Wednesday, March 16, 2011

ဂျီတော့ထက်သာသည့်ဆားဗစ် မြန်မာ့ဆက်သွယ်ရေး လုပ်မည်

ဖော်ပြပါ မတ်လ (၂) ရက် နေ့စွဲနှင့်ထုတ်ပြန်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင့်လွင်နှင့် အိမ်သာနတ်တို့ ဆက်သွယ်မေးမြန်းလိုက်ပါသည်။

(Photo: MMCP/ Irrawaddy)

အိမ်သာနတ်။ ။ ဟုတ်ကဲ့ ဦးတင့်လွင်ခင်ဗျာ အခုကြေညာချက်ကို ဘာလို့ထုတ်ပြန်ဖြစ်သလဲဆိုတာ ဦးစွာ သိပါရစေခင်ဗျာ။

ဦးတင့်လွင်။ ။ ကျနော်တို့ မြန်မာ့ဆက်သွယ်ရေးကနေ ဒီ VoIP တွေကို လုပ်စားနေတဲ့ ကုမ္ပဏီ ၁၈ ခုကိုစပြီးနှိပ်ကွပ်ရာကနေ စိတ်ကူးစရတာဗျ။ အခုဆို ရန်ကုန်၊ မန္တလေးမြို့တွေမှာ Pfingo အကောင့်တွေကို စီးပွားဖြစ်ရောင်းနေတဲ့အေးဂျင့်တွေ ရှိတယ်လေ။ လူတွေက အင်တာနက်ကနေ နိုင်ငံခြားနဲ့ စကားပြောလို့ ရနေတော့ ကျနော်တို့ ဆက်သွယ်ရေးက ဖုန်းခေါ်ခတွေကျတယ်ဗျာ။ လက်ကိုင်ဖုန်းတွေဆိုလဲ အက်ဖ်အီးစီ ဒေါ်လာတွေနဲ့ ကောက်တော့ အဲဒီ့မှာလဲ ၀င်ငွေထိခိုက်လာတယ်ဗျာ။ ဒီကြားထဲ အေးဂျင့်တွေက VoIP ဆားဗစ်တွေရောင်းစားလာတော့ ဒါ နိုင်ငံတော်ကို ကွက်ကျော်ရိုက်တာပဲဗျာ။ အဲဒီ့တော့ ဘယ်လိုလဲဆိုတော့ အနောက်နိုင်ငံတွေက ထုတ်တဲ့ ဆားဗစ်တွေကို တန်ပြန် ဆန်းရှင်းလုပ်ဖို့ လုပ်တယ်။ ဒါကလဲ အမျိုးသားရေး ဦးတည်ချက် အရပါ။

အိမ်သာနတ်။ ။ ဟုတ်ကဲ့။ ဘယ်လိုမျိုးလုပ်ဖို့ အားထုတ်ပါသလဲ။

ဦးတင့်လွင်။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ အင်တာနက်ကို နိုင်ငံတော်ကပဲ လုပ်တာလေ။ ဒီတော့ အင်တာနက်ပေါ်က အနောက်နိုင်ငံ လွှမ်းမိုးမှုတွေကြီးစိုးတဲ့ ဒီ VZO Pfingo Skype Gtalk ဆားဗစ်တွေကို ဆန်းရှင်းလုပ်ပီး ပိတ်မယ်ဗျာ။ ဂျီတော့ထက် သာတဲ့ ဆားဗစ်ကို မြန်မာ့ဆက်သွယ်ရေးက လုပ်မှာပါ။

အိမ်သာနတ်။ ။ ဟုတ်ကဲ့။ ဘယ်လိုသာတဲ့ ဆားဗစ်လဲဗျာ။

ဦးတင့်လွင်။ ။ ဟာ ဒါကလဲ ဒေါ်လာနဲ့သုံးရမယ့်မယ့် ဆားဗစ်ပါ။ ဒါမှလဲ နိုင်ငံ့တော်ဝင်ငွေ တိုးလာမှာပါ။ ကွန်နက်ရှင်လဲ စိတ်ချ ပိတ်ကောင်းစေရမယ်။ မြန်မာ့ ရုပ်မြင်သံကြားအတိုင်း ကြည်လင်ပြတ်သားစေရမယ်။ ခုလောလောဆယ် အဲဒီ့ဆားဗစ်ကို နာမည်ပေးဖို့ ရွေးနေကြတယ်။

