(လေယာဉ်မယ် ဓာတ်ပုံ အရွယ်အစား သတင်း)
လေယာဉ်မယ်အဖြစ် လျှောက်ထားသူများသည် မိမိတို့၏ ရှေ့တည့်တည့်နှင့် ယာဘက်ဘေးမှ ရိုက်ကူး ထားသော တစ်ကိုယ်လုံးပုံ ဖြစ်သည့် (၅ ပေ_ ၇ လက်မ) မြင့်သော ပကတိ လူအရွယ်အစားရှိ ကြီးမားသော ဓာတ်ပုံကြီး တပုံကို မိမိတို့ ကိုယ်တိုင် သယ်ပိုး ယူဆောင်ကာ မြန်မာ့လေကြောင်းရုံးချုပ်တွင် လူတွေ့စစ် ဆေးမှု ခံယူရမည် ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ လူအရွယ်အစားရှိသော ဓာတ်ပုံကြီးကို သယ်ဆောင်ခိုင်းပြီး လူတွေ့ စစ်ဆေးခြင်းမှာ လေယာဉ်များ ပျံသန်းနေစဉ် စက်ရပ်သွားပါက ဆင်းတွန်းနိုင်သော အားအင်ဗလနှင့်ပြည့်စုံမှု ရှိမရှိကို လက်တွေ့ စမ်းသပ်ခြင်း ဖြစ်ကြောင်း မြန်မာလေကြောင်းမှ တာဝန်ရှိသူတဦးက ပြောသည်။
မြန်မာ့ လေကြောင်း အနေဖြင့် တရုတ်ပြည်လုပ် လေယာဉ်များကို အသုံးပြုနေပြီ ဖြစ်သဖြင့် မကြာခဏ ဆိုသလို လေယာဉ်များကို နောက်မှတွန်းပြီး စက်နှိုးမှုများ ပြုလုပ်ရဖွယ် ရှိကြောင်း၊ ထို့ကြောင့် လေယာဉ်များကို ဆင်းတွန်းနိုင်ရန် ဗလကောင်းသည့် အမျိုးသမီးများကိုသာ လေယာဉ်မယ် စပါယ်ယာ အဖြစ် ခန့်အပ်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။
လေယာဉ်မယ်များ အနေဖြင့် လေယာဉ်များ ပင်လယ်ပြင်ကို ဖြတ်သန်းသွားစဉ် အခြေအနေ တရပ်ရပ်နှင့် ရင်ဆိုင်ရပါက ဖြေရှင်းနိုင်ရန်အတွက် ရေကူးတတ်ကျွမ်းရမည် ဖြစ်ပြီး၊ လေထဲတွင် လေယာဉ် အရေးပေါ် ပြသနာ တခုခုကြုံပါက ဆင်းတွန်းနိုင်ရန် စူပါမင်းကဲ့သို့ ပျံသန်းနိုင်စွမ်းလည်း ရှိရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း အပြည့်အစုံသို့
မြင်တတ်ပါပေ့
ReplyDeleteGreat Editor working in Yangon Media Group. Ha Ha Ha Ha!!!!!!!!!! Funny
ReplyDeleteဟဟဟဟဟ
ReplyDeleteအသံထွက်အောင် အော်ရီပစ်လိုက်တယ် ရေးတတ်ပါပေ့ ချီးကျုးပါတယ်.. မြင်လဲမြင်တတ်တယ်..း)
http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=975%3A-mcdc-&catid=148%3Acrime&Itemid=534
ReplyDeleteနိုင်ငံရေးလုပ်ရင်လည်း ထောင်ကျမယ်.. ကြွတ်ကြွတ်အိပ်သုံးရင်လည်း ထောင်ကျမယ်ဆိုပဲ.. :P