Thursday, March 3, 2011

ဝန်ထမ်းများလစာ တိုးမည်၊ ကုန်ဈေးနှုန်း တက်ပြီ

မကြာမီဖြစ်ပေါ်လာမည့် အစိုးရအသစ်က ၀န်ထမ်းများကို အာဆီယံ နှုန်းထားနှင့်အညီ လစာများ ပေးမည်ဖြစ်ပြီး အစိုးရဝန်ထမ်း လစာများကို ဧပြီလကုန်မှ စတင်၍ နဂိုရှိရင်းစွဲ လစာထက် ၃.၈ ဆခန့် တိုးမြှင့် ပေးတော့မည်ဟု သတင်းများထွက် ပေါ်နေသည်။

အစိုးရ၀န်ထမ်းလစာ တိုးမြင့်သည်နှင့်အညီ ပုဂ္ဂလိက ကုမ္ပဏီကြီးများ၏ ၀န်ထမ်းလစာများကိုလည်း တိုးရန် စီစဉ်နေသည်ဟု သိရသည်။

စီစဉ်နေဆဲဆိုသော ကာလ ဖြစ်သဖြင့် ၀န်ထမ်းများ လစာ မတိုးသေးပါ။ သို့သော် ဆန်၊ ဆီမှစ၍ အခြေခံစားသောက်ကုန် ဈေးနှုန်းများ အလိုအလျောက် မြင့်တက်သွားပြီ ဖြစ်သည်။ အကယ်၍ လစာ ၃.၈ ဆခန့် တိုးပြီး၊ ကုန်ဈေးနှုန်း ၃.၈ ဆသာ တက်ပါက လစာ တိုးရာ မရောက်ဘဲ ထူးမခြားနားသာ ဖြစ်နေမည် ဖြစ်သဖြင့် စိတ်ညစ်မိကြောင်း ၀န်ထမ်းတဦးက ပြောသည်။


အပြည့်အစုံသို့

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။