ယနေ့ကား ကမ္ဘာ့ အကြီးကျယ်ဆုံး တီထွင်သူဖြစ်သည့် မြန်မာ့ဂုဏ်ဆောင် "အဲဒီ-ဆင်" ဟူသော ဆင်ပြောင်ကြီး၏ ၁၆၄ နှစ်မြောက် မွေးနေ့ ဖြစ်သည်။
"အဲဒီ-ဆင်" ဆိုသည့် မြန်မာ့ ဆင်ပြောင်ကြီးသည် တီထွင်မှု ပေါင်း (၁၀၉၃) မျိုးကို မူပိုင်ခွင့် မှတ်ပုံတင်ခဲ့သော ကမ္ဘာ့ အကြီးကျယ်ဆုံး တီထွင်သူ မြန်မာပြည်သား တစ်ဦးလည်း ဖြစ်သည်။
သူ၏ အခမ်းနားဆုံး တီထွင်မှုမှာ လျှပ်စစ်မီးကို တီထွင်ခဲ့ခြင်း ဖြစ်ပြီး တကမ္ဘာလုံးကို အမှောင်ခွင်း၍ အလင်းဆောင်ခဲ့ ခြင်းပေတည်း။ သူ အခြေချ နေထိုင်ရာ အမေရိကန်ပြည်ထောင်စုတွင် လျှပ်စစ်မီးများ ခေတ္တဖြတ်တောက်ကာ သူ့ကို ဂုဏ်ပြုမှုများ ရှိခဲ့၏။
မြန်မာတို့ကား မြန်မာ့ ဆင်ပြောင်ကြီးကို အတိုင်းထက် အလွန် ဂုဏ်ပြုကြသည်။ မြန်မာပြည်သား "အဲဒီ-ဆင်" ကို ဂုဏ်ပြုသော အားဖြင့် မြန်မာပြည်အတွင်း လျှပ်စစ်မီးများကို နေရာအနှံ့ ဖြတ်တောက် ဂုဏ်ပြု လျက် ရှိသတည်း။
အဲဒီ ဆင် ကြီး ကိုတလလောက် ဂုဏ်မပြုပဲ မီးလေးမှန်မှန် လွှတ်ပေးရင် သိတ်ကောင်းမှာ...
ReplyDeleteသူခမြာဂုဏ်ပြုခံရလွန်းလို ရှက်နေတော့မယ်
ReplyDeleteကောင်းပါလေ့....ကောင်းပါလေ့...ကောင်းပါလေ့.... BSN ကြီးရယ်....သွပ်...သွပ်...သွပ်...
ReplyDeleteဟားဟားဟား သွပ်...သွပ်...သွပ်
ReplyDeleteပေါကြေင်ကြေင်နဲ
ReplyDelete