ဂျီတော့ထက် သာအောင် မြန်အောင် ဒရယ်တော့ (သို့) သမင်တော့ (သို့) သားပိုက်ကောင်တော့ ဆိုပြီးတော့လေ။ မြန်မာ့ဆက်သွယ်ရေးရဲ့ စေတနာတွေပေါ့ဗျာ။

အိမ်သာနတ်။ ။ ဟုတ်ကဲ့ အခုလို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက်ရော စေတနာတွေအတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

တီတီတီတီတူတူတူတူ တောက်

(အိမ်သာနတ် ဆက်သွယ်မေးမြန်းထားသည်)


VOA News
Irrawaddy

8 comments:

  1. ဒကယ်ဂျီး အဲ့လိုစာထွက်တယ်?

    ReplyDelete
  2. သန်းရွေတော့၊ကြိုင်ကြိုင်တော့ကောပါသေးလားဟင်း။
    ဒါမှမဟုတ်
    ဖိုးလပြည့်တော့၊စိန်မျောက်မျောက်တော့ဆိုရင်တော့
    အိမ်သာတတ်ချင်စိတ်တောင်ပျောက်သွားပါအုံးမယ်။

    ReplyDelete
  3. ဘွတ်ဘွတ်March 16, 2011 at 8:32 PM

    အိမ်သာနတ်က ဦးတင့်လွင်ကို အိမ်သာငပြူးထိုင်လိုက်တာကို သဘောကျလို့ MWD TV အစီအစဉ်မှာ ခန့်ဖို့ကမ်းလှမ်းမယ်ဆိုဘဲ..

    ReplyDelete
  4. အတွေးကလည်း တိမ်ပါ့ဗျာ။ ကိုယ့်နယ်ပယ်လေး တစ်ခုကနေ ကွက်ကွက် ကလေးကြည့်ပြီး၊ အများအတွက် ဘယ်လိုမှ မစဉ်းစား၊ အားလုံးအဆင်ပြေ အောင် ငါတို့ဘယ်လိုလုပ်ကြမလဲ၊ နိုင်ငံတကာသွားနေတဲ့ အရှိန်အဟုန်ကို ဘယ်လိုအမှီလိုက်မလဲ ဆိုတာမျိုးကို ဒီလိုဌာနအကြီးအကဲ တစ်ယောက်အနေ နဲ့ မတွေးနိုင်တာ၊ စဉ်းတောင်မစဉ်းစားတတ်တော့ပါဘူး။ ဒီအစိုးရနဲ့၊ ဒီလို ဌာနအကြီးအကဲတွေကတော့၊ လိုက်မှ လိုက်ပဲ။ တူရာတူရာစု ဆိုတာ၊ ဒါမျိုးထင်ပါရဲ့။ နောက်ဘ၀များ၊ ဆွံ့အ၊ နားမကြား၊ အူတူတူ ဆိုရင်တော့ အဲဒီလို လူမျိုးတွေပဲ ဆိုတာ မှတ်သာထားကြပေတော့။

    ReplyDelete
  5. ဌာနအကြီးအကဲဆိုတာ၊ဘယ်လိုအရည်အချင်းမျိုးတွေနဲ့ကန့်သတ်ထားလို့လည်း၊
    ဖားတို့ပေါက်သင်ညိုတို့လောက်လုပ်တတ်ရင်ရနေတာကို၊ ဒါမှလည်းခုံမလှုတ်မှာလေ၊ဒီတိုင်းပြည်မှာနေပြီး၊ဒါတောင်မသိဘူးလား၊
    ခုံမလှုတ်မှဆွေ ၃၅ ဆက်၊ မျိုး ၃၅ ဆက်စားလို့သောက်လို့ရမှာပေါ့ ၊ ဒါတောင်မသိဘူးလား၊ အ ပါ့ ၊ ညံ့ပါ့။ ရွာဦးကျောင်းမှာ စာပြန်သင်အုန်း..

    ReplyDelete
  6. ဘာမှမပြောကြနဲ့နော်။နိုင်ငံတော်အတွက်....နိုင်ငံတော်အတွက်...ဟဲဟဲဟဲ

    ReplyDelete
  7. မြေခွေးတော့ လို့ပေးလိုက်ရင်ပိုမကောင်းဘူးလား.... cunning ဖြစ်လို့လေ...

    ReplyDelete
  8. တင့်လွင်ရူးများသွားပြီလား

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။