Friday, March 4, 2011

အကယ်ဒမီ နေတိုး အောက်လမ်းနည်းများကို အသုံးပြုနေ

Laptop ဟာ Celebrity တစ်ယောက် အတွက် မရှိမဖြစ် လိုအပ်တယ်လို့ အကယ်ဒမီ နေတိုးက ပြောပါတယ်။

"Laptop ကတော့ လက်ရှိ HP Laptop လေးကို သုံးနေပါတယ်။ ဒါလေးကတော့ ကျွန်တော့်အတွက် မရှိမဖြစ်ပါ။ အပြင်သွားရင် အမြဲယူသွားဖြစ်တယ်။ ဘယ်အရာမဆို ဘယ်အကြောင်းအရာမဆို ဒီ Laptop က အသုံးဝင်တယ်။ နောက်ပြီး Celebrity တစ်ယောက်အနေနဲ့ ဒါကလိုအပ်တယ်။ အင်တာနက် သုံးတာပဲဖြစ်ဖြစ် အခြား ကျွန်တော့်ရဲ့ Personal Data တွေ သိမ်းတာပဲ ဖြစ်ဖြစ်ပါ။ အင်တာနက် သုံးတဲ့အခါ www.youtube.com ကို ကျွန်တော် ကြည့်ဖြစ်တာ များတယ်။ ဒါပေမဲ့ youtube ကို မြန်မာပြည်မှာ ပိတ်ထားတော့ အောက်လမ်းနည်းတွေ သုံးပြီး ကျော်ခွကြည့်ရပါတယ်။ ကိုနတ်ရှင်က နှေးတော့ ဗီဒီယိုတွေက တစက္ကန့်လောက် လှုပ်လိုက်၊ အကြာကြီးရပ်နေလိုက်၊ နဲနဲလှုပ်လိုက်၊ ထစ်နေလိုက် ဆိုတော့ ကြည့်ရတာ အဆင်မပြေပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဇော်ဂျီ ဆေးတောင်ဝှေးနဲ့ ကိုနတ်ရှင်ကို ရိုက်လိုက်တော့ ကိုနတ်ရှင်လဲ လန့်ဖြတ်ပြီး မြန်မြန် ပြေးပါလေရော။ ဒီတော့မှ ကြည့်ရတာ အဆင်ပြေသွားတယ်" လို့ နေတိုးက ပြောပြပါတယ်။


ဆေးတောင်ဝှေးပိုင်ရှင် ဇော်ဂျီ-နေတိုး
(screen shot from zawka-ka-nay-thee)

နောက်ပြီး ဖက်ရှင်နဲ့ ပတ်သတ်တာတွေ လေ့လာဖြစ်တယ်။ ပရိသတ်တွေကို ကျွန်တော့်ရဲ့ Facebook စာမျက်နှာတွေကပဲ ဆက်သွယ်ဖြစ်ပါတယ်၊ ပရိသတ်တွေ တမျိုးမထင်ရအောင် ၁၀၀% နေတိုး စစ်စစ် ဖြစ်ပါတယ်လို့ ကြေညာထားပါတယ်” လို့ နေတိုးက ပြောပြသွားပါတယ်။

(from Facebook)

အပြည့်အစုံသို့

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။