Wednesday, March 30, 2011

အမေရိကန် "အမျိုးသမီးစစ်သံမှူး" မြန်မာပြည်တွင် အလိုအလျောက် လိင်ပြောင်းလဲသွား

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် စစ်သံမှူးအဖြစ် တာဝန် ထမ်းဆောင်နေသော အမေရိကန်အမျိုးသမီး Brey Sloan သည် မတ်လ ၂၇ ရက်နေ့က အလိုအလျောက် ရုတ်တရက် လိင်ပြောင်းလဲသွားကြောင်း သိရသည်။

အမေရိကန် အမျိုးသမီး ဗိုလ်မှူးကြီး Brey Sloan သည် မြန်မာပြည်တွင် တာဝန်ထမ်းဆောင်နေစဉ် ယောက်ျား ဖြစ်သွားကြောင်း၊ ထိုမျှမက ဇနီးမယားပင် ယူလိုက်သေးကြောင်း New Light of Myanmar သတင်းစာက ရေးသားဖော်ပြသည်။ ဗိုလ်မှူးကြီး Brey Sloan မိန်းမဘ၀မှ ယောက်ျားဘ၀သို့ ရုတ်တရက် ထူးဆန်းစွာ ပြောင်းလဲခြင်းနှင့် ပတ်သက်၍ မြန်မာပြည်ဆိုင်ရာ အမေရိကန် သံရုံးမှ သတင်း တစုံတရာ ထုတ်ပြန်ကြောင်း မတွေ့မိသေးပေ။


(New Light of Myanmar, 28-3-2011)

မိုးမခမှာ ဖော်ပြတဲ့ သတင်း (ဖတ်ရန်)

4 comments:

  1. ဒီလိုဖြစ်ရပ်မျိုး ရှိသလား??

    ReplyDelete
  2. May be they were lazy to write a new caption, so copy and paste the old ones.

    ReplyDelete
  3. ဂျိုကုပ်ရူးကြီးနဲ့ နေပြည်တော်အရူးများ တဖွဲ့လုံး ထမီတွေဝတ်ပြီး လိင်ပြောင်းသွားကြတော့.. အကုန် ပြောင်းပြန်တွေ မြင်ကုန်တော့တာပေါ့။

    ဒီတော့ အမေရိကန် အမျိုးသမီးကိုလည်း အမျိုးသားလို့ ယူဆတာ အဆန်းမဟုတ်တော့ပါ။ (ထမီဝတ်တွေ ဂေါက်ပြီး အဲသလို ထင်သွားပုံရတယ်) ဒါကြောင့် စစ်သံမှူးများနဲ့ ဇနီးများ military attaches and their wives ဆိုပြီးတော့ အမေရိကန်အမျိုးသမီးစစ်သံမှူး ဓာတ်ပုံကို သတင်းစာထဲ ထည့်တော့ပေသဗျို့။ ထမီဝတ်ကြတော့လဲ မိန်းမကို ယောက်ျားထင်.. ပြီးတော့ အဲဒီအမျိုးသမီးစစ်သံမှူးမှာ ဇနီးရှိတယ်လို့ရေးသား.. ဟေဟေဟေ့။

    ReplyDelete
  4. It should be " military attaches of foreign embassies and their spouses" .

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။