Tuesday, February 1, 2011

အမတ်များကို တူဖြင့် ထုပြီး၊ ဗိုလ်မင်းများကို လှံဖြင့်ထိုးမည်ဟု လွှတ်တော်ဥက္ကဌ ကြိမ်းမောင်း ပြောဆို

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ပထမအကြိမ် လွှတ်တော်အစည်းအဝေးများကို နေပြည်တော်နှင့် ပြည်နယ်နှင့် တိုင်းများတွင် ဇန်န၀ါရီ ၃၁ ရက် နံနက် ၈ နာရီ ၅၅ မိနစ်က တစ်ပြိုင်တည်း စတင်ကျင်းပခဲ့ကြပြီး သက်ဆိုင်ရာ လွှတ်တော်အလိုက် ဥက္ကဋ္ဌနှင့် သက်တော်ရှည် အမတ်ကြီးများကို ရွေးချယ် တင်မြှောက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် သူရဘွဲ့တံဆိပ်နာမံတော်ရ မင်းသားကြီး ဦးရွှေ့မန်း (ဇာတ်မင်းသားကြီး ရွှေမန်း တင်မောင် နှင့် မရောထွေးရန် သတိပြုပါ)၊ သက်တော်ရှည် အမတ်ကြီးအဖြစ် ကြက်သရေဆောင် လူကြီးမင်း ဦးနန္ဒကျော်စွာ တို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ထို့နောက် မင်းသားကြီး ဦးရွှေမန်းက တက်ရောက်လာသော လွှတ်တော် အမတ်မင်းများနှင့် အစိမ်းရောင် ၀တ်စုံဝတ် ဗိုလ်မင်းများ၏ ပူဇော်ကန်တော့ခြင်း ကို ခံယူတော် မူပြီး၊ ငြိမ်သက်စွာ ထိုင်နေကြရန်နှင့် ပြောသမျှကို ခေါင်းညိတ်ကြရန် ညွှန်ကြားသည်။

အကယ်၍ ပြောသမျှကို ပုတ်သင်ညိုကဲ့သို့ ခေါင်းမညိတ်ပါက အမတ်မင်းများကို ၄င်း၏ ရှေ့မှောက်တွင် အဆင်သင့် ချထားသော တူဖြင့် ထုမည်ဟု ပြောဆို ကြိမ်းမောင်းသည်။

(Photo: Theyangontimes)

ထို့နောက် အစိမ်းရောင်ဝတ် ဗိုလ်မင်းများအား ဆက်လက် ပြောကြားရာတွင် လွှတ်တော် တက်ရောက်ကြသည့် ဗိုလ်မင်းများသည် သစ္စာရှိ ရဲမက်တော်များ ဖြစ်ရုံမက အမတ်ကြီးများလည်း မည်ပေကြောင်း၊ အမတ်စစ်သူကြီး ဟုလည်း ခေါ်ဆိုနိုင်ကြောင်း၊ အရေးကြုံပါက ပုဂံခေတ် စစ်သူကြီး ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို့ကဲ့သို့ သမီးကညာ ဆောင်ကြဉ်းခြင်း အလုပ်ကို ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ သို့သော် ကျန်စစ်သားကဲ့သို့ ပြုမူပါက ရှေ့တွင်ချထားသည့် အရိန္ဒမာလှံဖြင့် အထိုးခံရမည် ဖြစ်ကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်ဟု သတင်းရရှိသည်။

(Photo: VOA)

6 comments:

  1. ဟား....ဟား....ဟား..... တော်တော်ရီရတယ်။ ကြပ်ပြေးက ပါတာဖတ် အဟိ ကွိုင်ကွိုင် လွှတ်တော်ကြီးမှာ လမ်းဘေးက အာလူးကြော်ရောင်းတဲ့ ဈေးသည် အ၀တ်အစားတွေဝတ်ထားတာ ကြည့်လို့ တမျိုးလေးဘဲ...အဲ..အဲ..တစ်မျိုးကြီးဘဲနော်...ဘဲတွေ... ဟင်း...ဟင်း...ဟင်း....

    ReplyDelete
  2. တူနှင့်ထု အရိမ္ဒာလှံဖြင့် ထိုးရုံမျှမက ခွေးနှင့်ပါ ရှုးတိုက်မည် ဖြစ်ကြောင်း။

    ReplyDelete
  3. they dont look like a minister for a country , they look like a thief, robber and pirate .

    ReplyDelete
  4. ကိုယ့်ကိုယ်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဆိုပြီးခန့် ထားသူလမ်းဘေးမှာ ရက်ဆားရောင်းတဲ့လူဝတ်တဲ့ အ၀တ်အစားကြီးဝတ်ပြီး ပြောလိုက်တာ ကတော့ လွှတ်တော်အမည်ခံ အကျဉ်းထောင်ကြီးထဲမှာ ပြန်လှန်ဆွေး နွေးပြော ဆိုခြင်းမပြုရဘူးတဲ့..ဟား..ဟား..ဟား...ရီစရာချည်း ပါလား...ကိုယ်အချောက်ကြီးတို့ ရယ်......ဒါဆို ဘာလို့ များ မလွှတ်တော်ဆိုတာကြီးကိုခေါ်သေးသလဲ.....ညှင်း....ညှင်း....ညှင်း......သနားစရာ....

    ReplyDelete
  5. တိုင်းပြည်ကောင်းစားတော့မှာပဲ ဒီလွှတ်တော်အမတ်တွေရဲ့ခေါင်းတွေကောင်းချက်က ဝန်ဇင်းမင်းရာဇာတောင် လိုက်မမှီနိုင်ဘူး

    ReplyDelete
  6. ချီးဘရိန်းတွေ...လက်နက်အားကိုးပြီး ထင်ရာစိုင်းနေကြတာ.....

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။