Friday, March 4, 2011

အမေရိကားမှ Talk Show တင်ဆက်သူ မြန်မာအမျိုးသမီး

(Photo: wikipedia)

အမေရိကားတွင် နာမည်ကြီး Talk Show တင်ဆက်သူ၊ မြန်မာ ဘီလျံနာမကြီး တဦး ရှိပါသည်။ သူမ၏ အမည်မှာ အော်ပရာ ၀င်းဖေ (Oprah Winfrey) ဖြစ်သည်။ ငယ်စဉ်က ဆင်းရဲသဖြင့် ဇာတ်နောက် လိုက်ခဲ့သည်။ ဇာတ်ထဲတွင် ပြဇာတ်မတိုင်မီ တင်ဆက်သော အော်ပရာများတွင် ပါဝင် ကပြခဲ့ရသဖြင့် အော်ပရာ ၀င်းဖေ ဟု အမည်တွင်သည်။ ဒါရိုက်တာ ဦးဝင်းဖေ၊ မီမီဝင်းဖေ တို့နှင့် ဆွေမျိုး တစုံတရာ တော်စပ်ခြင်း ရှိမရှိကိုမူ စုံစမ်းဆဲ ဖြစ်ပါသည်။

@K

အော်ပရာဝင်းဖေ အကြောင်း

8 comments:

  1. This is a wrong information. Check out from this link. http://www.biography.com/articles/Oprah-Winfrey-9534419

    ReplyDelete
  2. စိတ်ညစ်သူMarch 5, 2011 at 1:21 AM

    နောက်ပြောင်ထားတဲ့ ပို့စ်ကို ဖတ်ပြီး
    ခန့်ခန့်ကြီးနဲ့ အတည်လာပြောနေတော့လဲ................
    ဘယ်လို လုပ်ကြမတုန်း အရပ်ကတို့ရေ...စိတ်ညစ်တယ်...
    လေတယ်ဟေ့။
    ဟေ ဟေ ဟေ.........

    Burma Strange News ရဲ့
    မြန်မာလူမျိုး ကမ္ဘာ့ ထိပ်သီး ပုဂ္ဂိုလ်ကြီးများ (၁) http://www.burmastrangenews.com/2010/12/blog-post_05.html
    နဲ့
    မြန်မာလူမျိုး ကမ္ဘာ့ထိပ်သီး ပုဂ္ဂိုလ်ကြီးများ (၂)
    http://www.burmastrangenews.com/2010/12/blog-post_06.html

    ကို ဖတ်ကြည့်လိုက်ရင်.. သဘောပေါက်ပါလိမ့်မယ်။။။။

    ReplyDelete
  3. အိုမီဂါ ၀င်းထွေးMarch 5, 2011 at 1:31 AM

    What's going on this earth? I can't believe there are too many people who don't understand what laughter is.

    ReplyDelete
  4. BSN မှားနေသည်March 5, 2011 at 1:58 AM

    ဒီဆိုက်မှာ မှားနေတာတွေ အများကြီးတွေ့တယ် (ဟ-ဟာ-ဟား)
    ၀ါးဟားဟား :P

    -အမေရိကားရောက် မြန်မာအဖွားအို အမေနန်း (Eminem) သည် Facebook တွင် Fan အများဆုံးရှိသူ အနုပညာရှင် အဖြစ် စံချိန်တင်သွားပြီ ဖြစ်သည်။ (မှားနေတယ်လေ.. ဟေဟေ)

    -"အဲဒီ-ဆင်" ဆိုသည့် မြန်မာ့ ဆင်ပြောင်ကြီးသည် တီထွင်မှု ပေါင်း (၁၀၉၃) မျိုးကို မူပိုင်ခွင့် မှတ်ပုံတင်ခဲ့သော ကမ္ဘာ့ အကြီးကျယ်ဆုံး တီထွင်သူ မြန်မာပြည်သား တစ်ဦးလည်း ဖြစ်သည်။ မြန်မာတို့ကား မြန်မာ့ ဆင်ပြောင်ကြီးကို အတိုင်းထက် အလွန် ဂုဏ်ပြုကြသည်။ မြန်မာပြည်သား "အဲဒီ-ဆင်" ကို ဂုဏ်ပြုသော အားဖြင့် မြန်မာပြည်အတွင်း လျှပ်စစ်မီးများကို နေရာအနှံ့ ဖြတ်တောက် ဂုဏ်ပြု လျက် ရှိသတည်း။ (မှားပြန်ပီ နောက်တစ်ခု၊ ဟေ့ဟေ့)

    -အိုက်စလန် ၀န်ကြီးချုပ် မြန်မာ အမျိုးသမီးကြီး ကျော်ဝဏ္ဏ သိက္ခာဓရ ဒေါ်တီ (Johanna Sigurdardottir)က နိုင်ငံရေးတွင် ‘ဝှေးစေ့ ကြီးစိုးတဲ့ခေတ်’ (age of testosterone) ကို အဆုံးသတ်ပစ်ဖို့ ကြွေးကြော် လိုက်သောကြောင့် ဖြစ်သည်။ အမျိုးသားများကို ဝှေးသင်းမည်ဟု ကြွေးကြော်ကာ Challange လုပ်လိုက်သော အဆိုပါ မြန်မာ အမျိုးသမီးကြီးကို တကမ္ဘာလုံးက ကြောက်ရွံ့ အံ့သြနေကြကြောင်း သတင်းရရှိသည်။ (မှားပြန်ပီ မှားပြန်ပီ၊ ဟီဟီဟီ)

