နေပြည်တော်သည် အလွန်ကြီးမားသော မြို့တော်ကြီး ဖြစ်သဖြင့် အမတ်များကို ဒေါက်တာ-ဒေါက်တာ ခင်ရွှေက စင်းလုံးငှား လေယာဉ်နှစ်စီးဖြင့် အမတ်များကို ပင့်ဆောင်ခဲ့ရကြောင်း သတင်းဌာနတခုက ရေးသားသည်။ အမတ်များ၏ အဆောင်မှ ဧည့်ခံပွဲပြုလုပ်သည့် Mount Pleasant ဟိုတယ်သို့ လေယာဉ်ဖြင့် မိနစ် ၃ဝ ခန့် သွားရပြီး၊ “အဲယားဘတ်စ်” နှစ်စီးဖြင့် ကြိုပို့ပေးကြောင်း ကိုယ်တိုင် တက်ရောက်ခဲ့သူ အမတ်တဦးက ပြောသည်။ အဆိုပါ “အဲယားဘတ်စ်” (Airbus) လေယာဉ် နှစ်စီးမှာ ရန်ကုန်လေဆိပ်တွင် နှစ်ပေါင်းများစွာ မပျံသန်းဘဲ ရပ်နားထားသည့် လေယာဉ်များ ဖြစ်ဖွယ်ရှိကြောင်း၊ “အဲယားဘတ်စ်” လေယာဉ်များကို ဒန်အိုးဆိုင်သို့ မရောင်းချမီ နေပြည်တော် အမတ်များကို အကြိုအပို့ လုပ်ကာ၊ အခြေအနေ ကောင်းမကောင်း စမ်းသပ် ပျံသန်းကြည့်ခြင်း ဖြစ်နိုင်ကြောင်း မြန်မာ့ အရေး လေ့လာသူများက ဆိုသည်။

အဆိုပါ ဧည့်ခံပွဲနှင့် ပတ်သက်၍ ပွဲတက်ခဲ့သူ အမတ်တဦးက “ကြွားတဲ့ ပုံစံမျိုးပါပဲ။ စည်းရုံးတာပေါ့ဗျာ။ သူလိုချင်တာ တခုရှိလို့ ရေလောင်းနေတာ။ အဲဒီလိုမြင်တာပဲ” ဟု သူ၏ အမြင်ကို ပြောပြသည်။ သို့သော် လွှတ်တော် အတွင်း ၀က်သား၊ ဆိတ်သားစားပြီး လက်ဖက်ရည် သောက်ရသည်ကို ငြီးငွေ့လာကြပြီ ဖြစ်သော အမတ်ကြီး ၆၀ ကျော်တို့မှာ ဒေါက်တာ-ဒေါက်တာ ခင်ရွှေ တည်ခင်းသည့် “အကောင်းစား” ဝီစကီ၊ ဘီယာနှင့် ဝိုင် တို့အား ငြင်းပယ်ခြင်းမရှိဘဲ နှစ်ခြိုက် မြိန်ရှက်စွာ စားသောက် သုံးဆောင်တော်မူ ကြကြောင်း၊ ဆံဖြူ သွားကျိုး အမတ် အဖိုးအိုကြီးများမှာ ချစ်သူများနေ့ အထိမ်းအမှတ် စားသောက် ပွဲသဘင် အတွင်း ပျော်ရွှင် မြူးထူးစွာ ကာရာအိုကေ ဆိုတော်မူကြကြောင်း မျက်မြင်တဦးက ပြောသည်။
လွှတ်တော် တက်ရသည်ကို ငြီးငွေ့ စိတ်ပျက်နေကြသော အမတ်အချို့ ဆေးခွင့်တင်ကာ ဆေးရုံတွင် အနားယူမှုများ ဖြစ်ပေါ်လျက် ရှိသဖြင့်၊ အမတ်ကြီးများ စိတ်ထွက်ပေါက် ဖြစ်စေရန်နှင့် ဆေးရုံ တက်ခြင်းများ ထပ်မံ မဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး စားသောက် ပွဲသဘင်ကြီးကို ဒေါက်တာ-ဒေါက်တာ ခင်ရွှေအား တည်ခင်း ဧည့်ခံစေခြင်း ဖြစ်နိုင်သည်ဟု မြန်မာ့ နိုင်ငံရေး အကဲခတ်များက သုံးသပ်သည် (ဆေးရုံတက် သတင်းဖတ်ရန်)။ ထိုသို့သော ၀ီစကီ ပွဲသဘင်များကို မကြာခဏ ဆက်လက် ကျင်းပဦးမည် ဖြစ်ကြောင်းကိုလည်း ဒေါက်တာ-ဒေါက်တာ ခင်ရွှေကပြောပြသည်။
ဇေကမ္ဘာပိုင်ရှင် ဒေါက်တာ-ဒေါက်တာ ခင်ရွှေမှာ နိုင်ငံခြား ကျောင်းအတု တခုမှ ပေးအပ်သည့် ဒေါက်တာဘွဲ့ အတု တခုကို ၀ယ်ယူရရှိခဲ့သည်။ အဆိုပါ ဘွဲ့မှာ အတုမှန်း အများသူငါ သိရှိသွား သောအခါ ရန်ကုန်တက္ကသိုလ်မှ နောက်ထပ် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ တခုကို အရှက်ပြေစိမ့်သောငှာ ပေးအပ်ခြင်း ခံခဲ့ရသဖြင့် ဒေါက်တာဘွဲ့ နှစ်ခု ရရှိခဲ့သူ ဖြစ်သည်။ ထို့ကြောင့် "ဒေါက်တာ-ဒေါက်တာ ခင်ရွှေ" ဟု အမည်တွင်သည်။
သတင်း အပြည့်အစုံသို့။
ဒီလိုငပေါမျိုးတွေ စီးပွားရေးဘီလူး လူလိမ်လူကောက်တွေက အဟိ ပါတာဖတ် လွှတ်တော်ကြီးမှာ နေရာရနေတာ အလွန်မတန်မှ စိတ်ပျက်စရာ ကောင်းသဗျာ....စောက်ပေါတွေနဲ့  စောက်ရူးတွေချည်းပဲ။
ReplyDelete၀ီစကီသောက်တဲ့ အမတ်မင်းပြောလိုက်တာက တလွဲ..
ReplyDeleteအဲယားကွန်းဘတ်စ် (ဘတ်စ်ကား)နဲ့ အဲယားဘတ်စ် (လေယာဉ်) မှားရတယ်လို့... ဧကန္တ ကိုခင်ရွှေတိုက်တဲ့ ၀ီစကီမူးနေလို့နဲ့ တူတယ်