Showing posts with label ပန်ကြားချက် ဖြစ်ပါသည်. Show all posts
Showing posts with label ပန်ကြားချက် ဖြစ်ပါသည်. Show all posts

Sunday, March 13, 2011

ပန်ကြားချက်

ယခုလက်ရှိအခြေအနေတွင် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာ လူမျိုးများသည် ဆူနာမီအန္တရာယ်၊ ငလျင်ဒဏ်ကို ခံစားနေကြရပါသည်။ အဆိုပါ မြန်မာလူမျိုးနှင့် ဆက်စပ်သော အခြားနိုင်ငံပေါင်းစုံမှ မိသားစုဝင်များ၊ မိတ်ဆွေများမှ လည်း စိတ်ပူလျက်ရှိပါသည်။ အခြား မည်သည့်နိုင်ငံများသို့ ဆူနာမီ ဂယက် ဆက်လက် ဂယက်ရိုက်ဦးမည် မသိနိုင် သေးပါ။

သို့ဖြစ်ရာ ဆူနာမီအန္တရာယ် ကျရောက်ထားသော ဒေသမှ မိမိတို့၏ မိတ်ဆွေများ၊ သိကျွမ်းသူများ၊ လုပ်ဖော်ကိုင်ဖက်များ၏ အခြေအနေကို ဆက်သွယ်၍ ရနိုင်သော နည်းလမ်းများဖြင့် စုံစမ်းခြင်း၊ ပြည်တွင်း မိသားစုသို့ အကြောင်းကြားရန် လို အပ်သော အခြေအနေများရှိပါက ကောင်းသတင်း၊ ဆိုးသတင်းကို အကြောင်းကြားပေးခြင်း၊ မိမိတို့ အစုအဖွဲ့အလိုက် အရေးပေါ်ကူညီရန် ရံပုံငွေ ကောက်ခံထားရှိခြင်း၊ အားပေးစကားပြောကြားခြင်း၊ မတော်တဆ အနုမြူယိုစိမ့်မှု အန္တရာယ် ဖြစ်ပွားလာပါက မိမိနှင့် နီးစပ်သူများ အန္တရာယ်ကင်းလွတ်ရာသို့ ရောက်ရှိစေ ရန် လိုအပ်သည်များ ကူညီပေးခြင်း၊ စသည်တို့ဖြင့် ပြည်ပရောက် မြန်မာလူမျိုးများ အချင်းချင်း နီးစပ်ရာ အကူအညီပေးကြပါရန် လေးစားစွာ ပန်ကြားအပ် ပါသည်။

နေ့သစ် မှ တိုက်ရိုက် ထုတ်နှုတ်ဖော်ပြပါသည်။