Thursday, February 3, 2011

မြန်မာနိုင်ငံသည် တရုတ်ပြည်၏ ခွဲခြားမရသော အစိတ်အပိုင်းဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်ပြောဆို

လာမည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံသည် တရုတ်ပြည်၏ ကိုလိုနီနယ်မြေ တခု ဖြစ်လာတော့မည်ဟု အိန္ဒိယအစိုးရ ထိပ်တန်း ခေါင်းဆောင်များက ပြောလိုက်သည်။ မြန်မာ စစ်ခေါင်းဆောင်များသည် တရုတ်ပြည်၏ လက်အောက်ခံတိုင်းပြည် ဖြစ်အောင် လုပ်ဆောင်နေကြသည်ဟု အိန္ဒိယ နိုင်ငံက ဆိုသည်။


Reference: Click Here

ထိုအချက်ကို တရုတ်ဝန်ကြီးချုပ် ၀ံကျားပေါင်က ယနေ့ကျရောက်သော တရုတ် နှစ်သစ်ကူးနေ့တွင် ငြင်းဆိုလိုက်သည်။ ၀ံကျားပေါင်က မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်ကပင် တရုတ်ပြည်၏ ခွဲခြားမရနိုင်သော အစိတ်အပိုင်း ဖြစ်ပြီး၊ ရာစုနှစ်များစွာကပင် မြန်မာပြည်ကို တရုတ်တို့က ပိုင်ဆိုင်သည် ဟု ဆိုသည်။

ယခုမှသာ မြန်မာ စစ်ခေါင်းဆောင်များက တရုတ်ပြည်၏ ကိုလိုနီဖြစ်အောင် ဖန်တီးနေကြခြင်း မဟုတ်ဟု
ဝံကျားပေါင်က အခိုင်အမာ ပြောလိုက်သည်။ သူ၏ အမည်သည်ပင် မြန်မာအမည်ဖြစ်ကြောင်း၊ အမည်ရင်းမှာ ၀ံ-ကျား-ပေါင်း ဖြစ်ကြောင်း၊ ၀က်ဝံ​ ဖခင်နှင့် မိခင်ကျားမ တို့ ပေါင်းစပ် ရာမှ မွေးဖွားလာခြင်း ဖြစ်ကြောင်း သူကဆိုသည်။ ဤအချက်ကပင် မြန်မာနှင့် တရုတ်တို့ ခွဲခြား၍ မရနိုင်ခြင်းကို ပြသရာ ရောက်ကြောင်း သူက ထပ်လောင်း ပြောကြားသွားသည်။ တရုတ်သမ္မတ ဟူ-ခြင်းတောင်း ကလည်း ထိုအချက် မှန်ကန်ကြောင်း အပြည့်အ၀ ထောက်ခံသွားခဲ့သည်။

မြန်မာနိုင်ငံကို ရှေးအခါကပင် တရုတ်တို့က ပိုင်ဆိုင်ကြောင်း ၀ံကျားပေါင်နှင့် ဟူ-ခြင်းတောင်း တို့က အောက်ပါ ရှေးဟောင်း တရုတ်မြေပုံများဖြင့် သက်သေ ပြသွားသည်။ ထို့ကြောင့် မြန်မာပြည်ကို ယခု လက်ရှိတွင် လည်းကောင်း၊ အနာဂတ် တွင်လည်းကောင်း၊ တရုတ်က ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အိန္ဒိယအနေဖြင့် ဘာမှ ပြောရန် မလိုကြောင်း ၄င်းက ဆိုသည်။

AD 1271 မှ 1368 အထိ အထက်မြန်မာပြည်ကို တရုတ်က ပိုင်ပါသတဲ့
Reference: Click Here


Burma under China's Yuan Dynasty
Reference: Click Here

AD 1368 မှ 1644 အထိ သံလွင်မြစ် အရှေ့ဘက် မြန်မာ့မြေကို တရုတ်က ပိုင်ပါသတဲ့
Reference: Click Here 

AD 1644 မှ 1912 အထိ ရှမ်းပြည်ကို တရုတ်က ပိုင်ပါသတဲ့
Reference: Click Here

Reference: Click Here

မြေပုံ- ရေးဆွဲနေတုန်း၊ လက်ရှိတွင်လည်း မြန်မာပြည်ကို တရုတ်က ပိုင်ဆိုင်သည်၊
အနာဂတ်တွင်လည်း ပိုင်ဆိုင်မည်
ပုံ- ဟူ-ခြင်းတောင်း နှင့် ၀ံကျားပေါင်

