Tuesday, February 8, 2011

၂၀၁၂ ဂင်းနစ် စံချိန်တင် မှတ်တမ်းတွင် မြန်မာ ကလေးငယ် ဖော်ပြခံရဖွယ်

မြန်မာ မိန်းကလေးတဦးတွင် လက်တစ်ဖက်လျင် လက်ချောင်းလေး (၆)ချောင်းစီနှင့် ခြေတစ်ဖက်လျင် ခြေချောင်းလေး (၇)ချောင်းစီ ပါဝင်သောကြောင့် (၂၀၁၂)ခုနှစ် ကမ္ဘာ့စံချိန် ဂင်းနစ်မှတ်တမ်း စာအုပ်တွင် ခြေချောင်း လက်ချောင်း အများဆုံး လူသားအဖြစ် ဖော်ပြခံရဖွယ်ရှိနေသည်။

မြန်မာနိုင်ငံမှ ကလေးငယ် တစ်ဦးသည် ခြေချောင်းလက်ချောင်း အများဆုံး ရှိနေသည့် စံချိန်အတွက် ဂင်းနစ်မှတ်တမ်းတွင် ဖော်ပြခြင်း ခံရဖွယ် ရှိနေကြောင်း သိရသည်။ အပတ်စဉ်ထုတ် Messenger သတင်းဂျာနယ်က အသက်(၁)နှစ်အရွယ် မလဲ့ရတီမင်းတွင် စုစုပေါင်း ခြေချောင်း၊ လက်ချောင်း (၂၆)ချောင်းထိ ရှိနေကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ မိန်းကလေးတွင် လက်တစ်ဖက်လျင် လက်ချောင်းလေး (၆)ချောင်းစီနှင့် ခြေတစ်ဖက်လျင် ခြေချောင်းလေး (၇)ချောင်းစီ ပါဝင်သောကြောင့် (၂၀၁၂)ခုနှစ် ကမ္ဘာ့စံချိန် ဂင်းနစ်မှတ်တမ်း စာအုပ်တွင် ခြေချောင်းလက်ချောင်း အများဆုံး လူသားအဖြစ် ဖော်ပြခံရဖွယ် ရှိနေသည်။ တောင်ဥက္ကာပ မြို့နယ်တွင် နေထိုင်သော မလဲ့ရတီမင်းနှင့် အဓိက ယှဉ်ပြိုင်လာဖွယ် ရှိသူမှာ အိန္ဒိယမှ ဖြစ်ပြီး ၎င်းသည် လက်ချောင်း(၁၀)ချောင်းနှင့် ခြေချောင်း (၁၆)ချောင်း ပိုင်ဆိုင်ထားကြောင်း သိရသည်။ လက်ရှိ ဂင်းနစ်မှတ်တမ်းတွင် ခြေချောင်းလက်ချောင်း အများဆုံး စံချိန် တင်ထားသူများမှာ အိန္ဒိယမှ ကလေးငယ် နှစ်ဦးဖြစ်ပြီး ခြေချောင်းလက်ချောင်း (၂၅)ချောင်းစီ ရှိကြသည်။ အခြားသော မြန်မာနိုင်ငံသား တစ်ဦးသည်လည်း (၂၀၁၂)ခုနှစ် ဂင်းနစ်မှတ်တမ်း စာအုပ်တွင် သွေးလှူမှု အကြိမ်အများဆုံး စံချိန်အတွက် ဖော်ပြရန် တောင်းဆိုထားသည်။ အသက်(၆၈)နှစ်ရှိ ဦးခွန်စိုင်းမောင်မောင်သည် (၁၉၅၆)ခုနှစ်၊ ဖေဖော်ဝါရီလက ပထမဆုံးအကြိမ် သွေးစလှူခဲ့ပြီးနောက် (၂၀၁၀)ပြည့်နှစ်၊ ဩဂုတ်လတွင် သွေးလှူဒါန်းမှု (၂၀၄)ကြိမ် ပြည့်မြောက်ခဲ့ပြီဟု သိရှိရသည်။

Credited to: Planet Myanmar
မူရင်းအတိုင်း တိုက်ရိုက် ကူးယူဖော်ပြသော သတင်း ဖြစ်ပါသည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။