Monday, March 14, 2011

"ထူး" ရဲ့ ထူးဆန်းသော လေယာဉ်

"မိမိတို့၏ ဒုက္ခခရီးကြမ်းတွင် ရရှိထားသော ပုံတချို့နှင့် နောက်ပိုင်း လှုပ်ရှားမှု ပုံများကို မိမိမိတ်ဆွေများ သိရှိနိုင်ရန်အတွက် ယခု (၇၅)နာရီကြာ ခရီးကြမ်း မှတ်တမ်းဓာတ်ပုံ စာအုပ်ကို ထုတ်ဝေအပ်ပါသည်" ဆိုသော Htoo Group of Companies မှ ထုတ်ဝေသည့် ဓာတ်ပုံ မှတ်တမ်းတွင် ထူးဆန်းသော လေယာဉ်တစီးကို တွေ့ရသည်။

(Photo: demowaiyan)

ဝီကီမြန်မာတွင် လေယာဉ်ပျံ ကို အောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုသည်။
"လေထက်လေးသော်လည်း လေထဲတွင် ပျံသန်းနိုင်သော စက်တပ် ယာဉ်ဖြစ်သည်။ လေထဲတွင် ပျံတက်ရန်အတွက် အတောင်ပံ နှစ်ဘက် ပါရှိသည်။ တပ်ဆင်ထားရှိသော အင်ဂျင်အမျိုးအစားပေါ် မူတည်၍ ဂျက်လေယာဉ် ၊ ပန်ကာတပ် လေယာဉ် ဟူ၍ အမျိုးမျိုး ရှိသည်။လေယာဉ်ပျံများသည် အများအားဖြင့် ၎င်းတို့ အဆင်း၊အတက်ပြုလုပ်နိုင် ရန်အတွက် သီးသန့်တည်ဆောက်ထားသော လေယာဉ်ကွင်း များတွင်သာ ရပ်နားလေ့ရှိကြသည်။"


Htoo Group of Companies က ဓာတ်ပုံနှင့်တကွ တင်ပြထားသော လေယာဉ် ၌ အဓိပ္ပါယ် ဖွင့်ဆိုချက်တွင် ဖော်ပြသည့် အတောင်ပံ နှစ်ဘက် ပါရှိသည်ကို မတွေ့ရသဖြင့် ထူးဆန်းသော လေယာဉ်အမျိုးအစားသစ် ဖြစ်ကြောင်း မှတ်ယူနိုင်လေသည်။

@သားသား

More Photos

4 comments:

  1. ၇ဟတ်ယာဉ်မှန်းမသိ.... လေယာဉ်မှန်းမသိ....
    ကိုယ်စီးတဲ့မြင်း အထီးမှန်းအမမှန်း မသိတဲ့လူကမှ သူတို့ထက် သာအုံးမယ်...
    ထူး တွေကတော့ ကိုယ်စီးနေတာ ကျွဲမှန်း မသိ နွားမှန်းမသိ တဲ့လူတွေ...

    ReplyDelete
  2. ဟုတ်ပါ့ဟယ်။ ရဟတ်ယာဉ်မှန်းမသိ။ လေယာဉ်မှန်းမသိနဲ့ ။

    ReplyDelete
  3. ပျက်ကျတာမဟုတ်ပါ ရိုးရိုးပျက်ရင် အကုန်ထိခိုက်ဒါဏ်ရာရမှာပေါ့ ခုတော့ အားလုံးပြုံးလို့ ပျော်လို့ ။ ရဟတ်ယဉ်အစုတ်ကို တမင်ဖျက်ပြီး အာမခံကြေး ဒေါ်လာသန်းကျော်ကို အပိုင်ကြံလိုက်တာပဲ ရှင်းပြီးလား ဒါကြောင့် စာအုပ်တွေ ဘာတွေထုတ်ပြီး သက်သေလုပ်နေတာ

    ReplyDelete
  4. ရဟတ်ယာဉ်မှန်းတော့ သိပါတယ်.. ဒါပေမယ့် လေယာဉ်မယ် နှစ်ယောက် ခေါ်သွားတာ လူသိသွားလို့ လေယာဉ်လို့ ရေးလိုက်ရတာတဲ့။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။