မြန်မာ မင်းတြားကြီးကမူ တရုတ်ဝန်ကြီးချုပ်နှင့် သမ္မတ တို့၏ ပြောကြားချက်များ လုံးဝ မှားယွင်းသည်ဟု ဆိုသည်။ မြန်မာပြည် တပါးကျွန်မဖြစ်စေရေး အတွက် အမိမြန်မာပြည်ကို ကာကွယ် နေခြင်း ဖြစ်ကြောင်း၊ မြန်မာပြည်ကို မည်သည့်အခါကမှ တရုတ်ပြည်က မပိုင်ဆိုင်ခဲ့ကြောင်း၊ ပုဂံပြည့်ရှင် အနော်ရထာမင်းစောသည် တရုတ် ဥတည်ဘွားကို တိုက်ခိုက် အောင်နိုင်ခဲ့ကြောင်း၊ ဘိုးတော်ဘုရားအား တရုတ်ဧကရာဇ်က သမီးကညာ ၃ ဦး ဆက်သကာ လက်အောက်ခံ အဖြစ် ခစားခဲ့ကြောင်း၊ ထိုအချက်များကို ကြည့်လျှင် ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်အထိ တရုတ်ပြည်ကို မြန်မာမင်းများ ပိုင်ဆိုင်ခဲ့သည်ကို အထောက်အထား ခိုင်မာစွာ တွေ့ရမည် ဖြစ်ကြောင်း၊ ၀ံတို့ ကျားတို့သည် လည်းကောင်း၊ ခြင်းတောင်း တို့သည် လည်းကောင်း၊ သမိုင်းဖြစ်ရပ်မှန်များကို မှန်ကန်စွာ သိရန် ခဲယဉ်းကြောင်း တုန့်ပြန် ပြောဆိုသွားသည်။

13 comments:

  1. excellent research. Keep it up.

    ReplyDelete
  2. stupid, urs is just so wrong! China is way more powerful than Myanmar in every generations!

    ReplyDelete
  3. ၈၈ နောက်ပိုင်း မြန်မာပြည်ဟာ တရုတ်ကိုလိုနီလို ဖြစ်နေပီပဲလေ...
    ဒီတော့ တရုတ်ပြည်ကြီးကလဲ မြန်မာပြည်ကို ပဝေသဏီ ကတည်းက သူပိုင်တယ်လို့ အထောက်အထား တွေပြပြီး ပြောတော့ပေမပေါ့။
    နအဖက ကျွန်သွားခံတာကိုး။

    ReplyDelete
  4. Singapore က Asian Civilizations Museum ထဲမှာ ပြသထားတဲ့ တရုတ်ပြည် မြေပုံတခုက အရမ်းကြောက်စရာ ကောင်းပါတယ်။
    ယွင်မင်းဆက်၊ မင်မင်းဆက်၊ ချင်မင်းဆက် မြေပုံ တွေသာ မကပါဘူး။
    ချန်ကေချိတ်ရဲ့ တရုတ်သမတ နိုင်ငံထဲမှာပါ မြန်မာပြည်ကို ထည့်သွင်းထားတာ တွေ့တယ်။ ဒီထက်ပိုပြီး အံ့သြစရာ ကောင်းတာက
    တရုတ်ပြည်သူ့ သမတနိုင်ငံ (၁၉၄၉ မှ ယနေ့ထိ) မြေပုံထဲမှာ ကိုးကန့်နဲ့ ၀ ဒေသကို တရုတ်ပြည် နယ်နမိတ်ထဲ ထည့်သွင်းရေးဆွဲထားတာ တွေ့ရပါတယ်။
    ဒါတွေကို ကြည့်ခြင်းဖြင့် မြန်မာပြည်ကို တရုတ်တွေအနေနဲ့ ပိုင်ဆိုင်တယ်လို့ သတ်မှတ်ထားပြီး ဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။
    နအဖ အစိုးရကသာ ကိုယ့်နိုင်ငံ ကျွန်ဖြစ်လို့ ဖြစ်နေမှန်းမသိ.. နွားကျနေတာပါ။

    ReplyDelete
  5. thanks! this post not only distributes knowledge but also gives warning to Myanmar people to understand the current situation of Myanmar.

