Sunday, March 20, 2011

ဂျပန်နိုင်ငံမှ ၀င်ရောက်လာသော ခရီးသည်များကို ရန်ကုန်လေဆိပ်တွင် ကြပ်မတ် စစ်ဆေး

ခေတ်မီ တိုးတက်သော မြန်မာပြည်တွင် နိုင်ငံခြားမှ ၀င်ရောက်လာနိုင်သည့် မလိုလားအပ်သော ကျန်းမာရေး ထိခိုက်စေနိုင်သည့် ဖြစ်စဉ်များ  ကြိုတင်ကာကွယ်ရေး အစီအစဉ်အရ မြန်မာပြည်ကို ဖြတ်သန်း တိုက်ခိုက်သော လေထု (သို့မဟုတ်) ရွာချလာသော မိုးရေ များတွင် ဂျပန်နိုင်ငံ နျူးကလီးယား ဓာတ်ပေါင်းဖိုမှ ထွက်ပေါ်လာနိုင်သော ရေဒီယို သတ္တိကြွမှုများ ပါဝင် နိုင်ခြင်း ရှိမရှိ ကို စောင့်ကြည့်လေ့လာနေကြောင်း သိရသည်။

(Photo: Popular)

ထို့အတူ (၁၈-၀၃-၂၀၁၁) နေ့မှ စ၍ မြန်မာပြည်သို့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ၀င်ရောက်လာသော ခရီးသည်များတွင် ရေဒီယို သတ္တိကြွဓာတ်များ ပါဝင်မှု ရှိမရှိ သိနိုင်ရန် စစ်ဆေးလျက်ရှိရာ ၀င်ရောက်လာသော ခရီးသည်တဦးချင်း ကို "ရေဒီယို သတ္တိကြွ ဓာတ်များ ပါသလား၊ ပါသလား" ဟု မေးမြန်း လျက်ရှိကြောင်း သတင်း ရရှိသည်။

ထူးခြားမှု အဖြစ် ဂျပန်နိုင်ငံမှ လာကြသော ခရီးသည်များကို ရေဒီယို သတ္တိကြွ ဓာတ်များ ကိုယ်တွင် ကပ်ပါလာမှု ရှိမရှိ တိုင်းတာသော ကရိယာ ကြီးများဖြင့် တိုင်းတာနေသည် ကိုတွေ့မြင်ခဲ့ရကြောင်း နိုင်ငံခြားမှ ပြန်ရောက်လာသူ တဦးက ပြောပြသည်။

ထိုကဲ့သို့ တိုင်းတာနေမှုများကို တိုင်းမှူး အဆင့်ရှိသူ ကိုယ်တိုင် လာရောက်ကြည့်ရှုပြီး ဂျပန်နိုင်ငံမှ မြန်မာပြည်သို့ ပြည်တော် ပြန်လာသူများ အနေဖြင့် ရေဒီယို သတ္တိကြွဓာတ်များ ကိုယ်တွင် ကပ်ငြိမပါလာစေရန် အတွက် ရေချိုးပြီးမှသာ လာရောက်ကြရန် လမ်းညွန် မှာကြားနေသည်ကို တွေ့မြင်ရကြောင်း လေဆိပ်တွင် ကြုံတွေ့ရသူ တဦးက ပြောသည်။

tein007 @mmcybermedia

5 comments:

  1. "ဓါတ်" ပါမပါ မေးတာ ဟုတ်ဟန် မတူဘူး။
    "ယန်း" ပါမပါ စစ်တာနဲ့  တူတယ်...

    ReplyDelete
  2. ဘွတ်ကြီးMarch 20, 2011 at 11:41 AM

    ဟားဟား ဟား
    အင်တာဗျူးလေးပါထဲ့ပေးရင်ပိုကောင်းမယ်။

    ReplyDelete
  3. စောက်ပေါသန်းရွှေMarch 20, 2011 at 6:55 PM

    စိုးရိမ်လို့လည်းမေးရသေးတယ် ဘယ်သူကမှ အကောင်းမပြောချင်ကြဘူး...သိတ်ချိတ်ချိုးတယ်

    ReplyDelete
  4. ရေဒီယိုသတ္တိကြွဓာတ်များ ပါမပါတော့မသိဘူး
    ရေဒီယိုတွေဝယ်သွားတာတော့တွေ့လိုက်တယ်

    ReplyDelete
  5. ပေါက်ကရလိုက်ေ၇းမနေနဲ့ဗျုီ့........... ဖတ်ရတဲ့သူအရှိန်ပျက်တယ်ဗျာ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။