Monday, March 7, 2011

စာမေးပွဲ အောင်မြင်စေမည့် ထူးဆန်းသော ဘောပင်များ အကြောင်း ဂျာနယ်တခုဖော်ပြ

ကျောင်းသူ ကျောင်းသားများ စာမေးပွဲ အောင်မြင်ရန် အထောက်အကူ ပြုသည့် ထူးဆန်းသော ဘောပင် နှစ်မျိုး အကြောင်းကို မတ်လ ၂ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ်က ရေးသား ဖော်ပြသည်။ ကျောင်းသူ ကျောင်းသားများ အနေဖြင့် စာမေးပွဲအတွက် ကြိုတင် ပြင်ဆင်ခြင်း၊ လေ့လာ ကျက်မှတ်ခြင်း၊ အမှတ်ပေး စည်းမျဉ်းနှင့် အညီ ဖြေဆိုခြင်းများ ပြုလုပ်ရန် လုံးဝ မလိုအပ်ဘဲ၊ အဆိုပါ ထူးဆန်းသော ဘောပင်များကိုသာ အသုံးပြုလိုက်ပါက စာမေးပွဲ ဖြေဆိုရာတွင် ရည်မှန်းချက် အလုံးစုံ ပြည့်စုံကြမည် ဖြစ်ကြောင်း ဂျာနယ်တွင် ရေးသားထားသည်။

၂၀၁၁ တက္ကသိုလ်ဝင် စာမေး ပွဲကြီးကို မကြာမီ ဖြေဆို ကြရတော့မည့် ကျောင်းသား ကျောင်းသူများ သတိ ပြုရမည့် အချက်များ ကို အကြံပေးထားသည့် တွေ့ဆုံ မေးမြန်းချက် တခုတွင် အဆိုပါ ထူးဆန်း ဘောပင်များ အကြောင်းကို တွေ့ရခြင်း ဖြစ်သည်။

(Myanmar Post; Page. 7)

"ဒီကာလမှာ စာမေးပွဲ ဖြေတဲ့သူ အားလုံးက ရည်မှန်းချက် အလုံးစုံ ပြည့်စုံဖို့ အဖြူရောင် နဲ့ အပြာနုရောင် ပါတဲ့ ဘောပင်ကို သုံးသင့် ပါတယ်။" ဟု ဂျာနယ်တွင် အထူး အကြံပေးထားသည်။ အကြံပေးသူမှာ အမှုဆောင် အရာရှိချုပ်ဟု သိရသည်။ အမှုဆောင်အရာရှိချုပ်၏ အကြံပေးချက်တွင် စာမေးပွဲ အတွက် လေ့လာ သင်ယူ ကျက်မှတ် ရမည့် အကြောင်းတရားများနှင့် စပ်လျဉ်း၍ တခွန်းတပါဒမျှ မပါရှိပေ။

အဖြူရောင်နှင့် အပြာနုရောင် ဘောပင်ကို အသုံးပြုပါက ရည်မှန်းချက် အလုံးစုံ ပြည်စုံမည်ဟု ဆိုထားသဖြင့်၊ ကျောင်းသားများ စာကျက်ရန် လုံးဝ မလိုအပ်ကြောင်း၊ အဆိုပါ ဘောပင်များ အသုံးပြုကာ ဖြေဆိုလိုက်ပါက စာမေးပွဲ မုချ အောင်မြင်မည် ဖြစ်ကြောင်း ဂျာနယ်တွင် ဖော်ပြချက် အရ သိရသည်။


အပြည့်အစုံသို့

5 comments:

  1. မြန်မာပို့စ်က ဇေယျာကိုဆိုတဲ့ ငနဲက နဲနဲညံ့တယ်ဗျ အမှန်မှန်က ဘောပင်ထုတ်တဲ့ ကုမ္ပဏီ တခုခုချိတ်ဆက်ထားသင့်တယ် ၊ ဒါမှ တခါထဲ ဘယ်ကုမ္ပဏီ ကထုတ်တဲ့ ဘောပင်လေးကို သုံးပါဆိုပြီး ကြော်ငြာ ရမှာနော်....စောက်ရူး ဇေယျာကို ဘောပင်ဆောင်တာနဲ့ စာမေးပွဲ အောင်မတဲ့...BSN က ဒီသတင်းဖတ်မှ ဖတ်ပါ့မလားပေါ့....ဒေါ်ညိုညိုသင်း အကြောင်းလေး ကလိလိုက်ပါဦးဗျ..ဟတ်ဟတ်

    ReplyDelete
  2. မြန်မာပြည်က အချို့စာနယ်ဇင်းတွေ ဗေဒင်ဆရာကိုမေးပြီးဆောင်းပါးတွေ ပြန်ရေးတာ တော်တော် ကြည့်ဆိုးတယ်။ လူတွေက ဒီလိုစရိုတ်တွေရှိတော့ သန်းရွှေတို့ ဗေဒင်မေးပြီး တိုင်းပြည်အုပ်ချုပ်တာ မဆန်းဘူး။ နင်တို့ထိုက်နဲ့ နင်တို့ကံ ရှိစေတော့ လို့ပဲ ပြောရတော့မှာပဲ။

    ReplyDelete
  3. အျ​ပာ​နဲ​႕ အျ​ဖဴ​ပါ​တဲ့ ေ​ဘာ​ပ​င​္ ဆို​တာ ေ​ရးနိုး တံ​ဆိပ်ကိုြေ​ပာ​တာြ​ဖစ်မ​ယ်
    အျ​ဖဴ​ေ​ရာ​င​္ေ​ပ​ၚ​မွာ ဓား​ပါး​ေ​လး​နဲ​႕ ႏု​တ​္ေ​တြ ေ​ဖာ​္ျ​မဴ​လာ​ေ​တြ ေ​ရး​လို​႕​ရ​တ​ယ​္ေ​လ

    ReplyDelete
  4. very funnyyy DUDE!!!!!!!!!!

    ReplyDelete
  5. ဒီမိုး၊ဒီရေ နဲ့ ဒီလူတွေဆိုတဲ့ပြဇာတ်ကိုသွားသတိရသေးတော့

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။