Wednesday, March 2, 2011

၁၉၅၄ နောက်ပိုင်းတွင်မှ ဒုတိယကမ္ဘာစစ် ဖြစ်ပွားခဲ့ဟု မြန်မာစာရေးသူတဦး ဖော်ထုတ်

ဒုတိယ ကမ္ဘာစစ်ကြီးသည် ၁၉၃၉ တွင် စတင်ပြီး၊ ၁၉၄၅ တွင် ပြီးဆုံးသည်ဟု ကမ္ဘာ့သမိုင်း ပညာရှင်များက သတ်မှတ်ကြသည်။ ဒုတိယ ကမ္ဘာစစ်မဖြစ်မီ ကာလကို စစ်ကြိုခေတ်ဟုခေါ်သည်။

မြန်မာစာရေးဆရာတဦးကမူ ၁၉၅၄ နောက်ပိုင်းတွင်မှ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားသည်ဟု သမိုင်းမှတ်တမ်းသစ် တခုကို ဖော်ထုတ် လိုက်သည်။ အဆိုပါ တင်ပြချက်သစ်ကို ဖေဖော်ဝါရီ ၂၁ ရက်ထုတ်၊ အလင်းတန်း ဂျာနယ်တွင် တွေ့ရသည်။ ဂျာနယ်တွင် အဆိုပါ စာရေးသူက ၁၉၅၄ မတိုင်မီကာလကို "စစ်ကြိုခေတ်"ဟု သုံးနှုန်းတင်ပြထားသည်။

စစ်ကြိုခေတ်တွင် ကိုလိုနီခေတ်လက်ရာ ဟန်မျိုး မဟုတ်ဘဲ အရှေ့ဟန်နှင့် အနောက်ဟန်ပန် ရောပြွမ်းနေသော ဗိသုကာလက်ရာဟန်တချို့ မြေစမ်း ခရမ်းပျိုးခဲ့ပြီး ထိုခေတ်တွင် တည်ဆောက်ခဲ့သော ရန်ကုန်ဘူတာကြီးမှာ ထင်ရှားသည်ဟု ဖော်ပြပါ စာရေးဆရာက ရေးသားသည်။


အလင်းတန်းဂျာနယ် (စာ-၃၄) မှ

မှတ်တမ်းများအရ ရန်ကုန်ဘူတာကြီး ဗိသုကာဒီဇိုင်းကို ၁၉၄၆ မေလ ၇ ရက်တွင် အတည်ပြုခဲ့သည်။ ၁၉၄၇ ဇန်န၀ါရီတွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၅၄ မေလတွင် ပြီးဆုံးခဲ့ကာ၊ ၁၉၅၄ ခု ဇွန်လ ၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။ ကမ္ဘာ့သမိုင်း ပညာရှင်များ သတ်မှတ်ချက် အရ စစ်ပြီးခေတ် တွင် တည်ဆောက်ခြင်း ဖြစ်သည်။

သို့သော် အလင်းတန်းဂျာနယ်ပါ စာရေးသူက ရန်ကုန်ဘူတာကြီးကို စစ်ကြိုခေတ်တွင် တည်ဆောက်ခဲ့သည်ဟု ရေးသားထားသည်။ ထိုရေးသားချက်အရ ဆိုလျှင် ဘူတာကြီး ဆောက်လုပ်ချိန် ဖြစ်သော ၁၉၄၇ မှ ၁၉၅၄ ခုနှစ် အထိ ကို စစ်ကြိုခေတ်ဟု သတ်မှတ်ရာ ရောက်နေပြီး၊ ဒုတိယ ကမ္ဘာစစ်သည် ၁၉၅၄ နောက်ပိုင်းတွင်မှ စတင်သည်ဟု သဘောသက်ရောက်နေသည်ကို တွေ့ရသည်။

ကမ္ဘာ့ သမိုင်း ဖြစ်စဉ်ကို ပြောင်းပြန်လှန်လိုက်သည့် မြန်မာနိုင်ငံမှ စာရေးဆရာ၏ အဆိုပါ သမိုင်းသစ်ကို ဖတ်ရှုရသော ကမ္ဘာတလွှားမှ သမိုင်းပညာရှင်များ အလွန်အမင်း အံသြ တုန်လှုပ်သွားကြကြောင်း သတင်းရရှိသည်။

ဖင်လန်နိုင်ငံ Shat Sa Yar Gyi တက္ကသိုလ်မှ တရုတ်လူမျိုး သမိုင်းပါမောက္ခ Dr Baung Bi Gyot ကမူ မြန်မာစာရေးဆရာ အနေဖြင့် တတိယ ကမ္ဘာစစ် မတိုင်မီ စစ်ကြိုခေတ်ကို ဆိုလိုခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သွားသည်။


အပြည့်အစုံသို့

2 comments:

  1. မြန်မာနိုင်ငံက စာနယ်ဇင်းတွေလဲ အခြားလူ မှားတာတွေကိုချည်းပဲ ထောက်ပြတာ မဟုတ်ပဲ ကိုယ်မှားတာတွေကို ဝန်ခံသင့်တယ်..

    ReplyDelete
  2. I guess with the constant brain draining, and insufficient level of education, generations become
    1. easy entry to university (Lowering entrance marks)
    2. gradually passing the exam (external tuition, bribery if you may say, and so)
    3. graduation without much effort, or deep learning
    4. Struggling in bad economy (Survival is the 1st priority, so making news, writing articles is 1st priority, not concerning with publishing wrong information)

    Of course those who try their best or learn in depth could have gone overseas or could be trying right now to go abroad.

    Journals are increasingly occupied with mediocre writing, mixed with formal and informal style of rhetorical speech.

    Who's to blame?

    The system!

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။