Tuesday, January 10, 2012

အဂ္ဂမဟာသရေ စည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်က အနုပညာရှင်များကို စည်သူဘွဲ့ အပ်နှင်း

(Photo: Mizuri.com)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေ စည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် သည် ဇန်နဝါရီ ၄ရက်(လွတ်လပ်ရေးနေ့)၊ နေ့ထူး နေ့မြတ်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MIIC) ညီလာခန်းမ၌ နံနက်(၈)နာရီခွဲက ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့် အပ်နှင်းကျင်းပခဲ့ကြောင်း သိရပြီး ယင်းသို့ ဘွဲ့များအပ်နှင်းရာတွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေညာစာ အမှတ် (၂+/၂ဝ၁၂)ဖြင့်စည်သူဘွဲ့ချီးမြှင့် အပ်နှင်းခြင်းခံရသူ ၃ဝ ဦးရှိသည့်အနက် ယခုနှစ်အတွက် အနုပညာရှင် ၂ ဦးပါဝင် ကြောင်း သိရှိရသည်။

အဆိုပါ အနုပညာရှင် နှစ်ဦးမှာ စည်သူလွင် နှင့် ခန့်စည်သူ တို့ ဖြစ်ကြောင်း သိရပြီး၊ နောင်နှစ်များတွင် သရေစာ ရောင်းချသူများကို သရေစည်သူဘွဲ့၊ သရေအိတ် ချုပ်လုပ်သူများကို မဟာသရေ စည်သူဘွဲ့များ ချီးမြှင့် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


(Photo: Shwedarling.com)


မှတ်ချက်။    ။ အသံထွက်အတိုင်း စာလုံးပေါင်းထားခြင်း ဖြစ်ပြီး၊ မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်းအရ- သရေစာ= သွားရေစာ/ သရေအိတ်= သားရေအိတ် ဖြစ်ပါသည်။

1 comment:

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။