Wednesday, February 2, 2011

လွှတ်တော်အမတ်များ ဆိတ်သား၊ ၀က်သား စားလျက်ရှိ

နေပြည်တော်တွင် ကျင်းပခဲ့၊ ကျင်းပပြီး၊ ကျင်းပဆဲ၊ ကျင်းပလတ္တံ့သော လွှတ်တော်အတွင်း တွင် အမတ်ကြီးများ အားလုံး ဆိတ်သား၊ ၀က်သား စားလျက်ရှိပြီး၊ လက်ဖက်ရည် သောက်လျက်ရှိကြောင်း လွှတ်တော်အမတ်ကြီး ဒေါက်တာ-ဒေါက်တာ ခင်ရွှေက အားရ၀မ်းသာ ပြောလိုက်သည်။ "စားရ သောက်ရတာ တော်တော်လေး ကောင်းပါတယ်" ဟု DVB ရေဒီယိုနှင့် အင်တာဗျူးတွင် ပြောဆိုသွားကြောင်း ဧရာဝတီဘလော့ တွင် ရေးသားထားသည်။



ဇေကမ္ဘာပိုင်ရှင် ဒေါက်တာ-ဒေါက်တာ ခင်ရွှေမှာ နိုင်ငံခြား ကျောင်းအတု တခုမှ ပေးအပ်သည့် ဒေါက်တာဘွဲ့ အတု တခုကို ၀ယ်ယူရရှိခဲ့သည်။ အဆိုပါ ဘွဲ့မှာ အတုမှန်း အများသူငါ သိရှိသွား သောအခါ ရန်ကုန်တက္ကသိုလ်မှ နောက်ထပ် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ တခုကို အရှက်ပြေစိမ့်သောငှာ ပေးအပ်ခြင်း ခံခဲ့ရသဖြင့် ဒေါက်တာဘွဲ့ နှစ်ခု ရရှိခဲ့သူ ဖြစ်သည်။ ထို့ကြောင့် "ဒေါက်တာ-ဒေါက်တာ ခင်ရွှေ" ဟု အမည်တွင်သည်။

အမတ်ကြီးများသည် အမတ်ကြီးဝတ်ရုံတော်များကို ၀တ်ဆင်ကြပြီး
ဝက်သား ဆိတ်သား များကို ပလုပ်ပလောင်း စားကြသည်။
(Photo: yangontimes)

ဆိတ်သား ၀က်သား စားသည့် သတင်း ဖတ်ရှုရန်

6 comments:

  1. ကြားကောင်းအောင် ဆိတ်သားလို့ ပြောတာ ဝုတ် ဝုတ်သားကြီး

    ReplyDelete
  2. ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား ခင်ရွှေ ဘာဘာ ဘာမှမသိပါ။

    ReplyDelete
  3. ကိုခင်ရွှေ....ခင်ဗျားကြည့်ရတာ အ၀တ်တခြား လူတခြားပါလားဗျာ... ရသမျှအကုန်စားထားလို့ အဆီအစ်နေတဲ့ မျက်နှာကြီးနဲ့ ဆိုတော့ ဇာတ်ထဲက လူကြမ်းကြီးနဲ့ တူလိုက်တာဗျာ......ငှင်း....ငှင်း....ငှင်း......

    ReplyDelete
  4. လွှတ်တော်မှာ တိုင်းပြည်အတွက်တော့ မဆွေးနွေးဘူး စောက်စားစားတာပဲပြောနေတယ်။ ခင်ရွှေစောက်ရူး

    ReplyDelete
  5. သိပါတယ်ဗျာ...အဲဒါကတော့ ဘယ်သူ့ ကို ဘယ်လိုဖားရမယ်။ ဘွဲ့ အတု တွေကို ဘယ်လိုငွေနဲ့ ဝယ်ရမယ်ဆိုတာလေ...လူလိမ်တွေက အမတ်ဆိုတာတွေဖြစ်နေမှတော့....ကောင်းကြရော့ဗျား...ဟား...ဟား...ဟား..

    ReplyDelete
  6. Wooo!!!! Burma's Big Thieves are becoming President and Prime Minister. So our country will be under modern ငတက်ပြားများရဲ့ ruling. ထွီ.....

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။