Wednesday, January 4, 2012

ထိုင်းနှင့် စင်ကာပူတွင် ငွေကြေးစနစ် ပြောင်းလဲအသုံးပြု

ထိုင်းနိုင်ငံတွင် လက်ရှိ လည်ပတ် သုံးစွဲနေသည့် ငွေကြေးစနစ်ကို ပြောင်းလဲ လိုက်ပြီ ဖြစ်သည်။

ယခင်က ထိုင်းနိုင်ငံတွင် ဘတ်ငွေ (Thai baht, บาท, sign: ฿; code: THB)ကို သုံးစွဲခဲ့သော်လည်း မကြာမီရက်ပိုင်းမှ စ၍ (Thai baht) အစား (Thai Bakhs)ကို ပြောင်းလဲ အသုံးနေကြောင်း မြန်မာရုပ်ရှင် ဇာတ်လမ်းတို တစ်ခု၏ ဇာတ်ဝင်ခန်းတစ်ခု အရ သိရသည်။


(Courtesy: youtube)

တစ်ချိန်တည်းတွင် စင်ကာပူနိုင်ငံကလည်း ထိုင်းနိုင်ငံကို အားကျပြီး စင်ကာပူငွေကြေးကို ပြောင်းလဲလိုက်သည်။ ယခင် အသုံးပြုနေသည့် စင်ကာပူဒေါ်လာ Singapore dollar (sign: $; code: SGD)ကို ဖျက်သိမ်းပြီး၊ Singaporian dollar ကို ပြောင်းလဲ သုံးစွဲနေကြောင်း အထက်ပါ ဇာတ်လမ်းတိုအရ သိရသည်။

ထိုကဲ့သို့ ငွေကြေးစနစ် ရုတ်တရက် ပြောင်းလဲမှု၏ အကျိုးဆက်အဖြစ် စင်ကာပူနိုင်ငံသား Singaporean များလည်း အမည်ပြောင်းသွားသည်။ မကြာမီ ရက်ပိုင်းအတွင်း၊ ငွေကြေးစနစ်နှင့်အတူ  အမည်ပြောင်းလဲ ခံလိုက်ရသော Singaporean ၏ အမည်သစ်မှာ Singaporian ဖြစ်သည်။

1 comment:

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။