများ ပုံမှန် လုပ်ငန်းလည်ပတ်ရန်နှင့် ယခုလို နွေရာသီ အချိန်မျိုး၌ လုပ်ငန်းများ အသင့်ပြင်ဆင်ထားနိုင်ရန် အထက်မှ တစ်လလျှင် ဆီ ၂၄ ဂါလံနှင့် ကားပြုပြင်ရန် အသုံးစရိတ်ငွေများ ပုံမှန် ထုတ်ထားသည်ကို မြို့နေဒေသခံတို့က သိရှိထားကြသည်။

သို့သော် မီးသတ်ဌာနနှင့် နီးစပ်သူက “ဒီမီးသတ်ကားတွေဟာ တစ်လဆို ဆီဂါလံ 21 ဂါလံ ရပေမယ့် ကားထဲ မရောက်ပဲ မြို့နယ်xxxxx (အရာရှိ)က အပြင်မှာ လတိုင်း ရောင်းစားနေတယ်။ ကားပြင်စရိတ်တွေကိုလည်း မြို့နယ်xxxxx က ကားတွေ မပြင်ပဲ ငွေပဲ ထုတ်စားနေတယ်” ဟု ပြောသွားပါသည်။


ကန္တာရ၀တီတိုင်းမ် မှ တိုက်ရိုက် ကူးယူ ဖော်ပြပါသည်။