    ReplyDelete
  6. အော် အကိုကြီးတို့ မသိကြသေးဘူးလား...နအဖ ဆိုတာနွားကြီးများအဖွဲ့ လို့ ပြောထားပြီးသားပဲဗျာ......

    ReplyDelete
  7. စစ်အစိုးရက မြန်မာနိုင်ငံကို ရောင်းနေတာများလား...သူတို့မိသားစုတွေအတွက်လေ

    ReplyDelete
  8. သို့ ... ((stupid, urs is just so wrong! China is way more powerful than Myanmar in every generations!))
    BBC, DVB, Irrawaddy စတဲ့ ပြည်ပ သတင်းဌာနတွေနဲ့ ပြည်တွင်း မီဒီယာပေါင်းစုံရဲ့ အမှားတွေကို ထောက်ပြနေတဲ့ BSN အနေနဲ့၊ ဒီလောက်တော့ မသိဘဲ နေမလား ငတုံးရ။ တမင် ရွဲ့ပြီး ရေးထားတာ နေမှာပေါ့။

    ReplyDelete
  9. it was mongo empire..Even china is in mongo colony at that time.. pls dun post stupid things, just make a joke is OK. dun kid around HISTORY.

    ReplyDelete
  10. သန်းထွန်းFebruary 6, 2011 at 3:11 AM

    ၁။ ပုဂံကျောက်စာတွေထဲမှာ တရုတ်လို့ ဖော်ပြခံရသူတွေဟာ မွန်ဂိုတွေ ဖြစ်တယ်။ "တရုတ်လာသည် ရိုင်ရိုင်လော.. ရိုင်ရိုင်၊ မြှားမိုးရွာသည် ဖြိုင်ဖြိုင်လော.. ဖြိုင်ဖြိုင်" ဆိုတာ မွန်ဂိုစစ်သည်တွေကို ပြောတာပါ။ နောက်ပိုင်းမှသာ Han, Zhuang, Manchu တွေကို တရုတ်တွေလို့ ခေါ်ဝေါ်လာတာ ဖြစ်တယ်။ ဒီတော့ ပထမ မြေပုံကို တရုတ်မြေပုံလို့ ပြောတာဟာ ကျောက်စာအရ ပြောရရင် မွန်ဂိုကို ရည်ညွန်းတာပဲ ဖြစ်တယ်။ ကျောက်စာ အထောက်အထားအရ တရုတ်လို့ ရေးခွင့်ရှိတယ်။

    ၂။ ကူဗလိုင်ခန်က သူ့ကိုသူ တရုတ်ဧကရာဇ် (Emperor of China) လို့ ခံယူတယ်လို့ တရုတ် သမိုင်းပညာရှင်တွေက ဆိုတယ်။ ဒီတော့ တရုတ်ဧကရာဇ်ဆိုသူရဲ့ ပိုင်ဆိုင်တယ် ဆိုတဲ့ alleged မြေပုံကို တရုတ် နိုင်ငံမြေပုံလို့ ပြောတာဟာ တရုတ် သမိုင်းပညာရှင်တွေရဲ့ ရေးသားချက် နဲ့ ထပ်တူပဲ ဖြစ်ပါတယ်။

    ၃။ ဒုတိယမြေပုံကို ကြည့်ရင်၊ အဲဒီ မြေပုံမှာ CHINA လို့ ရေးထားတယ်။ တရုတ်တွေကိုယ်တိုင်ရဲ့ ရေးသားချက်ဖြစ်တယ်။ ဒီတော့ CHINA ကို တရုတ်လို့ ရေးတာဟာ တရုတ် မြေပုံ ဆွဲသူတွေရဲ့ ရေးသားမှု မူရင်း အတိုင်းဖြစ်တာကို တွေ့ရတယ်။

