Tuesday, March 8, 2011

ရုရှားတွေ အကျင့်မကောင်းလို့ လေယာဉ်ပျက်ကျတာ ဖြစ်နိုင်ဟု ရုရှား သတင်းဌာနတခု ဖော်ပြ

မြန်မာ လေတပ်မှာ အသုံးပြုမယ့် ရုရှား-ယူကရိန်းလုပ် Antonov An-148-100E အမျိုးအစား လေယာဉ်တစီး စမ်းသပ်ပျံသန်းနေတုန်း မတ်လ ၅ ရက်နေ့က ပျက်ကျသွားခဲ့ပါတယ်။ လေယာဉ် ပျက်ကျတဲ့အထဲ မြန်မာ လေတပ်က လေယာဉ်မှူးနှစ်ဦး ပါဝင်သွားတာ အားလုံးသိကြပြီး ဖြစ်ပါတယ်။

ပျက်ကျသွားသည့် လေယာဉ်အား မပျက်ကျမီ သုံးရက် အလိုက တွေ့ရစဉ် (Photo: Alexey Filatov)
လေယာဉ်အမှတ်ကို မြင်နိုင်ရန် Click ကိုနှိပ်ပြီး ပုံကြီးချဲ့ကြည့်ပါ

ပျက်ကျသွားတဲ့ လေယာဉ်ကတော့ လေယာဉ် အမှတ် 61708 ဖြစ်ပါတယ်။ ဇန်န၀ါရီ ၃ ရက်နေ့ကမှ ပထမဆုံးအကြိမ် စတင် ပျံသန်းခဲ့တဲ့ အဲဒီ လေယာဉ်ဟာ သက်ဆိုးမရှည်ပဲ နှစ်လသား အရွယ်မှာ အနိစ္စရောက်သွားခဲ့ပါတယ်။

လေယာဉ် ပျက်ကျမှုဟာ အကျင့်ပျက် ရုရှားလူမျိုးတွေက လောင်စာဆီ အရောအနှောတွေကို အသုံးပြု မောင်းနှင်ခြင်းကြောင့်လဲ ဖြစ်နိုင်တယ်လို့ The Voice of Russia က သုံးသပ်ထားပါတယ်။ စီးပွားရေး အခြေအနေအရ ရုရှားတွေဟာ လောင်စာဆီ အစစ်ကို လေယာဉ်အတွက် မသုံးဘဲ၊ အရောအနှော လောင်စာဆီတွေကို ဈေးသက်သက်သာသာနဲ့ ၀ယ်ယူအသုံးပြုလေ့ ရှိကြောင်း၊ ပိုတဲ့ ပိုက်ဆံကို "ဘုံး" လေ့ "ဘတ်" လေ့ ရှိကြောင်း ရုရှား သတင်းရပ်ကွက်က ဆိုပါတယ်။


မြန်မာနိုင်ငံမှာ မော်တော်ကားတွေ အတွက် ဘရိတ်ဆီအစား မြန်မာ့နည်း မြန်မာ့ဟန် ဆပ်ပြာရည်ကို အသုံးပြုဖူးကြောင်း၊ ပိုမို တိုးတက် ခေတ်မီတဲ့ ရုရှားတွေကတော့ လေယာဉ်ဆီကိုပါ ရုရှားနည်း ရုရှားဟန်ဖြင့် အသုံးပြု မောင်းနှင်ကြတာကို တွေ့ရကြောင်း၊ ထို့ကြောင့် မြန်မာက ရုရှားကို ဆရာခေါ်နေရခြင်း ဖြစ်ကြောင်း ရုရှား-မြန်မာ ဆက်ဆံရေးကို အနီးကပ် လေ့လာနေသူများက သုံးသပ်ကြပါတယ်။

ပျက်ကျရတဲ့ အကြောင်းရင်းတွေထဲက တခုကို ဒီမှာတွေ့နိုင်ပါတယ်
Read in English

လေ့လာလိုသူများအတွက် အညွှန်း

6 comments:

  1. ရုရှားသတင်းဌာနကိုယ်တိုင်က adulterated fuel ကြောင့်လဲ ဖြစ်နိုင်ခြေရှိတယ်လို့ အကြောင်းတစ်ရပ်အနေနဲ့ သုံးသပ်ထားတာတွေ့ရတော့ .... ဒီ adulterated fuel တွေကို သူတို့ ကိုယ်တိုင် အမှန်တစ်ကယ်အသုံးပြုနေကြတယ်ဆိုတာ ထင်ရှားနေပါတယ်။ အဲဒီအမျိုးအစားလေယာဉ်တွေမှာ စက်ပိုင်းဆိုင်ရာချို့ယွင်းချက်ချက်ကလဲ ရှိနေတယ်ဆိုတော့.. ပျက်ပီပေါ့။
    လေယာဉ်သာ ခရီးသည်တင် အရပ်ဘက် လေယာဉ်ဖြစ်ပြီး ဗမာပြည်ရောက်မှ ပျက်ကျတယ်ဆိုရင် မတွေးဝံ့စရာပါ......

