Friday, March 18, 2011

မြန်မာပြည်မြောက်ပိုင်းတွင် "နွား" တကောင် ပျောက်ဆုံး၊ အဆိုပါ ပျောက်ဆုံးသော "မြင်း" ကို ရှာမတွေ့ဖြစ်နေ

နွားပျောက် မြင်းပျောက်ပုံပြင် (အင်တာနက် မှရယူပါသည်)

-မြန်မာပြည် မြောက်ပိုင်း တောင်ထိပ်တခုပေါ်တွင် သေဌေးကြီး ဦးလာဘ ပိုင်ဆိုင်သည့် နွား တကောင် မြက်စားနေယင်း ပျောက်ဆုံးသွားခဲ့သည်။ အဆိုပါ ပျောက်ဆုံးသွားသည့် မြင်း ကို ပြန်လည် ရှာတွေ့ရန် ခက်ခဲသွားပြီ ဖြစ်ကြောင်း သိရသည်။

"သေဌေးကြီးရဲ့ နွား က ဒေါ်ဒွယ် တောင်ပေါ်ရဲ့ အမြင့်ပေ ၁၅၀၀၀ လောက်မှာ ပျောက်သွားတာ၊ ပြန်လိုချင်တာကတော့ အမှန်ပဲ။ ဦးလာဘကလဲ ပျောက်သွားတဲ့ ဒီ မြင်း ကို အမှတ်တရ အဖြစ်ထားချင်တယ်။ ဒါပေမဲ့ သူ့ကို ပြန်တွေ့ဖို့ကတော့ ခဲယဉ်းသွားပါပြီ" ဟု အရူး ဖောင်ဒေးရှင်းမှ တာဝန်မဲ့သူ တဦးက ပြောသည်။

ဒေါ်ဒွယ် တောင်ပေါ်တွင် ဖေဖော်ဝါရီ ၃၁ ရက်က အရူးများ ဂရု(ပ်) ကုမ္ပဏီ ဥက္ကဌ ဦးလာဘ နှင့် နွားကျောင်းသား၊ နွားကျောင်းသူ ၅ ဦး (စုစုပေါင်း  ဦး။ မှတ်ချက်- ဤသတင်း ရေးသူသည် သင်္ချာ မတတ်ပါသဖြင့် ၁ နှင့် ၅ ပေါင်းလျှင် ၇ သည်ဟု ထင်ပါသည်) နွားကျောင်းထွက်ရာတွင် ဘီလူး ရေအိုင်အနီးတွင် နွား တကောင် ပျောက်ဆုံးသွားပါသည်။

"နွား ကို ဘီလူးရေအိုင်စောင့် ဘီလူးမင်းက စားသောက်သွားလို့ ပျောက်ဆုံးသွားရတာ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် အဲဒီ ပျောက်ဆုံးသွားတဲ့ မြင်း ကို ပြန်လည် ရရှိနိုင်ဖို့ ခဲယဉ်းသွားပါပြီ" ဟု အဆိုပါ တာဝန်မဲ့သူက ရှတ်ထွေး ပြသွားသည်။-

Related News

4 comments:

  1. ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ပညာမဲ့လို့ နွား မှန်းမသိ၊ မြင်းမှန်းမသိ (ရဟတ်ယာဉ် မှန်းမသိ လေယာဉ်မှန်းမသိ)၊ အူကြောင်ကြောင်၊ အမောင်တောင်မှန်း မြောက်မှန်းမသိတာကို ဘာမှမပြောလိုပါ။
    ဒါပေမဲ့ သတင်းဖော်ပြတဲ့ စာနယ်ဇင်းသမားကြီးများ အနေနဲ့တော့ နွား နဲ့ မြင်း ကိုတော့ ခွဲခြား သိသင့်တယ် ထင်ပါတယ်ဗျာ.....

    ReplyDelete
  2. Har Har..............Cool....This is called Myanmar စာနယ်ဇင်းသမား။

    ReplyDelete
  3. great article !!! LOL

    ReplyDelete
  4. တ/ဥက္ကလာ ဖိုးတုတ်June 2, 2011 at 3:45 PM

    အဲဒီတုန်းက ရေခဲတောင်ပေါ်မှာ အေးကအေးပါဘိနှင့် နွားတေဇ တယောက်
    တော်တော်ဒုက္ခရောက်မှာဘဲဆိုပြီးလူတွေက ပျော်နေကြတယ် ဒါတွေအားလုံး
    (လုံးဝ)2 မှားပါတယ် နီးစပ်တဲ့ သတင်းရပ်ကွက်ကကြားရတာကတော့
    ရေခဲတောင်ပေါ်မှာ နွားတေဇ ဟာ သူ့ ရွက်ဖျင်တဲထဲမှာ လေယဉ်မေလေး
    နှင့် တယောက်တလှည့် ချွေးထုပ်နေကြတာ (24)နာရီပါတ်လုံးချွေးပြန်နေ
    ပါတယ်တဲ့ လေယဉ်မေလေးကလည်းအတော် ကြမ်းဆိုဘဲ သူ့ အလှည့်မှာ
    အတက်ကြမ်းလိုက်တာခြေထောက်တောင်နာသွားတယ်လို့  အဆိုးရပိုင်
    သတင်းစာမှာဖတ်လိုက်ရပါတယ် ဟီးဟီး သစ်ဆိုးကြတာဘဲနော်

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။