BSNews ရဲ့ "Apple ကုမ္ပဏီမှ မြန်မာပြည်တွင် စူပါကွန်ပျူတာများ တပ်ဆင်ထုတ်လုပ်" ဆိုတဲ့ သတင်း တင်ဆက် ခဲ့မှုကြောင့် (Click Here) BSNews မှာ အင်တာဗျူးတစ်ခု ထည့်ပေးဖို့ ယနေ့ ဘာလင်တံတိုင်းနေ့မှာ ပန်းသီးစားသူများအဖွဲ့ကို အတင်းကာရော ဆက်သွယ်ပြီးတော့ ပန်ကြားလာပါတယ်။
သူက iPad ဆိုတာ မြန်မာပြည်က ကျောက်သင်ပုန်း ဒီဇိုင်းကို အသုံးပြုထားပါလို့ ပြောပြပါတယ်။
ဒါကြောင့် မြန်မာပြည်သူတွေကို ကျေးဇူးတင်ပါတယ်လို့ သူက အထူးအလေးပေး ပြောကြားသွားခဲ့ပါတယ်။
သူနဲ့ ပန်းသီးစားရင်း စကားပြောခဲ့တာတွေကို ပြန်လည် ဖွဆို လိုက်ပါတယ်။
Steve Jobs said:
ကျွန်တော်ပေါ့လေ ကျွန်တော်အရမ်းအရမ်းကိုပြောချင်နေခဲ့တာပေါ့လေ
ခင်ဗျားတို့မြန်မာနိုင်ငံရဲ့ကျေးဇူးတွေကျွန်တော်တို့ company အပေါ်မှာအများကြီးရှိပါတယ်။
ဘာလဲဆိုတော့.....
ကျွန်တော်လေ iPad အတွက် design ကိုစဉ်းစားတဲ့အခါမှာပေါ့လေ
တမူထူးခြားအောင်ဆိုပြီး ဘယ်သူမှလည်းမထင်မှတ်ထားတဲ့ design နဲ့ပေါ့လေ
ထုတ်မယ်ပေါ့နော်
ဒါနဲ့ အာရှမှာက ဒါမျိုးလေးတွေကရှိတတ်သားဆိုတော့ ပြဲပြဲစင်အောင်ရှာတဲ့အခါ
ခင်များတို့မြန်မာနိုင်ငံက ကျောက်သင်ပုန်း ဆိုတာကိုသွားပြီးတွေ့တယ်ဗျာ...
(Photo: wikimyanmar)
( လက်ဖျောက်တီးလျက် ) ကျွန်တော်လေ ပျော်လိုက်တဲ့အပျော် ၂ ရက်လောက်အိပ်မပျော်ဘူး၊ အဲဒီတုန်းထဲကပြောချင်နေတာ။
ဒီဘက်မှာက ကျောက်သင်ပုန်းကို တော်ရုံတန်ရုံ သိပ်ပြီးသိကြတာမဟုတ်တော့ design ကိုလည်းကြိုက်ကြ အရောင်းလည်းသွက်တယ်ဗျား။
အခု ကျွန်တော်လေ နောက်ထုတ်မဲ့ iPad 2 ကိုလည်း ကျောက်သင်ပုန်း နဲ့ပိုပြီးတူအောင်လုပ်ထားတယ်ဗျာ
(Photo: scottsoapbox.com)
အဲဒါဘာလဲသိလား???
Home button ဆိုတဲ့ ခလုတ်ထည့်မထားဘူး ညှင်း ညှင်း ညှင်း။
ကျွန်တော်ဘယ်လောက်ပိုင်ထားသလဲ။
အဲ...နောက်ပိုင်းမှာဆက်ထုတ်မယ့် iPad 3 အတွက်ကိုလည်း ကျွန်တော်လေ ကျောက်တံပါထည့်ပေးရင်ကောင်းမလားပေါ့လေ စဉ်းစားထားတယ်ပေါ့။
အားပေးကြပါဦးလို့။
နို့ ဒါပေသိ ကျောက်သင်ပုန်း မူပိုင်ခွင့်နဲ့ပါတ်သက်ပြီး ကျွန်တော့်ကိုဘာမှတောင်းဆိုဖို့တော့မကြိုးစားစေချင်ဘူးနော
ခင်များတို့မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံး ကျန်းမာချမ်းသာကြပါစေဗျား...
လို့ ပြောယင်း သူ့ရဲ့ style အတိုင်း အဟက်ဟက် နဲ့ရယ်ရင်း နိဂုံးချုပ်သွားပါတယ်။
(ပန်းသီးစားသူများ အင်တာဗျူးသည်)
Apple will remove home button on next iPad and iPhone
funny ... lol
ReplyDeletelet me share on my facebook
ReplyDeletelol nice one
ReplyDelete