Thursday, February 24, 2011

သေဌေးကြီး-ဦးတေဇ လောကီဈာန် ရသွားပြီ

ရေခဲတောင်တွင် ပိတ်မိနေသော တိုက်ကုန်း သေဌေးကြီး ဦးတေဇ ယမန်နေ့က လောကီဈာန် ရသွားသည်။

မူလက ကချင်ပြည်နယ် ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်သို့ အရေးပေါ် ဆင်းသက်ခဲ့ပြီး၊ ရေခဲပြင်ထဲ ရဟတ်ယာဉ် ကျွံကျသဖြင့် မပျံတက်နိုင်ဘဲ ဦးတေဇတို့ လူတသိုက် ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်၌ သောင်တင်နေခဲ့သည်။

(Photo & News: Click Here)

ထိုအတောအတွင်း တိုက်ကုန်းကြီး ဦးတေဇသည် အေးခဲလှသည့် တောင်ပေါ်၌ ရေခဲပြင် အတွင်းအား ကျင့်စဉ်ကို ပေါက်မြောက် အောင်မြင်သွားသည်။ ထို့ကြောင့် သိဒ္ဓိအောင် ဦးတေဇ ဖြစ်သွားကာ ကောင်းကင်ပေါ် ပျံတက်နိုင်ခဲ့ကြောင်း သိရသည်။

ယခုအခါ ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်တွင် ဦးတေဇ မရှိတော့ပေ။ ချင်းပြည်နယ်ရှိ ရေခဲနေသော မဒွယ်တောင်ပေါ်သို့ လောကီဈာန်ဖြင့် ပျံသန်းသွားပြီဟု ဆိုသည်။

(Photos & News: Click Here)

သိဒ္ဓိအောင် ဦးတေဇအနေဖြင့် ထူးရေခဲစက်ရုံနှင့် ရေခဲခြစ်ဆိုင်များတွင် အသုံးပြုရန်အတွက် အဆင့်မြင့် ရေခဲအမျိုးအစားများကို ရေခဲတောင်ပေါင်းများစွာသို့ သွားရောက် ကုန်ကြမ်းရှာဖွေနေခြင်း ဖြစ်သည်ဟု BSN သို့ ပေးပို့သော Boxer ၏ သတင်းတပုဒ်တွင် ရေးသားထားသည်။

ဦးတေဇသည် ယခုအခါ ကောင်းကင်သို့ ပျံတက်ကာ၊ ဝေဟင်တွင် ပျံသန်းနိုင်ပြီ ဖြစ်သဖြင့် ကယ်ဆယ်ရေး ရဟတ်ယာဉ်များ လုံးဝ မလိုအပ်တော့ကြောင်း သိရသည်။ သို့ဖြစ်၍ ထိုင်းနိုင်ငံမှ မှာယူထားသည့် ရဟတ်ယာဉ်ကို ပြန်ပို့လိုက်ပြီဟု သိရပြီး၊ ချင်းတောင်မှ ရေခဲလေ့လာရေး အပြီးတွင် တိုက်ကုန်းကြီး ဦးတေဇ ဈာန်ဖြင့် အိမ်ပြန်လာတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

3 comments:

  1. ဧရာဝတီဘလော့တွင် ကချင်ပြည်နယ် မဒွယ်တောင်လို့ ပြန်ပြင်ထားတာ ...
    တွေ့ရပါကြောင်း... သာဓု သာဓု.. သာဓု.......။

    ReplyDelete
  2. ဧရာဝတီက သတင်းဒေါက်တွေကို ပထဝီပြန်သင်ခိုင်းရမယ် .. သွပ်သွပ်သွပ်

    ReplyDelete
  3. ဧရာဝတီက ကောင်တွေက ကိုဖားနဲ့အမေတောက်တဲ့ကမွေးတဲ့ကောင်တွေ...တေဇကိုအဖေမှတ်နေတယ် သတင်းရေးတာနဲ့မတူဘူး သူ့အဖေနေထိုင်မကောင်းဖြစ်မှာ မီးဖိုမရမှာပူနေပုံရတယ်

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။