ယမန်နေ့ ညနေ ၆နာရီ ၁၅ မိနစ်ဝန်းကျင်က ပုဇွန်တောင်ဈေးလမ်းနှင့် ရေကျော်လမ်းနှင့် ဆုံရာမီးပွိုင့်အနီး လမ်းဘေးဈေးသည်များ ဈေးရောင်းချသည့် လမ်းဘေးတွင် ဗုံးဟု မသင်္ကာသည့် ပစ္စည်းတွေ့ရှိသဖြင့် သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ လာရောက် ရှင်းလင်းခဲ့သည်ဟု သိရသည်။
ဗုံးတွေ့သည့် သတင်းဖြစ်ပေါ်ပြီးနောက် ရဲလုံခြုံရေး ပစ်ကပ်ကားနှစ်စီး လာရောက်ပြီး ပုဇွန်တောင်ဈေးလမ်း ကိုပိတ်ဆို့ထားလိုက်ကာ နာရီဝက်ကြာ ဗုံးဟု မသင်္ကာသည့် “စီးကရက်စက္ကူပုံး” တစ်လုံးကို ရှင်းလင်းခဲ့သည်ဟု အဆိုပါလမ်းမှ ဖြတ်သန်းခဲ့သူ တဦးကပြောသည်။
“ဖြစ်တဲ့နေရာက ပုဇွန်တောင်ဈေး နဘေးက ချောင်းလေးနားက အိမ်တွေရှေ့မှာ၊ တွေ့တယ်ဆိုတဲ့ သတင်းဖြစ်ပြီး လုံခြုံရေးကို လှမ်းခေါ်ကြတယ်။ အဲဒီနောက် လမ်းကို လုံးဝပိတ်ထားပြီးရှင်းခဲ့တာ”အဆိုပါ မျက်မြင် တွေ့ရှိသူကပြောသည်။
သို့ရာတွင် ဗုံးဟုမသင်္ကာသည့် အရာမှာ “စက္ကူပုံး” နှင့် “အခြားစက္ကူစုတ်” ကဲ့သို့သော အရာများသာဖြစ်ပြီး မည်သည့် ပေါက်ကွဲစေတတ်သည့် အရာမျှ မဟုတ်ဟုလည်း သိရှိရသည်။
မိုးမခ မှ ကောက်နုတ်ဖော်ပြသည်
Showing posts with label သတင်း ကောက်နုတ်ချက် (မူရင်းအတိုင်း). Show all posts
Showing posts with label သတင်း ကောက်နုတ်ချက် (မူရင်းအတိုင်း). Show all posts
Sunday, April 10, 2011
Tuesday, March 22, 2011
Subscribe to:
Posts (Atom)