Friday, February 11, 2011

အဲဒီ-ဆင် ဟူသော မြန်မာ့ ဆင်ပြောင်ကြီး


ယနေ့ကား ကမ္ဘာ့ အကြီးကျယ်ဆုံး တီထွင်သူဖြစ်သည့် မြန်မာ့ဂုဏ်ဆောင် "အဲဒီ-ဆင်" ဟူသော ဆင်ပြောင်ကြီး၏ ၁၆၄ နှစ်မြောက် မွေးနေ့ ဖြစ်သည်။ 

"အဲဒီ-ဆင်" ဆိုသည့် မြန်မာ့ ဆင်ပြောင်ကြီးသည် တီထွင်မှု ပေါင်း (၁၀၉၃) မျိုးကို မူပိုင်ခွင့် မှတ်ပုံတင်ခဲ့သော ကမ္ဘာ့ အကြီးကျယ်ဆုံး တီထွင်သူ မြန်မာပြည်သား တစ်ဦးလည်း ဖြစ်သည်။

သူ၏ အခမ်းနားဆုံး တီထွင်မှုမှာ လျှပ်စစ်မီးကို တီထွင်ခဲ့ခြင်း ဖြစ်ပြီး တကမ္ဘာလုံးကို အမှောင်ခွင်း၍ အလင်းဆောင်ခဲ့ ခြင်းပေတည်း။ သူ အခြေချ နေထိုင်ရာ အမေရိကန်ပြည်ထောင်စုတွင် လျှပ်စစ်မီးများ ခေတ္တဖြတ်တောက်ကာ သူ့ကို ဂုဏ်ပြုမှုများ ရှိခဲ့၏။

မြန်မာတို့ကား မြန်မာ့ ဆင်ပြောင်ကြီးကို အတိုင်းထက် အလွန် ဂုဏ်ပြုကြသည်။ မြန်မာပြည်သား "အဲဒီ-ဆင်" ကို ဂုဏ်ပြုသော အားဖြင့် မြန်မာပြည်အတွင်း လျှပ်စစ်မီးများကို နေရာအနှံ့ ဖြတ်တောက် ဂုဏ်ပြု လျက် ရှိသတည်း။

5 comments:

  1. ရန်ကုန်သားFebruary 11, 2011 at 5:25 PM

    အဲဒီ ဆင် ကြီး ကိုတလလောက် ဂုဏ်မပြုပဲ မီးလေးမှန်မှန် လွှတ်ပေးရင် သိတ်ကောင်းမှာ...

    ReplyDelete
  2. သူခမြာဂုဏ်ပြုခံရလွန်းလို ရှက်နေတော့မယ်

    ReplyDelete
  3. ကောင်းပါလေ့....ကောင်းပါလေ့...ကောင်းပါလေ့.... BSN ကြီးရယ်....သွပ်...သွပ်...သွပ်...

    ReplyDelete
  4. ဟားဟားဟား သွပ်...သွပ်...သွပ်

    ReplyDelete
  5. ပေါကြေင်ကြေင်နဲ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။