    ReplyDelete
  2. ကုန်းလမ်းခရီးမှာ ကားပျက်ရင် လမ်း‌ဆင်း‌လျှောက်လို့ ရ‌သေးတယ်။‌ရေလမ်းခရီးမှာလဲ ‌ရေကူးတတ်ရင် ဒါမှမဟုတ် အမှီအတွယ်ရှိရင် အသက်ရှင်နိုင်‌သေးတယ်။‌လေ‌ကြောင်းခရီးမှာ‌တော့ လူသား‌တွေအ‌တောင်ပံမှ မရှိတာ.....Hopeless ပဲ‌ပေါ့။အ‌ကြောင်းကြီးငယ် တစုံတရာမရှိရင် ‌လေယာဉ်မစီးတာ‌ကောင်းပါတယ်။‌ကြောက်လွန်းလို့ ။

    ReplyDelete
  3. ဘာ‌လို‌ကြောင့်ပဲ ဒီ‌လေယာဉ်ပျက်ကြရသည်ဖြစ်‌စေ...‌သေဆုံးသွားရတဲ့ လူ‌တွေပြန်မရှင်နိုင်‌တော့ပါဘူး။‌နောက်ဆက်တွဲအကျိုးဆက်အ‌နေနဲ့ ထိခိုက်ခံစားရတာ မိသားစုဝင်‌‌တွေပါ။သားကိုဆုံးရှုံးရတဲ့ မိဘ,ခင်ပွန်းကို ဆုံးရှုံးရတဲ့ ဇနီးသည်,အ‌ဖေကိုဆုံးရှုံးရတဲ့ သားသမီး......ဒီလို ခံစားချက်ကြီးကပြင်းထန်နာကျည်းလွန်းပါတယ်။ဒီသတင်းကြိုကားကြားခြင်း...ထိထိရှရှ ခံစားရပါတယ်။ပြီးခဲ့နှစ် မှာလဲ...F7 Fighter Pilot တစ်‌ယောက်လဲ ဆုံးပါးသွားခဲ့ဖူးပါတယ်။မိန်းမနဲ့ က‌လေး‌လေး ၁‌ယောက်ကျန်ခဲ့ပါတယ်။အရမ်းဝမ်းနည်းမိပါတယ်။သူတို့ ‌နေရာမှာငါသာ ဆိုရင် ဆိုတဲ့အ‌တွေးမျိုး‌တွေးကြည့်တာနဲ့ တင် နေစရာ‌နေရာမရှိ‌အောင်‌ကြောက်လန့် မိပါတယ်။ဒီလိုအ‌ဖြစ်ဆိုးတဲ့‌သေခြင်း,မထိုက်တန်တဲ့‌သေခြင်း,အချိန်မတန်တဲ့‌သေခြင်းမျိုးနဲ့ လူသားတိုင်းမကြုံ‌တွေြ့ကပါ‌စေနဲ့ လို့ ဆု‌တောင်းလိုက်ပါတယ်။ဆုံးပါးသွားကြတဲ့သူ‌တွေကို ရည်စူးပြီး
    "ပြုသမျှကုသိုလ်အတွက် "အမျှ အမျှ အမျှ"

    ReplyDelete
  4. လေယာဉ်ပျက်ကျတာက KNU ပစ်ချလိုက်လို့ပါ။ ဆီကြောင့် မဟုတ်ပါဘူး။ :P

    ReplyDelete
  5. ရုရှားစက်မှု့ဇုံထုတ်လေယာဉ်ထင်တယ်၊ မြန်မာပြည်မှာလဲ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချူပ်မှ ထုတ်လုပ်သောလေယာဉ်များကို လူကြီးတွေများများစီးကြစေချင်သည်၊ ပြည်တွင်းဖြစ်ကို အားပေးပါ။

    ReplyDelete
  6. လေယာဉ်ပျက်ကျတာက KNU ပစ်ချလိုက်လို့ပါ။ ဆီကြောင့် မဟုတ်ပါဘူး။ :P.......YES...YES...YES...YES...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။