Friday, February 18, 2011

မြန်မာ့လေကြောင်းမှ လေယာဉ်များကို ဒန်အိုးဒန်ခွက်ဆိုင်သို့ တကယ်ရောင်းချပြီ

မြန်မာ့လေကြောင်းမှ အိုမင်းရင့်ရော်သည့် ဖော်ကာ F-27 လေယာဉ် နှစ်စင်းနှင့်၊ ဖော်ကာ F-28 လေယာဉ်တစင်း တို့ကို ရောင်းချတော့မည် ဖြစ်ပြီး ဒန်အိုးဒန်ခွက်သမားများ အနေဖြင့် လာရောက် ၀ယ်ယူနိုင်ကြောင်း သတင်းထုတ်ပြန်သည် (Click Here)။

ဦးတေဇ၏ Air Bagan မှ ခရီးသည်တင် တဖြစ်လဲ Airbus A310 ကုန်တင် လေယာဉ် နှစ်စင်းကို ရောင်းချခဲ့ပြီး များမကြာမီ မြန်မာ့လေကြောင်းမှလည်း အားကျမခံဘဲ လေယာဉ်ဟောင်းများကို ဒန်အိုးဒန်ခွက် ဆိုင်သို့ လေလံတင် ရောင်းချ လိုက်ခြင်း ဖြစ်သည်။

ဒန်အိုးဆိုင်သို့ ရောင်းချရန်အသင့် ဖြစ်နေသော
ပန်ကာပြုတ်၊ အမြီးပြတ် F-27 လေယာဉ်များ (Photo: M Radzi Desa)

လေယာဉ်ကိုယ်ထည် အခွံသက်သက် ပိဿာချိန်ဖြင့် ရောင်းမည့်
F-28 လေယာဉ် (Photo: airlineupdate.com)

မြန်မာ့လေကြောင်းအနေဖြင့် ယင်း၏ လေယာဉ်များကို ရှေးယခင်ကလည်း ရောင်းချခဲ့ဖူးပြီး၊ ဗြိတိန်နိုင်ငံမှ Indra Airways ကဲ့သို့သော လေကြောင်းလိုင်းကပင် ၀ယ်ယူခဲ့ဖူးသည်။

ပုံကြီးချဲ့ကြည့်ရန် ဓာတ်ပုံကို Click ပါ

သို့သော် ခရီးသည်တင် လေယာဉ်အဖြစ် အသုံးပြုရန် မဟုတ်ဘဲ ဒန်အိုးဒန်ခွက် အဖြစ် အသုံးပြုရန် ၀ယ်ယူခြင်းဖြစ်ကြောင်း သိရသည်။ ပုံတွင် မြန်မာ့လေကြောင်းမှ Viscount (Vickers 761D အမျိုးအစား) လေယာဉ် အမှတ် XY-ADH အား ဒန်အိုးဒန်ခွက်သမားများက အမြီးဖြတ်ထားသည်ကို Southamptom တွင် တွေ့ရစဉ် (Photo: Martin Stephan)

အထက်ပါလေယာဉ်နှင့် အမျိုးအစားတူ
မြန်မာ့လေကြောင်း XY-ADF ကိုတွေ့ရစဉ် (Photo: Mel Lawrence)

၁၉၇၀ နှစ်များဆီက မြန်မာ့လေကြောင်းတွင် Viscount လေယာဉ် သုံးစီးဖြစ်သည့် XY-ADF, XY-ADG နှင့် XY-ADH တို့ရှိခဲ့ပြီး သုံးမရသောအခါ ဒန်အိုးဒန်ခွက် ရောင်းချခဲ့ကြောင်း တွေ့ရသည်။ သို့သော် XY-ADG ကိုမူ အာဖရိကမှ အလွန်ဆင်းရဲသည့် Botswana နိုင်ငံမှ ၀ယ်ယူသွားပြီး Air Botswana တွင် ပျံသန်းပြေးဆွဲခဲ့ပါသည်။ (Click Here) အချိန်တန်သော် အာဖရိကမှ ဒန်အိုးဆိုင် သို့ ရောက်မရောက် ကိုတော့ အသေအချာ မသိရပါ။

1 comment:

  1. ဒန်အိုးဒန်ခွက်သမားတွေကိုရောင်းရင် တောင်ကြီးက မီးပုံးပျံသမားတွေလည်း ၀ယ်မယ်လေ့။ တန်ဆောင်တိုင် မီးပုံးပျံပွဲကျရင် လွှတ်တဲ့ ညမီးကြီးအတွက် ယမ်းစပ်တဲ့အခါ လေယာဉ်သံတွေက အရေးပါတယ်လေ့။ ဒို့လည်း ၀ယ်မယ် ချန်မထားတဲ့ ဟေဟေ့ ..

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။