Friday, February 11, 2011

နန်းဆုရတီစိုးတွင် ခွဲမရအောင် ရုပ်ရည်ဆင်တူသည့် အမြွှာညီမ တဦးရှိ

နန်းဆုရတီစိုးနှင့် သူမ၏ အမြွာညီမ ဖြစ်သူ နန်းစုရတီစိုး တို့၏ ဓာတ်ပုံများကို လျှပ်တပြက် ဂျာနယ်က ယှဉ်တွဲ ဖော်ပြလိုက်သည်။ ဂျာနယ်၏ ထိပ်ဆုံးပုံတွင် အစ်မဖြစ်သူ နန်းဆု၏ ပုံကို ဖော်ပြထားပြီး၊ ၄င်းပုံ အောက်တွင် ညီမဖြစ်သူ နန်းစု၏ ဓာတ်ပုံကို တွေ့ရသည်။

(Photos: Snap Shot)
ပုံကြီးချဲ့ရန် ဓာတ်ပုံကို Click ပါ


နန်းဆု တွင် သူမနှင့် ရုပ်ရည် ခွဲမရအောင် တူသည့် အမြွှာညီမငယ် နန်းစု ရှိနေသည်ကို သိရှိသူ နည်းပါးသည်။

ယခင်က ညီမဖြစ်သူ နန်းစုရတီစိုး၏ အကြောင်းကို ဓာတ်ပုံနှင့် ဂျာနယ်အချို့တွင် ဖော်ပြဖူးသော်လည်း (True News ဂျာနယ်ဖော်ပြချက်၊ ဒီမှာကြည့်ပါ) ညီအစ်မ နှစ်ဦးစလုံးအား အတူတကွ ယှဉ်တွဲ ဖော်ပြသည်ကို တွေ့ရလေ့ မရှိပေ။

သတင်းများအရ နန်းဆုရတီစိုး၏ ညီမဖြစ်သူ နန်းစုရတီစိုးသည် အစ်မ ဖြစ်သူ ပြုမူ လှုပ်ရှား သမျှကို တခုမကျန် လိုက်လုပ်နေကြောင်း သိရသည်။ သို့သော် ညီအစ်မ နှစ်ယောက်စလုံးကို ပြင်ပတွင် တပြိုင်တည်း တွေ့ဖူးသူ တယောက်မျှ မရှိသေးပေ။


(လက်တို့သူ-ဇာနည်ဝင်း)

ညီအစ်မနှစ်ဦးပုံကို လျှပ်တပြက်တွင် ရှုစားရန်

3 comments:

  1. ကျော်ကြားFebruary 11, 2011 at 1:34 PM

    အတော် တတ်နိုင်တဲ့သူတွေ။ မြင်လဲမြင်တတ်ပါပေတယ်။ အရေးအသားရော၊ အိုင်ဒီယာရော သဘောကျတယ်။

    ReplyDelete
  2. ဂျာနယ်တွေအနေနဲ့ လူတစ်ယောက်၇ဲ့နာမည်ကို သေချာစာလုံးပေါင်းသင့်ပါတယ်။ နန်းဆုလို့ပေါင်းလိုက်.. တော်ကြာနန်းစုလို့ ပေါင်းလိုက်.....

    ReplyDelete
  3. ဆေးဝါး တက်တာ ဘယ်နန်းစု/ဆု လဲ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။