    တကယ်တော့ ကူဗလိုင်ခန်က ပုဂံကို သိမ်းခဲ့တယ် ဆိုတာခဏလေးပါ၊ တိုက်ခိုက် ဖျက်ဆီးပြီး ပြန်သွားတာပဲ ဖြစ်တယ်။ ဘာအုပ်ချုပ်ရေးမှ ချမှတ်ခဲ့တာ မဟုတ်၊ မြေပုံဆွဲပြီး ကိုလိုနီ နယ်မြေအဖြစ် ဖော်ပြရလောက်အောင် ပိုင်ဆိုင်ခဲ့တာ မဟုတ်ပါ။ ဒီတော့ အဲဒီ အခြေအနေ ဖြစ်စဉ်တခု ဖြစ်ပျက်ခဲ့တာကို မြန်မာကို ကူဗလိုင်ခန်ရဲ့ အင်ပိုင်ယာထဲ နှစ်ပေါင်း တစ်ရာနီးပါး အလွန်အကျွံ ထည့်သွင်းထားခြင်းဟာ အများသူငါကို ယောင်ဝါးဝါး ဖြစ်စေတဲ့ stupid လုပ်ရပ် ဖြစ်သလို သမိုင်းကို လိမ်လည်တာပဲ ဖြစ်တယ်။

    အဆိုးဝါးဆုံး stupid လုပ်ရပ်တွေကတော့ ချန်ကေရှိတ်ရဲ့ တရုတ်သမ္မတ နိုင်ငံထဲမှာ မြန်မာပြည် တစိတ်တပိုင်းကို ထည့်ထားတာပါ။ ကူမင်တန်တွေ ရှမ်းပြည်မှာ အခြေချခဲ့၊ စစ်စခန်း တည်ခဲ့ရုံမျှနဲ့ အဲဒီနယ်မြေတွေကို တရုတ်ပြည်ထဲ ထည့်ဆွဲထားတယ်။ ပြီးတော့ လက်ရှိ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံထဲမှာ ကိုးကန့်နဲ့ ၀ ဒေသကို တရုတ်ပြည်ထဲ ထည့်ထားတယ်။ Singapore က Asian Civilization Museum ထဲ သွားကြည့်ပါ။ အဲဒီလို နိုင်ငံတကာ ပြတိုက်ကြီးထဲမှာ ဗီဒီယို ဆလိုက်နဲ့ ပြသ ထားမှုတွေကမှ တကယ့် stupid လုပ်ရပ်တွေ ဖြစ်တယ်။

    ဒီလို မြေပုံရေးဆွဲသူတွေသာလျှင် သမိုင်းကို ပေါက်တတ်ကရ လုပ်တဲ့ မဟာ့မဟာ stupid ကြီးများသာ ဖြစ်ကြပါတယ်။

    ဦးကုလားရာဇ၀င်ထဲမှာ အနော်ရထာက တရုတ်ဥတည်ဘွားကို အောင်နိုင်တယ်လို့ ချဲ့ကားရေးသားမှုကို အခြေခံပြီး မြန်မာပြည် မြေပုံထဲ တရုတ်နယ်မြေတွေ ထည့်ဆွဲရင် လူရီစရာ ဖြစ်မယ်။ ဟာသ ဖြစ်သွားမယ်။ ဘယ်သူမှ အဲသလို မြေပုံဆွဲမှာ မဟုတ်ဘူး။ ထို့အတူပါပဲ တရုတ်မြေပုံထဲ မြန်မာပြည် အစိတ်အပိုင်းတွေ ထည့်သွင်းထားတာဟာလဲ ကိုယ်လိုရာဆွဲတဲ့ stupid လုပ်ရပ်ပဲ ဖြစ်တယ်။

    Stupid မဟုတ်ရင် သမိုင်းဖြစ်ရပ်ကို စော်ကားခြင်း ဖြစ်သလို မြန်မာ့ အချုပ်အခြာကို ထိပါးခြင်းပဲ ဖြစ်မယ်။ (Stupid လုပ်ရပ်သာ မဟုတ်ခဲ့ဘူး ဆိုရင်) ဒီလို မြေပုံတွေကို နိုင်ထက်စီးနင်း ဆွဲရဲတယ် ဆိုတာဟာ နအဖရဲ့ တရုတ်ဆီမှာ ဖင်ခံမှုကြောင့် ဖြစ်ပေါ်လာရတဲ့ ရလာဒ်ပဲ ဖြစ်မယ်။ မြန်မာက ရှုံးပြီးသားပါ။ အခုတောင် စီးပွားရေး ကိုလိုနီ ဖြစ်နေပြီ။ အိန္ဒိယက ပြောတဲ့ နောက်ငါးနှစ်မှာ မြန်မာပြည် တရုတ် ကိုလိုနီဖြစ်မယ် ဆိုတာလဲ စဉ်းစားရမယ့် အချက် တခု ဖြစ်တယ်။ နောက်ဆို ဒီထက် ပိုပြီး ဖင်ခံရဖို့ပဲ ရှိတယ်။ ဒီအချက်ကို မြန်မာပြည်မှာ မွေးဖွား ကြီးပြင်းလာကြတဲ့၊ နိုင်ငံကို ချစ်တတ်တဲ့ လူမျိုးမရွေး၊ ဘာသာမရွေး သတိထားဖို့ လိုပါတယ်။

