Thursday, March 17, 2011

FIFA ဥက္ကဌသည် မြန်မာနိုင်ငံသား တဦးဖြစ်

FIFA ဥက္ကဌ ဆတ်-ပလာတာ (Sepp Blatter) သည် မြန်မာနိုင်ငံသား တဦး ဖြစ်ပြီး ဖခင် ဦးနံပြားနှင့် မိခင် ဒေါ်စမူဆာ တို့မှ ဖွားမြင်သည်။ ငယ်စဉ်က ဘယာကြော် ရောင်းခဲ့သည်။ ထို့နောက် ဘယာကြော်ထက် အဆင့်မြင့်သည့် "ဆတ်သား ပလာတာ"ကို ရောင်းချခဲ့သဖြင့် "ဆတ်-ပလာတာ" ဟု အမည်တွင်သည်။ ၄င်း ရောင်းချခဲ့သည့် ဆတ်သား ပလာတာမှာ ဆတ်သား အစစ်ဖြင့် ပြုလုပ်ထားခြင်း ဟုတ်မဟုတ် ယနေ့တိုင် အတိအကျ မသိရသေးပေ။

ဆတ်-ပလာတာသည် အပိုဝင်ငွေရရှိရန် ကွင်းပြင်ထွက်လာသည့် ဘောလုံးများကို ကောက်ပေးရသည့် "ဘောကောက်" အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ ဘောလုံး ကောက်ရာတွင် ကျွမ်းကျင်သဖြင့် SEA Games "ဘောကောက်"၊ Asian Games "ဘောကောက်"၊ အိုလံပစ် "ဘောကောက်"၊ ကမ္ဘာ့ဖလား "ဘောကောက်" စသည်ဖြင့် အဆင့်ဆင့် လုပ်ကိုင်ခဲ့ပြီး၊ နောက်ဆုံးတွင် FIFA ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဖြစ်လာခဲ့သည်။


အသား ပလာတာစားရန် ပြင်ဆင်နေသော ဆတ်-ပလာတာ (Photo: Irrawaddy)

ဆတ်-ပလာတာသည် သူ၏ ဇာတိမြေ မြန်မာပြည်သို့ ရောက်ရှိနေစဉ် အတွင်း သူအလွန် ကြိုက်နှစ်သက်ပြီး ကိုယ်တိုင် ရောင်းချခဲ့ဖူးသည့် ဆတ်သားပလာတာကို စားသောက်ခဲ့သည်။ သို့သော် မြန်မာ သေဌေးကြီးများ တည်ခင်းသည့် "ဆတ်သား ပလတာ" မှာ အတုဖြစ်ကြောင်း၊ ဆတ်သား မဟုတ်ဘဲ ခွေးသားဖြင့် ချက်ပြုတ်ထားခြင်း ဖြစ်ကြောင်း ပလာတာ အထူးကျွမ်းကျင်သူ ဆတ်-ပလာတာက ဖော်ထုတ်သွားခဲ့သည်။

ဆတ်-ပလာတာ အကြောင်း လေ့လာရန်

2 comments:

  1. ဘွတ်ဘွတ်March 17, 2011 at 2:06 PM

    စာကြွင်း ဆတ်ပလာတာဧ။် တစ်ဦးတည်းသောညီမငယ် ပဲနံပြား အထူးစီမံထားသော ပူစီနံနှင့် စမူဆာကို မြန်မာသူဋ္ဌေးကြီး ဦးတေဇအား ပြန်လည်ဧည့်ခံမည်ဟုသိရကြောင်း။ ။

    ReplyDelete
  2. သေဌေးကြီးဦးတေဇမှလည်းပူစီနံနှင့်စမူဆာအားလွန်စွာကြိုက်ပါကြောင်း။ တစ်ခါတစ်ခါတစ်ပါတ်လောက်ပျောက်သွားခါတစ်ယောက်တည်းကြိတ်စားပါကြောင်း။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။