Tuesday, February 1, 2011

ပြေတီဦး၊ အိန္ဒြာကျော်ဇင်- "ခြောက်လကားရိုက်ခွင့် အပိတ်ခံရခြင်း"

မနေ့က ထုတ်ဝေသည့် အလင်းတန်းဂျာနယ် စာမျက်နှာ (၁၀) တွင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ မင်္ဂလာပွဲ အပြီး "ခြောက်လ ကားရိုက်ခွင့် ပိတ်ခံရခြင်း" ဆိုသည့်သတင်းတပုဒ် ဖော်ပြထားသည်။

ထိုသတင်းကြောင့်၊ အံ့သြတုန်လှုပ်ကာ အလန့်တကြား ဖြစ်သွားသည့် ပြေတီဦးက အစွယ်ငေါငေါ ထုတ်ပြကာ မာန်ဖီလိုက်ပြီး၊ အိန္ဒြာကျော်ဇင်ကမူ မချိပြုံး ပြုံးကာ အံကြိတ်လိုက်သည့် ဓာတ်ပုံကို အလင်းတန်း ဂျာနယ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။


"ကားမရိုက်ရတော့ ဘာဖြစ်လဲဗျာ၊ ဆိုင်ကယ်ရိုက်မှာပေါ့" ဟု ပြေတီဦးက BSNews ကိုပြောသည်။ "ဟုတ်သားဘဲ၊ ကားမရိုက်ရလဲ ဘာမှ မဖြစ်ဘူး။ ရိုက်စရာတွေ တပုံကြီး၊ မြင်းလှည်းတို့ နွားလှည်းတို့ ရိုက်လို့လဲ ရသေးတယ်။ ဆိုက်ကားကတော့- ကား ပါနေတဲ့အတွက် ရိုက်လို့ ရမရ မသေချာ သေးဘူး" ဟု အိန္ဒြာကျော်ဇင်က ဖြည့်စွက် ပြောကြားသွားသည်။-

အသေးစိတ် သိချင်ရင် ...

8 comments:

  1. ဟားဟားဟား အားရပါးရ အော် ရီလိုက်ပါတယ် .. ကျေးဇူးဘဲဗျိုး

    ReplyDelete
  2. တကယ်တော့ သူတို့ကလည်း စပွန်ဆာ အားကိုးနဲ့ဆောင်တာဆိုတော့ ဘယ်သူပဲဖြစ်ဖြစ် အကြိမ်ရေများလေ ပိုနာမည်ကြီးလေဆိုပြီးဆောင်ကြမှာပါပဲ ကိုယ့်ပိုက်ဆံမှ ဒီလောက်အကုန်မခံရတာလေ ကိယ့်ဘာသာကိုယ် အကုန်အကျခံရမယ်ဆိုရင်တော့ အဲလောက်အကြိမ်ရေများတယ် မထင်ပါဘူး ဒါကြောင့် သူတို့ကိုတော့အပြစ်တင်လို့မရဘူးလို့ထင်ပါတယ် နာမည်ကြီးတဲ့သူတွေပဲ မဟုတ်လား ဒါကိုမနာလိုလို့ပိတ်တာဆိုရင်တော့ မင်းတြားကြီးသမီးက ဘယ်နေရာတွေနာမည်ကြီးနေလို့လဲ ဆိုတာပြန်ကြည့်ရမယ် အဲသူနာမည်ကြီးတာတော့ ကျနော်သိတယ်ဗျ လက်ထပ်ပြီးသိပ်မကြာဘဲ ကလေးမွေးတာကိုပေါ့ ဒါပေမယ့် ဒါဆိုရင်လည်း လက်ထပ်ပြီးမှဆိုတော့ သူတို့ကိုမမီတာတော့အမှန်ပါပဲ

    ReplyDelete
  3. တစ်ခါတစ်လေ ကောလဟာလတွေကလည်း ဒက်ထိအောင်မှန်နေတတ်တယ်

    ReplyDelete
  4. Lol, I love this funny news :)

    ReplyDelete
  5. အန်တီအုဝဲသားကိုအန်တီရဲ့သမီးလေးကိုခဏလောက်ပေးချီပါလက်မောင်းကြီးကိုကိုက်ပြစ်ချင်လို့ပါ from William MDY P.I.S.M School

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။