    ReplyDelete
  11. ((it was mongo empire..Even china is in mongo colony at that time.. pls dun post stupid things, just make a joke is OK. dun kid around HISTORY. ))
    အီလိုဆိုရင် ဒုတိယ မျီပုံမှာ ဗမာပျီအထက်ပိုင်းပါဝင်နေတဲ့ အီနီရောင်ခြယ်ထားတဲ့ နယ်မြေကို China လို့ နာမီ မီတပ်နဲ့လေ။ ပုံအီညွှန်းမှာ China လို့ မီရေးနဲ့လေ။ China ဆိုတာကို အီယင် ဖြုတ်လိုက်ပါအုံး။ အဲဒီ မြေပုံပါတဲ့ မြေပုံ series တွေမှာ Chinese Dynasty Maps လို့ တီရုတ်တွေကပဲ ရေးထားတာလေ။ China ဆိုတဲ့ title ထဲမှာ ဗမာပျီပါနေတော့ ဗမာပျီဟာ တရုတ်ပျီရဲ့ ခွဲခြားမီရတဲ့ အီစိတ်အပိုင်းတခုပဲလေ....... ဒါကြောင့် ၀မ်ကျားပေါင်က သို့ကလို ပြောတွားတာပေါ့ ဆာကီးရဲ့ :P

    ReplyDelete
  12. ((it was mongo empire..Even china is in mongo colony at that time.. pls dun post stupid things, just make a joke is OK. dun kid around HISTORY))
    ဒီလိုဆို၇င် ၁၆၄၄ ကနေ ၁၉၁၁ အထိ ကမ္ဘာပေါ်မှာ တရုပ်ပြည်ဆိုဒါ မရှိတော့ဘူးပေါ့ဟုတ်လား? အဲဒီကာလတွေအတွင်း တရုပ်ပြည်ကို ဟန်-တရုပ်တွေ အုပ်ချုပ်တာ မဟုတ်၊ မန်ချူးမင်းဆက် အုပ်ချုပ်ခဲ့တာလေ....... ဆိုတော့... မန်ချူးတွေ အုပ်စိုးတဲ့ ချင်မင်းဆက်-တရုပ်ပြည်ဆိုတာ တရုပ်ပြည် မဟုတ်ဘူးပေါ့။ ဟုတ်လား?
    ခင်ဗျားပြောတဲ့အတိုင်းဆို၇င် ၁၂၇၁-၁၃၆၈ အထိလဲ ကမ္ဘာပေါ်မှာ တရုပ်ပြည်ဆိုဒါ မရှိ၊ ၁၆၄၄-၁၉၁၁ အထိလဲ တရုပ်ပြည်ဆိုတာ မရှိ၊...... တော်တော် သနားစ၇ာ ကောင်းတဲ့ နိုင်ငံမဲ့ လူမျိုးတွေပါလား။

    ReplyDelete
  13. to "the Great Historical Expert" who wrote: ***it was mongo empire..Even china is in mongo colony at that time.. pls dun post stupid things, just make a joke is OK. dun kid around HISTORY***,

    It is figured out that all the maps represent the territories of "China" under the different "Chinese dynasties". The titles of the maps are labelled as "Chinese dynasty maps" or "China dynasty maps".
    All the maps under this link- http://www.artsmia.org/art-of-asia/history/ching-dynasty-map.cfm -represent "the territory of China" according to the concept of those people who made such kinds of maps. Those "China Maps" are totally different from "the Mongol Empire Map". See: http://www.artsmia.org/art-of-asia/history/mongol-empire-map.cfm

    Don't be stupid and messed up between "the China Maps" and "the Mongol Empire Map". Please study "history" cleverly and learn carefully how to spell "Mongol". It is not "mongo" as you typed. Even if you cannot spell "Mongol" correctly (the very basic thing), how could we believe that you know about "Mongol Empire" in historical concept?

    "china is in mongo colony"??? What do you mean? It happened in the past. Be careful! It should be "WAS". We would like to suggest you to study English first. After that, please study history cleverly in order to give historical comments.

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။