Friday, March 11, 2011

မြန်မာနိုင်​ငံမှ ပထမဦးဆုံး တီတွင်ခဲ့ေ​သာ မြန်နှုန်းနိ​မ့် ကွန်နက်ရှင်

(Photo: Myanmar Times)

ရတနာပုံ တယ်လီပို့မှ တစ်ခါ Click လုပ်ပီးလျှင် သုံးနှစ် အိပ်လို့ရသော ကွန်နက်ရှင်တစ်မျိုးကို ဆန်းသစ်တီတွင်လိုက်ြပီဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အင်တာနက် ကွန်နက်ရှင်မှာ မည်သည့်နိုင်ငံတွင်မှ စတင်သုံးစွဲခြင်း မရှိသေးပဲ မြန်မာနိုင်ငံမှ ပထမဦးဆုံး တီတွင်ခဲ့သော မြန်နှုန်းနိမ့် ကွန်နက်ရှင်ဖြစ်သည်။

အဆိုပါ မြန်နှုန်းနိမ့် ကွန်နက်ရှင်ကို တီတွင်ခဲ့သော ရတနာပုံတယ်လီပို့မှ အိုင်တီ ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ မတောက်တခေါက်က ထုတ်ဖော်ပြောဆိုရာတွင် " ကျွန်တော်တို့ ဒီလို ဘယ်နိုင်ငံကမှ စတင်အသုံးပြုနိုင်သေးတဲ့ ကွန်နက်ရှင်ကို အသုံးပြုနိုင်တာ ဂုဏ်အရမ်းယူပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီလို ကွန်နက်ရှင်ကို ထုတ်လွှင့်နိုင်ဖို့ တော်တော်လေး အချိန်ကုန် ငွေကုန်ခံပြီး လူအပင်ပန်းခံ လုပ်ခဲ့ရပါတယ်။ ဒီကွန်နက်ရှင်ကြောင့် ဂင်းနစ်စံချိန်တောင် ချိုးဖျက်နိုင်လိမ့်မယ်လို့ယုံကြည့်ပါတယ်။ နောက်ပြီး အချိန်အတော်ကြာကြာ ဒီစံချိန်ကို ချိုးဖျက်နိုင်မယ့် နိုင်ငံပေါ်လာမယ်မထင်ပါဘူး" ဟုပြောကြားခဲ့သည်။

ဆက်လက်ပြီး အိုင်တီ ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ မတောက်တခေါက်က မြန်မာလူမျိုးများအတော် များများမှာ ဂျီတော့နှင့် ဖေ့ဘွတ်ခ်သာအသုံးပြုကြသဖြင့် အဆိုပါ နှစ်ခုသာ ၀င်နိုင်သော အင်တာနက် ကွန်ယက်တစ်ခု စီစဉ်ထားကြောင်း၊လက်ရှိ ဈေးကွက်စီးပွားရေးဈေးကွက်နှင့် အညီ Access has been denied၊ Network Error ၊ connection time out အစရှိသည့် စာမျက်နှာများတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို ကြော်ငြာထည့်သွင်းနိုင်ကြောင်း ထည့်သွင်းပြောဆိုသွားခဲ့သည်။



3 comments:

  1. နိုင်ငံတော် အတွက် ဂုဏ်ယူစရာပေါ့ဗျာ။
    သွပ် သွပ် သွပ်

    ReplyDelete
  2. လိပ်ဖိုးဖိုး ခေတ်လေ...

    ReplyDelete
  3. ရိုက်ချက်က ထိလိုက်တာမှ တည့်တည့်ပဲ။ Access denied တို့ connection time out တို့ Network error တို့ ဆိုတာ မြန်မာပြည်က အင်တာနက်သုံးစွဲသူတွေအတွက် နေ့စဉ်ဘ၀လို ရိုးနေပြီ။
    Facebook တို့ Google တို့မှာ ကြော်ငြာထည့်တာထက် အဲ့နေရာတွေမှာ ကြော်ငြာတာ ပိုထိရောက်တယ်။ ငှဲငှဲ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။