Tuesday, March 29, 2011

ဆူနာမီနှင့် ငလျင်ကြောင့် ဂျပန်နိုင်ငံ မိုင် ၁၈၀၀ ကျော်ရွေ့လျားသွား

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လှုပ်ခတ်ခဲ့သော အလွန့် အလွန် အင်အားပြင်းသည့် ဆူနာမီနှင့် ငလျင်ကြောင့် အရှေ့အာရှမှ ဂျပန်နိုင်ငံသည် တောင်ဖက် ယွန်းယွန်း သို့ မိုင် ၁၈၀၀ ကျော် ရွေ့လျားသွားသည်။

မြေပုံကို ancienthistory.about.com မှ ရယူသည်

ထိုသို့ ရွေ့လျားသွားသဖြင့် ဂျပန်နိုင်ငံသည် ယခုအခါ အရှေ့တောင် အာရှနိုင်ငံတခု ဖြစ်သွားပြီ ဖြစ်သည်။
ထိုသို့ ဂျပန်ပြည် အရှေ့တောင် အာရှနိုင်ငံ ဖြစ်သွားကြောင်းကို မတ်လ ၂၈ ရက်နေ့ထုတ် the voice weekly , vol7 / No.16 တွင် ရေးသား ဖော်ပြထားသည်။


ဂျပန်နိုင်ငံ အနေဖြင့် ၄င်းနှင့် နီးနီးနားနား အရှေ့တောင် အာရှနိုင်ငံ ဖြစ်သော ဖိလစ်ပိုင် အနီးသို့ရွေ့လျား သွားခြင်းကြောင့်သာ ယခုကဲ့သို့ မိုင် ၁၈၀၀ ကျော် ရွေ့သွားခြင်း ဖြစ်သည်။ အကယ်၍ အရှေ့တောင်အာရှမှ စင်ကာပူ အနီးသို့သာ ငလျင်ကြောင့် ရွေ့လျားသွားသည် ဆိုပါက မိုင် ၃၀၀၀ ကျော် ရွေ့လျား သွားမည် ဖြစ်သည်။ ယခုကဲ့သို့ ဂျပန်ပြည် နေရာရွေ့မှုမျိုးကို ကမ္ဘာ့သမိုင်းတွင် တခါမှ မကြုံဖူးသေးပေ။ ဤ အဖြစ်အပျက်မှာ ကမ္ဘာ့ အပြင်းထန်ဆုံး မြေနေရာ ရွေ့လျားမှု ဖြစ်ကြောင်း သတင်းရရှိသည်။

Distance between Manila (Philippines) & Tokyo (Japan)
(Mapcrow.info)

လက်တို့သူ-နာနို

13 comments:

  1. ဟား..ဟား..ဟား.. ဆိုးပါ့..

    ReplyDelete
  2. ဗမာဂျာနယ်တွေ..ပထဝီဝင်၊ သမိုင်းကို သေချာမလေ့လာပဲ လူရီစရာကောင်းအောင်ရေးနေတာတွေ ခနခန တွေ့ရတယ်.. တခါတလေ သတင်းဓါတ်ပုံတွေကို ဖြတ်ညှပ်ကပ်ပြီး ပြီးစလွယ်လုပ်ထည့်တာလဲတွေ့နေရတယ်..ဧရာဝတီ မြစ်ဆုံသတင်းရေးပြီး မန္တလေးနားက ရွှေကြက်ကျ ဘုရားပုံထည့်ထားတာလဲတွေ့ဖူးသေးတယ်..
    ရှက်တတ်ရင် သတင်းရေးသူရော..အယ်ဒီချာရော..လဲသေဖို့ကောင်းတယ်၊ စာပေစီစစ်ရေးဆိုတာကလဲ ဘာတွေ စီစစ်နေသလဲမသိပါဘူး..

