Sunday, March 13, 2011

လေယာဉ်အဟောင်းတစီး MAI ထပ်မံဝယ်ယူ

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI ဟာ Cyprus လေကြောင်းမှာ သုံးစွဲပြီးဖြစ်တဲ့ လေယာဉ် အဟောင်းတစီးကို
ဝယ်ယူလိုက်တယ်လို့ သတင်းတပုဒ်က ဆိုပါတယ်။

MAI ဟာ လေယာဉ် လေးစီးနဲ့ ခရီးစဉ်များပျံသန်း ပြေးဆွဲနေတာ ဖြစ်လို့ အခုလေယာဉ်ဟာ MAI ရဲ့ ပဉ္စမမြောက် လေယာဉ်ဖြစ်ပါတယ်။

MAI မှာ လက်ရှိ ပြေးဆွဲနေတဲ့ လေယာဉ် အမှတ် XY-AGG နဲ့ XY-AGI တွေဟာ Adria Airways လေကြောင်းမှာ သုံးပြီးသား လေယာဉ် အဟောင်းတွေ ဖြစ်သလို၊ XY-AGL ဟာလဲ Cyprus Airways မှာ သုံးခဲ့တဲ့ လေယာဉ် အဟောင်း ဖြစ်ပြီး၊ လေယာဉ်အမှတ်

F-GYAO ကတော့ Swiss Air နဲ့ Air Méditerranée တို့မှာ အသုံးပြုခဲ့တဲ့ လေယာဉ် အဟောင်း ဖြစ်နေတာကို တွေ့ရပါတယ်။

လေယာဉ် ၀ယ်ယူတဲ့ သတင်းတွေကို မြန်မာ့အလင်း၊ ကြေမုံ စတဲ့ သတင်းစာတွေမှာ ဖော်ပြတဲ့အခါ "လေယာဉ်အသစ် တစ်စင်း ထပ်မံရောက်ရှိ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသား ဖော်ပြလေ့ ရှိပါတယ်။


Cyprus Airways sells aircraft to Myanmar Air for $6m

Cyprus Airways Ltd sold an A320 airplane to Myanmar Airways International Co Ltd for $6 million, according to an e-mailed statement from the Cyprus Stock Exchange. The transaction will generate an accounting profit of about €1.6 million , according to the statement.

အပြည့်အစုံသို့

1 comment:

  1. ဒါပေါ့ မြန်မာပြည်ကို အခုမှရောက်တာလေ ဒီတော့အသစ်ပေါ့။ ပြည့်တန်ဆာတွေ သုံးနှုန်းနေသလိုပေါ့၊ ပဲခူးကနေ ရန်ကုန်ရောက်တော့ အသစ်ကလေးပေါ့၊ ရန်ကုန်ကနေ မန္တလေးရောက်သွားတော့လဲ အသစ်လေးပေါ့ ... အခုလဲ ဆိုဒ်ပရပ်ကနေ မြန်မာပြည်ရောက်လာတာဆိုတော့ အသစ်လေးပေါ့

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။