    -ယခု ရေပန်းစားနေသည့် Twitter "တွစ်တာ" သည် "တွတ်တာ"၏ သိုးဆောင်း အသံဖြစ်သည်။
    ထိုဝေါဟာရသည် မြန်မာစကား "တွတ်တီးတွတ်တာ" မှ ဆင်းသက်သည်ဟု Twitter ကို တည်ထောင်သူ မြန်မာအမျိုးသမီးကြီး ဒေါ်စီ (Jack Dorsey)က Burma Strange News ကို ပြောပြသည်။ (မှားနေပါသည်၊ ဟီဟီ)

    -မြန်မာလူမျိုးတဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အားပေးမှုကို မိမိလည်း ခံယူလိုပါကြောင်း၊ သူမ၏ Facebook ကို စိတ်မ၀င်စားဘဲ "တွတ်တီးတွတ်တာ" ကို အားပေးသည့် အတွက် စိတ်မကောင်း ဖြစ်မိပါကြောင်း မြန်မာအမျိုးသမီးငယ် မဇကာပေါက် (Mark Zuckerberg)က ၀မ်းနည်းစွာ ပြောသည်။ (မှားနေပါ၏၊ ဟိဟိ)

    -အမေရိကန်ပြည်ထောင်စု၊ မြန်မာလူမျိုးအများစု နေထိုင်ရာ ကယ်လီ- ဖိုးနီယာခင်း ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်သော ခွန်အား ဗလ အလွန်ကြီးမားသည့် အာနိုးဗလကျော်သူ ဘွဲ့ခံ မင်းသားကြီး "အာနိုး ရွှေဝါဇနက္က" သည် ယာခင်း ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် ခုနစ်နှစ် တာဝန် ထမ်းဆောင်ပြီးနောက် အနားယူသွားပြီ ဖြစ်ကြောင်း သိရသည်။

    အာနိုး ဇနက္က သည် မြန်မာ အမျိုးသားတစ်ဦးဖြစ်ပြီး မိတ္ထိလာ ပြည်၌ မွေးဖွားခဲ့သော မဟာ ဇနက္က မင်းကြီး၏ သားတော်ဖြစ်သည်။ ငယ်နာမည်မှာ အာနိုးဖြစ်သည်။ မိတ္ထိလာပြည်တွင် အိမ်ရှေ့မင်းသား အဖြစ် နေထိုင်စဉ်အတွင်း ခမည်းတော် ချီးမြှင့်သော ရွှေဝါဇနက္က ဘွဲ့ကို ရရှိခဲ့ကာ အာနိုး ရွှေဝါ ဇနက္က (Arnold Schwarzenegger) ဟု အမည်တွင်ခဲ့သည်။
    (သမိုင်း အချက်အလက်များ လုံးဝ (လုံးဝ) မှားယွင်းနေပါသည်။ ဟီးဟီးဟီး)

    ReplyDelete
  5. ပထမဆုံးလာပြောတဲ့လူကို ကြည့်ရတာအူကြောင်ကြောင်ငနဲ နဲ့ တူတယ်။
    ပို့စ်ရဲ့ အောက်ဆုံးမှာ အော်ပရာဝင်းဖေအကြောင်းလို့ လင့်ခ်ပေးထားတာမတွေ့ဘူးလား။ click လိုက်ရုံပဲ။အမှန်တကယ်Biographyကို လင့်ခ်ပေးထားပြီးသားလေ။ပြောင်ထားတဲ့ပို့စ်ကွ။ဒါတောင်မစဉ်းစားတတ်ဘူးလား။အူကြောင်ကြောင်ငနဲကွာ။ဆရာကြီးလိုလိုလာလုပ်နေတယ်။နောက်ပြောင်ထားတာကို ခွဲခြားမစဉ်းစားတတ်တဲ့ဦးနှောက်ကတော့တော်တော်ချီးကျူးစရာကောင်းတယ်။ဘာရေးလို့ရေးထားမှန်းသဘောမပေါက်ဘဲလာမန့်နေသေးတယ်။အူကြောင်ကြောင်ငနဲကွာ။

    ReplyDelete
  6. ပထမလူနဲ့ စတုတ္ထလူက စောက်ပေါတွေပဲ :/

    ReplyDelete
  7. စတုတ္ထလူ ....March 6, 2011 at 5:28 AM

    ပထမဆုံးလူ ရေးသားချက် လွဲချော် နေသည်ကို မြင်၍ ရွဲ့ပြီး ရေးထားခြင်းသာ ဖြစ်ပါကြောင်း...

    ReplyDelete
  8. စောက်ပေါများအားဂုဏ်ပြုပါတယ်

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။