(Myanma Alin)
ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး ရထားလမ်း တာဘောင် ကျွံကျမှု ဖြစ်စဉ်တခု ဧရာဝတီတိုင်း အတွင်း ဖြစ်ပွားခဲ့ကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ ၁၁ တွင် ဖော်ပြသည်။
ပုသိမ်နှင့် အိမ်မဲအကြား၊ ဆင်ဂေါင်းကျေးရွာအနီးတွင် အောက်ခံမြေသား ညံ့ဖျင်းမှုကြောင့် ရထားလမ်း တာဘောင် (၁) ကီလိုမီတာခန့် နိမ့်ကျွံသွားခဲ့ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းက ပြောကြောင်း သတင်းစာက ရေးသားသည်။
အဆိုပါ မြေသား (၁) ကီလိုမီတာခန့် နိမ့်ကျွံဝင်မှုကို (၁) ကီလိုမီတာ ပြန်လည် မြင့်တက်အောင် GEO-TEXTILE နည်းပညာဖြင့် ပြုပြင် ခဲ့ကြောင်း ၀န်ကြီးက ဆက်လက် ပြောကြားသည်။
ဤသတင်းအရ ဧရာဝတီတိုင်းအတွင်း အံ့သြဖွယ်ရာ ဂင်းနစ် မှတ်တမ်းဝင် ကမ္ဘာ့အကြီးကျယ်ဆုံးနှင့် အဆိုးရွားဆုံးသော ရထားလမ်း မြေကျွံမှုကြီး ဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး၊ (၁) ကီလိုမီတာခန့် မြေကျွံမှုကို မူလအတိုင်း ပြန်ဖြစ်စေရန် ခေတ်မီ GEO-TEXTILE နည်းပညာဖြင့် မန်းမှုတ်လိုက်သည့် မြန်မာ အင်ဂျင်နီယာများသည်လည်း ကမ္ဘာ့အတော်ဆုံး အင်ဂျင်နီယာများ ဖြစ်ကြကြောင်း ဂုဏ်ယူစဖွယ် မှတ်သား သိရှိရပါသည်။
@ကေဇီ-Clean

အရှည်နဲ့ အနက်နဲ့ ခွဲမပြောတတ်လို့ ထင်ပါတယ်။ အနက်ဆိုရင်တော့ တော်တော်ကြီးကို နက်တာပဲ...။ တစ်ကီလိုမီတာ ဆိုတော့...။ :)
ReplyDeleteဟုတ်ပဗျာ။ ငရဲကိုတောင် ရောက်တော့မယ်။
ReplyDeleteလှိုင်ခေါင်းတွေ နေရာအနှံ့ ဒီလောက်တောင်တူးနေတာ ကျွံမှာပေါ့ ကြပ်ပြေးကြီး ပါ မြေအောက်ရောက်မယ်
ReplyDelete