Sunday, March 6, 2011

E Major ဖြင့်ကျောင်းပြီးပါက စင်ကာပူတွင် Marketing Assistant Manager ဖြစ်နိုင်ကြောင်း မေသန်းနု ပြောဆို

E Major ဖြင့်ကျောင်းပြီးထားပါက စင်ကာပူနိုင်ငံတွင် Marketing Assistant Manager ရာထူးဖြင့်အလုပ်လုပ်နိုင်ကြောင်း ဝါရင့် အနုပညာရှင်၊ အကယ်ဒမီများရှင် မေသန်းနုက ပြောဆိုလိုက်သည်။

ထပ်မံ၍ တက္ကသိုလ် ဘွဲ့ရများ အနေနှင့်လည်း စိတ်မလေစေရန် အလုပ်လုပ်နေသင့်ကြောင်း၊ ချစ်သူရည်းစားရှိသူများ အနေနှင့်လည်း စင်ကာပူနိုင်ငံတွင် ၃ နှစ်ခန့် အလုပ်လုပ်ပြီးမှာသာ အိမ်ထောင်ပြုရန် စဉ်းစားသင့်ကြောင်း ပြောဆိုသည်။

မိဘကို ပြောင်စပ်စပ်လုပ်သူများ အနေနှင့်လည်း ခေါင်းခေါက်ခံရမည် ဖြစ်ကြောင်း၊ ဆင်ခြင်သင့်ကြောင်း မိဘများကိုယ်စား ဆုံးမလိုက်သည်။



©ချစ်-G
Click Here to Watch (FB)

7 comments:

  1. ဟုတ်ပါ့ ဗျာ .. အတော်ရယ်ရတယ် ။ ကိုယ့် နိုင်ငံမှာ ကျောင်းပြီးတော့ အလုပ်အကိုင်တွက် အာမခံချက်မှမရှိတာ .. ဘာတဲ့ E Major ပြီးထားတာနဲ့ တင်
    Assistant Mgr ဖြစ်နိုင်သွားရောတဲ့ လား အတော်ရယ်စရာကောင်းတဲ့ မြန်မာဗွီဒီယို ဇာတ်လမ်းတွေ ။ ဟားဟား ကြံကြံဖန်ဖန် တင်ပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ။
    အမြဲ အားပေးလျှက်ပါ ။

    ReplyDelete
  2. ဗီဒီယိုဇတ်ကားတွေမှာ ဇာတ်ညွှန်းရေးသူတော်တော်များများက ငပိန်းတွေဗျ .. ဘာအတွေးအခေါ် ဗဟုသုတမှ ရှိတာမဟုတ်လူး.. မရှိလို့လုပ်စားတဲ့ အဆင့်ပဲရှိတာ.. ဒီတော့ ဒီလိုပေါက်ကရ စကားတွေ ထွက်လာတာပေါ့

    ReplyDelete
  3. ဟားဟား ဒါကတော်သေး ဟိုတစ်ခါ နိုင်းနိုင်း ယူအက်မှာ ကျောင်းသွားတက် (စိုက်ပျိုးရေးဘွဲ့ဆိုပဲ) ဟက်ဟက် အွန်လိုင်းကနေ မြန်မာပြည်က ခြံကို လှမ်းပြီးကွပ်ကဲ အဆိုးဆုံးက ကျွဲကောသီးဗျာ ပြောနေလိုက်တာ မျိုးကောင်းရိုးကောင်း ယူအက်က လှမ်းပို့လိုက်တဲ့ မျိုးစေ့နဲ့စိုက်ထားတာတဲ့ ရေလည်ကို စိတ်လေသွားတယ် ကျွဲကောသီးတောင် ရှိရဲ့လား လာကြည့်လိုက်အုံး ဟားဟားဟား

    ReplyDelete
  4. အင်း.... မြန်မာ ခေါ်.. ဗမာဗီဒီအို ဇက် ကားတွေမကြည့်တာတောင်..၁၀ နှစ်ကျော်ခဲ့ပြီ..commentလိုက်ဖတ်ရင်း ကြည့်လိုက်မိသှ် ယုတ္တိမရှိတာ တော်တော်များတာကိုး ပြီးတော့ အပေါစားလုပ်ပြီး ပြည်သူတွေကို လယ်ပင်းညစ်နေတာတွေကများသှ် ဇာတ်ညွန်းရေးတွေက ငပိစားပြီး အသိညာဏ်မရှိ ချည်ပတ်နဲ့တို့စားနေတာကိုး ဟိုး ...ရှေးတုန်းက
    ဗာရာဏသီတုန်းက ထက်စာရင် ဇာတ်ရေး ဒါရိုက်တာ ဇာတ်ဆောင်ထီး ဇာတ်ဆောင်မ စသှ်တွေ တော်တော်တိုးတက်ပြီး ဖဟုသုတရသနဲ့ပြည့်သှ်ဆိုရမှာပေါ့ ပရိသတ်ကြီးခင်ဗျာ....

    ReplyDelete
  5. some said.. can work as ielts english teacher..

    ReplyDelete
  6. ရနိုင်ပါတယ်ဗျ။
    မော်လမြိုင် မမကြီး ဆံပင်ညှပ်ဆိုင်မှာ...
    ဟီးဟီးဟီး....
    ဟိုလူ့လိုက်ဆွဲ၊ ဒီလူ့လိုက်ဆွဲ နဲ့လေ။
    ဟုတ်တယ်မလား စလုံးက ရွှေမြန်မာတွေ။

    ReplyDelete
  7. အဲဒီ နိုင်းနိုင်း ရဲ့ ကျွဲကောသီး ကားလေး စိတ်ဝင်စားတယ်ဗျာ .. ကားနာမည်လေး သိရင် ပြောပြီပါဦး .. ဘာပဲဖြစ်၂ .. ဗဟုသုတတိုးရအောင်ပါ .. :)))

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။