Friday, March 18, 2011

ၾသစေၾတးလ် ပင်လယ်ပြင်တွင် ငမန်းကိုက်ခံရသော အမျိုးသမီးတဦး ဗြိတိန်နိုင်ငံ ကမ်းခြေရောက်အောင် ရေကူးခတ်နိုင်ခဲ့ကြောင်း ကမ္ဘာသိမြန်မာ့အလင်း သတင်းစာကြီး ဖော်ပြ

သြစတြေးလျနိုင်ငံ Nelson ပင်လယ်အော်တွင် အမျိုးသမီးတဦး ငမန်းကိုက်ခံရသည်။ ဖြစ်ပွားသော နေရာမှာ New South Wales ပြည်နယ်၊ Newcastle အနီးတွင် ဖြစ်သည်။ ABC News တွင် ငမန်းကိုက်ခံရမှု ဖြစ်ပွားသော သြစတြေးလျနိုင်ငံရှိ တည်နေရာကို မြေပုံနှင့် တကွ ဖော်ပြသည်။

(ABC News)

အဆိုပါ အမျိုးသမီးသည် သြစတြေးလျတွင် ငမန်းကိုက် ခံရသော်လည်း အင်္ဂလိပ် Premier League မှ Newcastle United ဘောလုံးအသင်းကို အားပေးရန်အတွက် ဗြိတိန်နိုင်ငံ ပင်လယ်အော်တခုသို့ ရောက်အောင် ရေကူးကာ သွားရောက်ခဲ့သည်ဟု လန်ဒန်မြို့မှ သတင်းထုတ်ပြန်ကြောင်း၊ အဆိုပါ အမျိုးသမီးသည် ဗြိတိန်နိုင်ငံတွင်လည်း ငမန်းတကောင်၏ တိုက်ခိုက်မှုကို ထပ်မံခံခဲ့ရကြောင်း၊ ဗြိတိန်မီဒီယာများက ဖော်ပြသည်ဟု ယနေ့ (မတ်လ ၁၈ ရက်) ထုတ် ကမ္ဘာသိ မြန်မာ့အလင်း သတင်းစာကြီးက ရေးသားဖော်ပြလိုက်သည်။ ထိုကဲ့သို့ အံ့သြဖွယ်ရာ ရေကူးခတ်သွားခဲ့သော ငမန်းကိုက်ခံရသူ အမျိုးသမီးအကြောင်းကို တကမ္ဘာလုံးက စိတ်ဝင်စားနေကြပြီး သတင်းဖော်ပြသည့် မြန်မာ့အလင်း သတင်းစာကြီးကိုလည်း တကမ္ဘာလုံးက အံ့သြလျက် ရှိကြောင်း သတင်းရရှိသည်။

(Myanma Alin News. page 11)

ABC News
New South Wales မှ Newcastle ဟာ ဘယ်နိုင်ငံမှာ ရှိပါသလဲ သိချင်ရင် ..

@B-W

6 comments:

  1. နယူးကျောက်ဝေးလ်March 18, 2011 at 10:31 PM

    ဗမာသတင်းစာများ(so call) ကလဲဗျာ..သူတို့သတင်းတွေ ဘယ်တုန်းကမှ မမှန်ခဲ့တာ..ခုနိုင်ငံခြားသတင်းတောင် မှန်အောင် ကူးမချတတ်ဘူး

    ReplyDelete
  2. အင်း ဟုတ်ပါ့ဗျာ... တော်တော် တော်တာပဲ အယ်ဒီပျာကလည်း... :)

    ReplyDelete
  3. ပိုဆိုးတာက ကိုးကား သတင်းကို (အင်တာနက်)ဆိုပြီး အောက်ခြေမှာပြတယ် အင်တာနက်ဆို တာဘယ်ဝက်ဆိုက်ကလဲ ဘယ်သတင်းကရတာလဲ သေချာမဖေါ်ပြဖူး ဒါဟာနိုင်ငံတကာ မှုပိုင်ခွင့် ကို ချိုးဖောက်တာပဲ နိုင်ငံပိုင်အစိုးရပိုင်သတင်း စာကလူလယ်ကျုပြီး သတင်းခိုးချတာပဲ

    ReplyDelete
  4. စောက်ပေါသန်းရွှေMarch 19, 2011 at 8:13 PM

    မြန်မာ့အလင်း ဆိုတဲ့နာမည်ကို မြန်မာ့ငဖျင်း လို့သာ ပြောင်းခေါ်ကြစို့ရဲ့...

    ReplyDelete
  5. သိခွင့်ရတဲ့အတွကါကျေးဇူးတင်ပါတယ်

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။