Thursday, March 10, 2011

ငွေစက္ကူ အမျိုးအစားသစ်များ ထုတ်ဝေပြီ

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာကြီးများတွင် ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် ငွေစက္ကူ အမျိုးအစား သစ်များ ရိုက်နှိပ်ထုတ်ဝေ သုံးစွဲနေကြသည်။

အသစ်ရိုက်နှိပ်ထုတ်ဝေသည့် ငွေစက္ကူ အမျိုးအစား သစ်များမှာ ၅၀ ကျပ်တန်၊ ၁၀၀ ကျပ်တန်နှင့် ၂၀၀ ကျပ်တန် များ ဖြစ်သည်ဟု သိရသည်။

ငွေအကြွေပြန်အမ်းရာ၌ အဆင်ပြေစေရန် ငွေစက္ကူနှင့် တန်ဖိုးညီ စက္ကူကူပွန်များ ပြုလုပ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီတံဆိပ်ရိုက်ကာ ငွေစက္ကူအစား ပြန်အမ်းပေးခြင်းဖြစ်ကြောင်း လပြည့်ဝန်းပလာဇာမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ငွေအကြွေ ပြန်အမ်းတဲ့နေရာမှာ အဆင်ပြေအောင် ဆောင်ရွက်ပေးတာပါ။ ဈေးဝယ်စင်တာကြီးတွေ အားလုံးနီးပါး လုပ်လာကြပါပြီ”ဟု၎င်းက ဆိုသည်။

ထို့အပြင် အင်တာနက် ဆိုင်များတွင် ပြန်အမ်းရမည့်ငွေ အကြွေပမာဏအား စာရွက်တွင် ရေးပေး၍ Code နံပါတ်တစ်ခုပေးကာ ငွေစက္ကူအစား အမ်းလာကြကြောင်း သိရသည်။

“ညစ်ပတ်ပြီး၊ ဂျီးအထပ်ထပ်ပေရေ နံစော်နေတဲ့ ငွေစက္ကူတွေ သုံးရတာနဲ့ စာရင် အသစ်ထုတ်တဲ့ ကုမ္ပဏီ ငွေစက္ကူတွေ သုံးရတာကမှ အဆင်ပြေသေးတယ်။ ပြီးတော့ ငွေစက္ကူပေါ်မှာ ခွေးထိုင်သလို ထိုင်နေတဲ့ ကျက်သရေယုတ်တဲ့ တိရစ္ဆာန်ပုံတွေလဲ မမြင်ရတော့ဘူး။ စိတ်ချမ်းသာဖို့ ကောင်းတယ်။ ငွေစက္ကူ အစစ်လို့ ဆိုတဲ့ ငွေစက္ကူအမျိုးအစားဟောင်းတွေက အရမ်းညစ်ပတ်နေတော့ ကျန်းမာရေး ထိခိုက်နိုင်တယ်။ သုံးစွဲဖို့ မသင့်တော်ဘူး” ဟု ဈေးဝယ်သူ တဦးက ပြောပြသည်။


နယ်စပ်မြို့မှ ကိုယ်တိုင်ထုတ် ငွေစက္ကူအမျိုးအစားသစ် (Photo: Narinjara)

ထိုကဲ့သို့သော ငွေစက္ကူ အမျိုးအစားသစ် ကူပွန်များ၊ တိုကင်များကို မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မြို့တမြို့တွင် သုံးစွဲခဲ့ဖူးသည်။ သို့သော် ငွေစက္ကူနှင့် တန်ဖိုးညီကူပွန် ထုတ်ဝေသူက ကူပွန်များကို ငွေစက္ကူဖြင့် ပြန်မလဲ ပေးနိုင်မှုကြောင့် နောက်ဆက်တွဲ ပြသနာများ ကြုံတွေ့ခဲ့ဖူးသည်။

ငွေစက္ကူ အမျိုးအစားဟောင်းများ (Photo: Tun Tun၊ စာညွှန်း-BSN)

အပြည့်အစုံသို့

4 comments:

  1. ငှက်ကြီးMarch 10, 2011 at 5:05 PM

    ပိုက်ဆံတွေကလည်း အီးကုန်းစက္ကူတွေလောက်တောင် ကြက်သရေ မရှိလိုက်တာ....

    ReplyDelete
  2. မှန်ပါ၏။ ကျနော်ရွာပြန်စဉ်က ရန်ကုန်ကဆိုင်တစ်ချို့တွင်၊ တစ်ရာတန်အစား Tissue ပေးပါတယ်၊ နှစ်ရာတန်ကြတော့ Tissue နှစ်ထုပ် မကောင်းလို့ ထင်တယ်၊ ပြဲနေတဲ့ နှစ်ရာတန်ကို ပလပ်စတစ်လောင်းထားတာပြန်ပေးတယ်၊ နောက်ဆိုရင် သကြားလုံးတစ်လုံးကို ငါးရာဖြစ်တော့မယ်....ဒီဘဘကြီး တွေလုပ်ပုံနဲ့။

    ReplyDelete
  3. သြော် ကောင်းလေစွ ကောင်းလေစွ ... အင်မတန်တိုးတက်ကြသောကမ္ဘာမှာတုနှိုင်းမမှီတဲ့တို့လူမျိုးတွေပါလား အစိုးရသုံးစားမရတော့ ကိုယ့်ဟာကို ကိုယ်ပိုင်ပိုက်ဆံတွေထွင်သုံးနေရတော့တယ် ကမ္ဘာမှာ မြန်မာကွ..

    ReplyDelete
  4. "မှန်ပါ၏။ ကျနော်ရွာပြန်စဉ်က ရန်ကုန်ကဆိုင်တစ်ချို့တွင်၊ တစ်ရာတန်အစား Tissue ပေးပါတယ်၊ နှစ်ရာတန်ကြတော့ Tissue နှစ်ထုပ် မကောင်းလို့ ထင်တယ်၊ ပြဲနေတဲ့ နှစ်ရာတန်ကို ပလပ်စတစ်လောင်းထားတာပြန်ပေးတယ်၊ နောက်ဆိုရင် သကြားလုံးတစ်လုံးကို ငါးရာဖြစ်တော့မယ်....ဒီဘဘကြီး တွေလုပ်ပုံနဲ့။ "

    ဒါနဲ့ပါတ်သက်လို့ပြောချင်ပါတယ်...။ သူတို့ Tissue ထုပ်ပေးတော့ယူရတယ်...။ ကိုယ်ကပြန်ပေးတော့ သူတို့က ငွေနဲ့ပြန်မလဲပေးဘူးဗျ။ ကိုယ်တွေ့နော်...။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။