    ReplyDelete
  3. ဂျပန်ကို အာဆီယံထဲ ထည့်ချင်လို့  ဖြစ်မယ်။
    ရည်ရွယ်ချက်ရှိရှိ ရေးတယ်လို့  ယူဆပါတယ်။
    ဂျပန်ကြီး ပါလာရင် အာဆီယံက အင်အား ပိုကောင်းမှာ သေချာတာပေါ့

    ReplyDelete
  4. lolz.. you guys can't stop making joke..
    This is getting funny day by day already.. lolz

    ReplyDelete
  5. ဒါ့ထက်မီဂျီခေတ်ဆိုတာ ပထမ ကမ္ဘာစစ် မဖြစ်ခင် ၁၈၆၈-၁၉၁၂ ကာလကိုပြောတာမဟုတ်ဖူးလား။ ဆောင်းပါး ပထမပိုင်းလဲလွဲနေသလိုပဲ

    ReplyDelete
  6. ဘွဲ့ရ ပညာမတတ်March 29, 2011 at 2:55 PM

    ကျုပ်တို့နိုင်ငံမှာ ရမ်းတုတ်..မှန်းအုပ်တွေ များသတဲ့များလားပါရောလား... ကိုဇီးကွက်ရေ မြန်မာပြည်က ပညာရေး budget လေး များ သိပါရစေလား...

    ReplyDelete
  7. She may graduated from Shet Sayagyi Uni,PhinLan.(Hiring Ko Zee Gwet's style)

    ReplyDelete
  8. သူ့ အစားရှက်ထှာ..

    ReplyDelete
  9. ကျော်ထင်March 29, 2011 at 11:50 PM

    Editor ကလဲ သတင်းရေးသားသူ ရေးပို့တာကို ဘာမှ မစိစစ်ဘူးဆိုတဲ့ သက်သေ၊ စာပေစိစစ်ရေးဆိုတဲ့ သူတွေကလဲ သူတို့စစ်ချင်တာပဲ ကွက်စစ်ပြီး ကျန်တာ ဘာမှ မကြည့်ဘူးဆိုတဲ့ သက်သေ။ BSN ရဲ့ စူးရှပြီး အသေးစိတ်လှတဲ့ ထောက်ကွက်တွေကို အဲဒီပြည်တွင်းက သတင်းထောက်တွေ ဂျာနယ်တွေဆီ ရောက်အောင်ပို့ပါဗျာ။ ကျနော်တို့လဲ တတ်နိုင်သလောက် အဲဒီ အလွဲအမှားတွေကို ပြည်တွင်းကရောင်းရင်းတွေ သိအောင် FB ကနေတစ်ဆင့်ဖြန့်ပေးနေပါတယ်

    ReplyDelete
  10. မတော်တဆအမှားလို့ ပဲ ယူဆပါတယ်။ ဒါပေမယ့်လို့ ရုပ်အရမ်းဆိုးတယ်။

    ReplyDelete
  11. မျန်မာတွေ ဂျပန်ကို ၀င်တိုက်တော့မယ်ထင်တယ်.... အနားကို ဆွဲဆွဲလာပီ

    ReplyDelete
  12. ဟားဟား
    ဘာမှကို မပြောနိုင်ဘူး တအားကိုအော်ရီမိတော့တာပါဘဲ။
    သတင်းမှားတာ ဒီလောက်မရီရဘူး
    သရော်စာက အတော်ရီရတယ်.. စိတ်ကူးသိပ်ကောင်းတာဘဲ တကယ်ဗျာ ချီးကျူးတယ်း)

    ReplyDelete
  13. တကယ်ပါ သောက်ရှက်မရှိဘူးလို့ပြောရင်တောင်မှ နည်းနေသေးတယ်... ကိုယ်ရေးတဲ့စာကို ကိုယ်တာဝန်မယူဘူးဆိုတဲ့ Mindset မျိုးရှိရင်တောင်မှ ဒီလို အမှားမျိုးက ရှက်တတ်ရင် လဲသေဖို့တောင်ကောင်းပါတယ်...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။