Friday, February 25, 2011

ဗိုလ်ချုပ်ကြီးတို့ အနောက်တိုင်းကို အထင်ကြီး

ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်းတွင် နယူးယောက်မီးလောင်မှုတခုကို စာဖွဲ့ ဖော်ပြထားခြင်းက မြန်မာဗိုလ်ချုပ်ကြီးများ အနောက်မျှော်ရောဂါထနေကြောင်း ပေါ်လွင်စေသည်ဟု အကဲခတ်များက သုံးသပ်ကြသည်။

(Myanma Alin)

“မီးလောင်တာများ မြန်မာပြည်မှာလည်း နေ့တိုင်းလိုလို ဖြစ်နေတာပဲ။ ခုတော့ သတင်းစာမှာ နယူးယောက်မီးကို ပုံနဲ့တကွ တင်ထားတာ တွေ့ရတယ်။ ဒါဟာ ဗိုလ်ချုပ်ကြီးတွေ အနောက်တိုင်းသတင်းတွေကိုပဲ ဦးစားပေးတယ်၊ အနောက်တိုင်းကိုမှ အဟုတ်ထင်တယ် ဆိုတာ သိသာနေတယ်ပေါ့နော်” ဟု ဖင်လန်နိုင်ငံ Shet Sa Ya Gyi တက္ကသိုလ်၊ နိုင်ငံတကာ လေ့လာရေးဌာန၏ လက်ထောက်ဌာနမှူး ဒေါက်တာ ပေါ်တင်က ပြောသည်။

“အနောက်တိုင်းသားတွေ ပေါက်တဲ့ အီးက ရှူလို့  ပိုကောင်းတယ်ဆိုတဲ့ သဘောပေါ့” ဟု သူက ဂုဏ်ယူစွာဖြင့် ဖြည့်စွက် ပြောကြားသည်။

တခြားသော မြန်မာ့အရေး လေ့လာသူများကလည်း ထိုသို့ ယူဆကြသည်။ သို့သော်လည်း ၎င်းတို့က BSN အတွက် ရေးမည့် သတင်းဖြစ်သောကြောင့် သုံးသပ်ချက် တရားဝင် ပေးရန် ငြင်းဆန်ကြသည်။

နယူးယောက်မီးသတင်း ဖော်ပြမှုနှင့် ပတ်သက်ပြီး အကောင်းမြင်သူတဦး ရှိသည်။ ထိုသူမှ ငရဲကြီး ၈ ထပ်၊ လေးလွှာ တွင် ရောက်နေသူ ဗိုလ်ချုပ်ကြီးစိုးဝင်း ဖြစ်သည်။

“ဟေ့ကောင် - နယူးယောက်မှာလည်း မြန်မာပြည်သားတွေ အများကြီးနေတယ်ကွ။ ဒါကြောင့် အဲဒီမှာဖြစ်တာတွေကို ငါတို့သတင်းစာက ထည့်ပေးနေရတာပေါ့ကွ။ ငါတို့သတင်းစာကို အဆိုးမမြင်နဲ့ကွ” ဟု ငရဲခန်း အားလပ်ချိန်အတွင်း ပေးပို့သည့် အီးမေးတွင် ဖော်ပြထားသည်။


နယူးယောက်မီးလောင်သည့်နေ့က အင်းစိန်တွင် အိမ်ငါးလုံး ပြာကျခဲ့သော်လည်း မြန်မာ့အလင်းက ရေငုံနှုတ်ပိတ် နေခဲ့သည်။ ပြည်ပအခြေစိုက် မြန်မာသတင်းဌာန တခုတွင်မူ ထိုသတင်း ဖော်ပြသည်။


ဗိုလ်ချုပ်ကြီးတို့က အင်းစိန်မီးသတင်းကို စာမျက်နှာထက်သို့ မပို့ရခြင်းမှာ ပြည်တွင်းဖြစ်ကို အထင်မကြီးကြောင်း၊ အနောက်တိုင်းသတင်းကိုမှ အထင်ကြီးကြောင်း၊ အနောက်မျှော်ရောဂါ မည်မျှ ရင့်နေကြောင်း ပြသသည့် သက်သေတခုဖြစ်သည်ဟု ဒေါက်တာပေါ်တင်က သုံးသပ်ပြသည်။

©ဇာနည်ဝင်း

4 comments:

  1. တိုက်ပွဲသတင်း အကျအဆုံး သတင်းတွေလည်း အမေရိကန် တို့  ဆီက သတင်းတွေပဲ ထဲ့တယ် ဆိုတာလည်း ရေးလေကွာ။ အဲဒါ အနောက်မျှော်ေ၇ာဂါ အကြီးစား ဟုတ်ဖူး လား။

    KIA က ဆော်လိုက်လို့  တပ်၇င်းမှူး တစ်ယောက် ဂိန်သွားတယ်
    DKBA နဲ့  ချနေတာ ဘယ်ဘက်က ဘယ်နှစ်ယောက် သေတယ် ဆိုတာတွေ ကတော့ ပြည်တွင်းဖြစ် မို့  အထင်မကြီး တာပေါ့ ကွာ။

    ဟဟဟ။

    ReplyDelete
  2. သတင်း flow က e-mail မှာ ဓါတ်ပုံ attachment တင်မရလို့ တခါ ပို့ပြန်တော့.. အင်တာနက်က တချိန်လုံးပြုတ်ကျနေလို့..

    ဖုန်းဆက်တော့လည်း လိုင်းကမမိ..

    ဘတ်စကားစီး ပြန်တော့.. ရုံးဆင်းချိန် ကားကကြပ်.. တက်မရ..

    ဆိုတော့ကာာ.. ဆိုတော့ကာာ သတင်းစာတိုက် ကို ဖေါင်ပိတ်ချိန်မီ မရောက်လာတာဘာာာာာာ။ အထင် မလွဲဘာာာ နဲ့ ဂျာာာာ..။ :P

    ReplyDelete
  3. အနောက်မျှော်တာလဲ မျှော်တာပေါ့ ကျုပ်တို့က အဆင့်လဲမြင့်မှကြိုက်တာ။ နယူးရောက်တိုက်က လှေခါးတွေမှ အားကြီး အမြင့်ကြီး။ ဒီကမီး က နှစ်ထပ်တိုက်လေး ၄-၅ လုံးလေ။

    ReplyDelete
  4. BSN ကေ၇းလိုက်လို့ လား မသိဘူး --- ဒီကနေ့  ထုတ် ဝေ တဲ့ မြန်မာ့အလင်း မှာ အင်းစိန် မီးလောင်တဲ့ သတင်း ပါတယ် --- ပုံနဲ့  ဖော်ပြပါတယ် --- အနောက်မျှောင် စစ်ဗိုလ်တွေ ဆိုပြီးေ၇းလိုက်တော့ ဆတ်ဆတ် ခါ နာ သွားပုံ ၇ပါတယ်---

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။