Tuesday, February 1, 2011

လွှတ်တော် အစည်းအဝေး အောင်မြင်စွာ ပြီးဆုံး

လွှတ်တော် အစည်းအဝေးများကို ဇန်န၀ါရီလ ၃၁ ရက်၊ နံနက် ၈ နာရီ ၅၅ မိနစ်တွင် စတင်ကျင်းပပြီး၊ နံနက် ၈ နာရီခန့် တွင် အောင်မြင်စွာ ပြီးဆုံး သွားကြောင်း သတင်းရရှိသည်။

လွှတ်တော် အစည်းအဝေး မကျင်းပမီကပင် အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် လွှတ်တော် အမတ်မင်းများကိုလည်း နေရပ်သို့ ပြန်ကြရန် Airport Limousine ကားကြီးများဖြင့် နေပြည်တော် လေဆိပ်သို့ ပြန်လည် ပို့ဆောင် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။


(From: Irrawaddy)

"ခုလို စောစော ပြန်ရတာပဲ ကောင်းပါတယ်ဗျာ၊ နေပြည်တော် ရောက်ကတည်းက တရက်မှ ရေမချိုးရသေးဘူး။ တကိုယ်လုံးလဲ နံစော်နေပြီ(ဒီမှာကြည့်ပါ)ဆိုတော့၊ စောစော အိမ်ပြန်တာပဲ ကောင်းပါတယ်။ လွှတ်တော်ထဲ ဆက်နေရင်လဲ အခန့်မသင့်ရင် တူနဲ့ အထုခံနေရဦးမယ်။ ဒီတော့ အိမ်ပြန်တာပဲ ကောင်းပါတယ်" ဟု ရေမချိုးရသေးသည့် တိုင်းရင်းသား လွှတ်တော် အမတ်တဦးက စိတ်ပျက်စွာဖြင့် ပြောဆိုသွားခဲ့သည်။

လွှတ်တော် အစည်းအဝေး ပြီးဆုံး၍၊ လေဆိပ်သို့ အပြန်လမ်းတွင် အောင်ဖျာလိပ်ကာ "ဘိုင့် ဘိုင်" ဟု လက်ပြနှုတ်ဆက်နေသည့် NDF အမတ်ကြီး ဦးသိန်းညွန့်ကို တွေ့ရစဉ်  (From: Irrawaddy)

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။